ဖြေကြားချက် ၄ ခု
အုန်းဆံမှုန်တစ်တင်းမှာ ၁၅ပတ်လည် ၂၀ ဂရမ်ကိုရေဖျော်ပြီး ရောမွှေပါ။ ရေကို အုန်းဆံမှုန့် နှံ့စပ်စိုစွတ်ရုံသာထည့်ပါ။ ၂၄နာရီ ကြာအောင်နှပ်ထားပါ။ ၂၄နာရြီပည့်ရင် နောက်ထပ် ၁၅ပတ်လည် ၁၀ ဂရမ်ကို ရေဖျော်ပြီး ထပ်ထည့်ပါ။ ၂၄နာရီ ထပ်နှပ်ထားပါ။ နှပ်ပြီးရင် သဲတစ်တင်း၊မြေသားတစ်တင်းနဲ့ရောမွှေကာနှပ်ထားပါ။ ၁၄ရက်မှ ၂၀ရက်ကြာရင် သုံးလို့ရပါပြီ။
cocopeetလုပ်နည်းသိချင်ပါတယ်
အီးအမ် (EM) ဘိုကာရှီမြေဆွေး ပြုလုပ်နည်း ( ၁/၄ဧကအတွက်) လိုအပ်သောပစ္စည်းများ စပါးခွံ။ -၂အိတ် နွားချေး- ၂ အိတ် ဖွဲနု - ၁ အိတ် အသင့်သုံး အီးအမ် ဖျော်ရည် - ၁ လီတာ တင်လဲရည်- ၁ လီတာ ရေ - ၄၀ % (အစိုဓါတ်) ပြုလုပ်ပုံ ၁။ မြေဆွေးပုံမည့်နေရာသည် နေရာကျယ်ပြီး ရေမဝပ်ရ၊ အရိပ်ကျသောနေရာဖြစ်ရမည်။ (၃ ကိုက်ပတ်လည်) တစ်ဧကအတွက် မြေဆွေး ၆၀၀ ပိဿာ လိုအပ်မည်။ ၂။ မြေဆွေး မပြုလုပ်မီမြေကြီးကို ရေဝအောင်လောင်းထားပါ။ ခြောက်ပါက မြေဆွေးမှ အစိုဓာတ်ကိုစုပ်သွားပြီးမအောင်မြင်တတ်ပါ။ ၃။ စပါးခွံကိုမြေပေါ်ဖြန့်ပါ။ နွားချေးနှင့်ဖွဲနကို ရောနယ်ပါ။ ၄။ အီးအမ်(EM)နှင့် တင်လဲရည်ရောပြီး အပုံပေါ်လောင်းပါ။ နှံ့စပ်အောင်မွှေပေးပါ။ ၅။ ရေကိုအစိုဓာတ် ၄ ဝ% ရအောင်ထည့်ပါ။ ၎င်းအရောကိုလက်ဖြင့် ဆုပ်ကြည့်ပါက လက်ကြားမှ ရေစီးကျသည်အထိ ရေမများရ၊ လက်ဖြန့်လိုက်လျှင် လုံးမကွဲရုံမျှ ရှိရန်သာ ရေထည့်ပါ။ ၆။ မြေဆွေးပုံကို ပလပ်စတစ်အမဲ သို့မဟုတ် တာပေါ်လင်ဖြင့် လေလုံအောင်ဖုံးပါ၊ အဏုဇီဝများသည် အလင်းရောင် မကြိုက်ပါ။ ပလပ်စတစ်သည် အာဟာရဓာတ်များ ဆုံးရှုံးမသွားစေရန် ကာကွယ်သည်။ ၇။ လေမဝင်အောင်ပလပ်စတစ် သို့မဟုတ် တာပေါ်လင်စအနားများကို သေချာစွာဖုံးပါ။ အဏုဇီဝများသည် လေမဲ့အချိန်တွင် ပိုပွားများသည်။ ၈။ ဘိုကာရှီမြေဆွေးပုံသည် အချဉ်ဖောက်စဉ် ပူလာပြီး အဖြူရောင်/မီးခိုးရောင်နှင့် ဘီယာအရက်အနံ့မျိုးထွက်လာမည်။ ၉။ ဘိုကာရှီမြေဆွေးသည် ၃ပတ်ပြည့်လျှင် အသုံးပြုရန် အဆင်သင့်ဖြစ်မည်။ ၁၀။ ဘိုကာရှီကိုချက်ခြင်း အသုံးမပြုသေးလျှင် ပလပ်စတစ်အိတ်တွင်ထည့်ကာအေး၍အရိပ်ရပြီး ခြောက်သွေ့ သော နေရာတွင်၆လအထိ ထားနိုင်သည်။ အချိန်ကာလ။ ။မြေဆွေးကို ၃ပတ်ကြာ ဆွေးစေပြီးနောက် စတင်အသုံးပြုနိုင်မည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နွားချေးကိုရေစိမ်ပြီး ရွက်ဖြန်းဆေးလုပ်လို့ရလား
ဖြေကြားချက် 1 ခု
နွားချေးဆွေး ပြုလုပ်နည်းပြောပြပေးပါ
ဖြေကြားချက် 1 ခု
နွားချေး၊ဝက်ချေးဖြင့် သဘာဝမြေသြဇာ လုပ်နည်းလေးသိပါရစေခင်ဗျ။
ဖြေကြားချက် 2 ခု
အရင်နှစ်တွေကထက် ဒီနှစ်ထဲမှာ မြေဆီစျေးတွေ ၂ဆကျော်မြင့်တက်နေတာ လယ်စိုက်တောင်သူတွေအတွက် အကြံညဏ်ကောင်းလေး ညွှန်ပြ...
ဖြေကြားချက် 2 ခု
ရှားစောင်းလက်ပက် စိမ်ရည်က ဆေးဖျန်းပုံး တစ်ပုံး မှာ ဘယ်လောက် စီစီ ထည့်ရပါသလဲ ဘယ်လောက် ြကာြကာ ထားရလဲ မည့်သည့် အ...
ဖြေကြားချက် 2 ခု