အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,859
လွန်ခဲ့သော ၅ နှစ် က · ပြင်ဦးလွင်

အမိုင်နိုအက်စ်ကအပင်အတွက်ဘယ်လိုအဓိကနေရာမှာ အကျိုးပြုပါသလဲခင်ဗျဘယ်လိုကောင်းကျိုးဆိုးကျိုးလေးတေရှိတယ် ဆိုတာစိုက်...

အမိုင်နိုအက်စ်ကအပင်အတွက်ဘယ်လိုအဓိကနေရာမှာ အကျိုးပြုပါသလဲခင်ဗျဘယ်လိုကောင်းကျိုးဆိုးကျိုးလေးတေရှိတယ် ဆိုတာစိုက်ပျိုးရေးပညာရှင်များကျေးဇူးပြုပီးရှင်းပြပေးပါခင်ဗျာ

အပင်အာဟာရ ခရမ်းချဉ် ငါးအမိုင်နိုအက်စစ်

ဖြေကြားချက် ၂ ခု

3,859 လွန်ခဲ့သော ၅ နှစ် က

အခုလိုဖြေကြားပေးအတွက်ကျေးဇူးအထူးတင်ပါတယ်ဆရာ

အတည်ပြုပြီး 312,842 လွန်ခဲ့သော ၅ နှစ် က

အမိုင်နိုအက်စစ်က အပင်တွေအသက်ရှင်ဖို့၊ ကြီးထွားဖို့၊ ဝတ်မှုန်ကူးစက်မှုအောင်မြင်ဖို့နဲ့ အသီးတွေကြီးထွားဖို့ အတွက် မဖြစ်မနေလိုအပ်တဲ့ ပရိုတိန်းဓာတ်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အပင်က လေထဲက ကာဗွန်နဲ့ အောက်စီဂျင်၊ ရေကနေ ဟိုက်ထရိုဂျင်နဲ့ အမြစ်ကနေ နိုက်ထရိုဂျင်တွေ ရယူပြီး အပင်အတွက်အစာချက်ပါတယ်။ အစာချက်ရာကနေပြီး အမိုင်နိုအက်စစ်ရပါတယ်။ အဲဒီအက်စစ်က အပင်ကြီးထွားဖို့ တည်ဆောက်ရာမှာ သုံးရပါတယ်။ ဒါကြောင့် အမိုင်နိုအက်စစ်ကို အပြင်ကနေ ရွက်ဖြန်းဆေးအနေနဲ့ဖြစ်ဖြစ်၊ မြေကြီးထဲကနေဖြစ်ဖြစ် ပေးနိုင်မယ်ဆိုရင် အဲဒီအာဟာရရော အပင်ကိုယ်တိုင်ချက်ပြီးရလာတဲ့ အာဟာရရောက အပင်ကြီးထွားဖို့ အသီးအပွင်တွေ အောင်မြင့်ဖို့ လုံလောက်စွာရပြီး အထွက်တိုးလာစေတာဖြစ်ပါတယ်။ အပြည့်အစုံကို ဆောင်းပါးအနေနဲ့ အစိမ်းရောင်လမ်းကနေ ဆက်ရေးသွားပါမယ်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။