ကြက်သွန်နီစိုက်ခင်းတွင် မည်သည့်အဟာရဓါတ်ကပိုပြီးအရေကြီးပါသလဲ
ဆာလ်ဖာဓာတ်များများလိုပါတယ်
အပင်များအားလုံးနည်းတူပါပဲ။ NPK ကတော့ အရေးကြီးဆုံးလိုအပ်ပါတယ်။ ဇင့်၊ မဂ္ဂနီဆီယမ်၊ ဆာလဖာ၊ ဘိုရွန်၊ ကောပါး၊ ကယ်လဆီယမ်တွေလည်း လိုအပ်ပါတယ်။ သူတို့က ချို့တဲ့ရင်လည်း အထွက်နှုန်းကျတာ၊ အရည်အသွေးကျတာတွေ ဖြစ်နိုင်ပါတယ်။ ဒီဓာတ်တွေက မြေကြီးထဲမှာ အများကြီး မလိုအပ်ဘဲ အပင်က စုပ်ယူနိုင်တဲ့ မြေချဉ်ငန်ရှိိဖို့က ပိုအရေးကြီးတာမို့ မြေချဉ်ငန်ဓာတ် ဂရုစိုက်ပြီး သစ်ဆွေးဓာတ် မြေကြီးထဲမှာ ရှိနေဖို့ ဓာတ်မြေသြဇာအပြင် သဘာဝမြေသြဇာကိုလည်း ပုံမှန်ထည့်ပေးပါ။ ကြက်သွန်နီအတွက် အသင့်တော်ဆုံး မြေချဉ်ငန်ဓာတ်က ၆.၀ ကနေ ၇.၀ ကြားမှာဖြစ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီ၃၅ရက်သားရှိပါပြီ အပင်မထလို့ဘာဆေးဖျန်းရင်ကောင်းမလဲ
ဖြေကြားချက် 0 ခု
စိုက်ပျိုးရေးဆရာသမားတို့ခဗျ ကြက်သွန်နီပါ မြေဆီကဘယ်ချိန်တွေမှာဘလိုကျွေးရမလဲခဗျ စာထဲမှာတော့မြေပြင်ချိန် အလက်၄လက်...
ဖြေကြားချက် 1 ခု
အပင်ကတော့ကောင်းတယ် ဥ ချအောင်ဘာလုပ်သင့်လဲ ပြောပြပေးကြပါ
ဖြေကြားချက် 2 ခု
ကြက်သွန် ဥကြီးဖို့အတွက် K တစ်မျိုးတည်း အချိုးအမြင့်ဆုံးနဲ့ သုံးတာ ဆင်ပြေလား ဒါမှမဟုတ် အချိုးအစုံပါတာ ဆင်ပြေလား...
ဖြေကြားချက် 1 ခု
ကြက်သွန်နီက ဥဖြစ်ထွန်းမှုအားနည်းရင် P နဲ့K အချိုးဖျန်းတာထိရောက်မှုရှိနိုင်လားခင်ဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။