ဘာပိုးလဲဘာဆေးသုံးရမလဲဖြေပေးပါဆရာ
ရွက်ညိုပြောက်ရောဂါ ထင်တယ်ရှင့်။ ရောဂါလက္ခဏာတွေက ရောဂါကျ ပျိုးပင်ပေါ်တွင် သေးငယ်၍ အဝိုင်းပုံရှိပြီး ညိုဝါရောင်နှင့် အညိုရောင်ရှိသော အနာပြောက်များ ဖြစ်ပေါ်သည်။ အနာပြောက်သည် ပျိုးပင်ကို ရစ်ပတ်သွားကာ ပထမ အရွက်နှင့်ဒုတိယ အရွက်များကို တိုသွားစေသည်။ ပင်ပွားထွက်စ အချိန်တွင် ရောဂါပြောက်များကို အရွက်ပေါ်တွင် မြင်ရသည်။ အစတွင် သေးငယ်၍ အဝိုင်းပုံရှိသော အညိုရောင်၊ ခရမ်းညိုရောင် အပြောက်များအဖြစ် မြင်ရသည်။ ရင့်လာသော အပြောက်များသည် ပိုကြီးလာပြီး အဝိုင်းပုံ၊ ဘဲဥပုံများဖြစ်ကာ အပြောက် အလယ်တွင် အညိုဖျော့ရောင်၊ မီးခိုးရောင်တို့ ရှိပြီးဘေးအနားရစ်သည် မှိုမှ ထုတ်သော အဆိပ်ကြောင့် နီညိုရောင် ဖြစ်နေသည်။ အပြည့်အစုံကို စပါးရွက်ညိုပြောက်ရောဂါ ဒီဆောင်းပါးမှာဖတ်ကြည့်ပြီး ကာကွယ်နှိမ်နင်းနည်းတွေရော လေ့လာပါရှင့်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်လဲ ဖြေပေးပါ ဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
အရွက်တေအလိုဖြစ်ကုန်ဘာဖြစ်တာလဲ ဘာရောဂါလဲ ဆရာတို့
ဖြေကြားချက် 3 ခု
ရွက်ညိုပြောက်ရောဂါဆေး
ဖြေကြားချက် 4 ခု
စပါးရွက်ညှိပြောက်ရောဂါကို သဘာဝပိုးသတ်ဆေး ဘာသုံးရင်အဆင်ပြေမလဲခင်ဗျ။
ဖြေကြားချက် 2 ခု
စပါးရွက်ညိုပြောက်ရောဂါအတွက် အကောင်းဆုံးဆေးကိုညွှန်ပြပေးပါ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။