အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,693
လွန်ခဲ့သော ၄ နှစ် က · ညောင်လေးပင်

လယ်ထဲစပါးခွံထည့်ရင်ဘယ်လောက်ကြာမှဆွေးလည်း မဆွေးခင်အပင်ကိုထိခိုက်လား

မြေဆီလွှာ ပဲတီစိမ်း စပါးခွံဖွဲပြာသဘာဝမြေသြဇာ

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 95,043 လွန်ခဲ့သော ၄ နှစ် က

စပါးခွံ မြေဆွေး ပြုလုပ်သုံးစွဲနည်းကို စိတ်ပါဝင်စားသူများဆောင်ရွက်လုပ်ကိုင်နိုင် ရေးသား ဖော်ပြအပ်ပါသည်။ ပြုလုပ်ဆောင်ရွက်နည်းများ · စွန့်ပစ်စပါးခွံများအား ယူရီးယား၊ ထုံး၊ ကြက်ချေး၊ သဘာမြေစေး တို့နှင့်အတူ ၁-၂ ရက်ခန့် ရေထဲတွင်စိမ်ထားပါ၊ · ထို့နောက် ပိုသောရေများအားထုတ်ပစ်ပြီး ပလပ်စတစ်အစပေါ်တွင် ပုံပါ။ · မြေဆွေးပြုလုပ် ထားစဉ်အတွင်း အစိုဓာတ်ကို ထိန်းထားနိုင်ရန် နောက်ပလပ်စတစ်စ တစ်ခုဖြင့် အုပ်ပေးပါ။ · မြေဆွေးပုံအား ရေလောင်းပေးပြီး တစ်လတစ်ကြိမ် အထက်အောက် လှန်ပေးပါ။ ၎င်းကို ၆ လအထိ ပြုလုပ်ပေးရမည်။ ဤသို့ဆောင်ရွက်ပေးခြင်းအားဖြင့် မြေဆွေးပုံအတွင်း ပါဝင်သော အရာဝတ္ထုပစ္စည်းများ ကောင်းစွာရောနှော သမသွားပြီး ဆွေးမြေ့မှုကိုလည်း မြန်စေပါသည်။

အတည်ပြုပြီး 95,043 လွန်ခဲ့သော ၄ နှစ် က

စပါးခွံကို မီးသွေးဖုတ်သလို မြေအုပ်လောင်ကျွမ်းစေခြင်းဖြင့် ရုပ်ဂုဏ်သတ္တိပြိုပျက်ဆဲ ဖွဲပြာကိုရရှိစေပြီးမှ ကြက်ချီး နွားချီး ဝက်ချီး သစ်ရွက်ဆွေးမြေတို့ဖြင့် ရောစပ်အသုံးပြုနိုင်ပါက လျှင်မြန်အသုံးပြုရနိုင်သလို အပင်၏ အမြစ်တိုးဝင်နိင်ခြင်းနှင့် အမြစ်သစ်ထွက်နိုင်ခြင်း ကို များစွာအထောက်ကူဖြစ်စေပါသည်။ ပြာနှင့် ရောထွေးသောကြောင့် ပိုမိုကောင်းမွန်သောအပင်အထောက်ပံ့ကိုလည်းရရှိစေပြီး ပျိုးအိပ်များ‌မြေထည့်ရန်အတွက် ဖွဲပြာနှင့် အုန်းဆန်မှုန့် နွားချီးမြေဆွေးတို့သည် ကောင်းမွန်သော အရာများဖြစ်သည်။ ဖြေဆိုသူ - ဆရာ ညီညီ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးခွံသဘာဝမြေသြဇာပြုလုပ်နည်းအချိုးအစားရောစပ်နည်းပါဝင်ပစ္စည်းအချိန်မည်မျှကြာလျှင်သုံး​စွဲနိုင်.ပါသလဲသိပါရစေ...

ဖြေကြားချက် 1 ခု

လယ်ထဲမှာစပါးခွံတွေဖြန့်ထားပါတယ်အ့ဲဒါဆွေးမြေ့ဖို့အချိန်ကြာတယ်ဆိုတော့အမြန်ဆွေးပြီးဖွဲ​​ပြာ ဖြစ်အောင်ဘယ်လိူလုပ်ရမ...

ဖြေကြားချက် 2 ခု

စပါးခွံဘိုကာရှီလုပ်ဖို့အတွက်လိုအပ်မဲ့ပစ္စည်းတွေနဲ့ပြုလုပ်နည်းလေးသိချင်ပါတယ်ခင်ဗျ

ဖြေကြားချက် 2 ခု

ဖွဲနုတွင်ပါ၀င်သော အပင်အတွက်အကျိုးပြုဓါတ်များကို သိလိုပါ၍‌ဖြေကြားပေးပါ ခင်ဗျာ။

ဖြေကြားချက် 2 ခု

စပါးခွံနဲ့ စက်ဖွဲပြာကိုအဓိကထားပြီး မြေဆွေးလုပ်နည်းလေးမျှဝေပေးပါအုံး ကျွဲချေးနွားချေးကရှားလို့ပါ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။