ဖြေကြားချက် ၂ ခု
အစိမ်းရောင်လမ်းထဲက စိုက်ပျိုးဗဟုသုတ ကဏ္ဍထဲမှာလည်း စပါးသီးနှံနဲ့ပေါင်း အတွက် ဆောင်းပါးတွေအများကြီးရှိပါတယ်ရှင့်။ ဝင်ရောက်လေ့လာကြည့်ဖို့ တိုက်တွန်းပါရစေ။
ပေါင်းသတ်ဆေးရွေးချယ်တဲ့နေရာမှာ ဆေးသုံးလို့ရတဲ့အချိန်၊ ပမာဏ၊ ဆေးကိုက်မကိုက် စတာတွေကိုထည့်စဉ်းစားဖို့လိုပါမယ်ရှင့်။ ပေါင်းကိုနှိမ်နင်းတဲ့နေရာမှာ ဓာတုဆေးတစ်မျိုးနဲ့ပဲ နှိမ်နင်းတာကလည်း ထိရောက်တဲ့နှိမ်နင်းမှုမဖြစ်ပါဘူး။ တမန်းမြေပြင်ကတည်းက ကာကွယ်မှုတွေပြုလုပ်သင့်ပါတယ်။ စပါးမှာဆိုရင် ရေသွင်း ရေထုတ် နဲ့လည်းပေါင်းထိန်းနိုင်တာမျိုးရှိပါတယ်။ အကြောင်းလိုက်စိုက်ထားတယ်ဆိုရင် ကြားပေါင်းလိုက်စက်တွေနဲ့ ပေါင်းသင်ပေးတာမျိုးကောင်းပါတယ်။ လူအားနိုင်တယ်ဆိုရင်လည်း လူနဲ့လက်ပေါင်းလိုက်တာမျိုးပါ။ ဆေးသုံးချင်တယ်ဆိုရင်တော့ လူကြီးမင်းနှိမ်နင်းချင်တာက မြက်ပင်အုပ်စုထဲကဖြစ်လို့ အသုံးများတဲ့ ဆေးကို ဆိုင်တွေမှာမေးဝယ်ကြည့်ပါရှင့်။ သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းစနစ်တကျသုံးဖို့တော့အကြံပြုချင်ပါတယ်။ နောက်ရာသီတွေမှာ အစကတည်းက ဘက်စုံကာကွယ်နှိမ်နင်းနည်းတွေကို သိဖို့ ဒီ စပါးစိုက်လယ်မြေအလိုက် ဆိုးဝါးသည့်ပေါင်းမြက် ဆောင်းပါးမှာလေ့လာကြည့်လိုက်ပါ။ စာတန်းကိုနှိပ်လိုက်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
လက်သည်းစောင်းပေါင်းပင်အတွက်မည်သည့်ဆေးသုံးသင်းသလဲအစ်ကိုတို့ခင်ဗျ
ဖြေကြားချက် 1 ခု
စပါးပေါင်းသတ်ဆေး၁၅ရက်သား ရွက်ပြန့်. ရွက်ချွမ်း ပေါင်းမြက် ရှင်းဖို့. ဆေးလေးပြောပါအုံး
ဖြေကြားချက် 1 ခု
စပါးကြား လယ်ကန်စွန်း ဘယ်လိုနှိမ်ရမလဲ ဘာဆေးသုံးရမလဲ ခင်ဗျ သိတဲ့ ဆရာများ လမ်းပြပေးကြပါ
ဖြေကြားချက် 3 ခု
စပါးရွေးချယ်ပေါင်းသတ်ဆေးကို2ကြိမ်ဖြန်းလို့ရပါသလား ဘယ်နှစ်ရက်ခြားပြီးဖြန်ရပါသလဲ
ဖြေကြားချက် 1 ခု
ကျွန်တော့စပါးခင်းက (၇) ရက်သားရှိပါပြီး၊ကြဲခင်းလို့ခေါ်တဲ့တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးတာပါ။အခု လယ်ကွက်တွေမှာ...
ဖြေကြားချက် 1 ခု