အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
642
လွန်ခဲ့သော ၅ နှစ် က · ပြင်ဦးလွင်

အစေ့ထုတ်ပြောင်း ချည်း နှစ်စဥ်စိုက်ခဲ့လို့လားမသိဖူး မြေဆီညံ့ညံ့လာတယ်ဗျာ ။ ပဲပုပ်ကို သီးလှည့်ပုံစံမျိုး စိုက်...

အစေ့ထုတ်ပြောင်း ချည်း နှစ်စဥ်စိုက်ခဲ့လို့လားမသိဖူး မြေဆီညံ့ညံ့လာတယ်ဗျာ ။ ပဲပုပ်ကို သီးလှည့်ပုံစံမျိုး စိုက်ကြည့်ချင်ပါတယ် ၊ ပြင်ဦးလွင်တဝိုက်မှာ ဘယ်လို ပဲပုပ်အမျိုးအစားက သင့်တော်ပါ မလဲ။ စိုက်နည်းစနစ်များ ၊ဆောင်ရန် ရှောင်ရန်လေးများလဲ အကြံညဏ်လေး မစကြပါ ခမျာ ။

စိုက်ပျိုးစီးပွား ပဲပုပ် ပဲပုပ်စိုက်ပျိုးနည်း ပဲပုပ်မျိုး

ဖြေကြားချက် ၅ ခု

2,865 လွန်ခဲ့သော ၅ နှစ် က

ပဲကြဲ ပြီ ထွန်မှောက်ပြစ်ပါ အကို မြေပြန်ကောင်းလာပါလိမ့်မယ်

642 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးတင်ပါတယ်ခင်မျ။

642 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးတင်ပါတယ်ခင်မျ ။

အတည်ပြုပြီး 312,842 လွန်ခဲ့သော ၅ နှစ် က

ဟုတ် ပြောင်းက မြေဆီမြေနှစ်ကို အလွန်အကျွံစားသုံးတဲ့ သီးနှံတစ်မျိုးဖြစ်တဲ့အတွက်ကြောင့် သီးလှည့်စိုက်ပျိုးဖို့ လိုအပ်ပါတယ်။​ ပဲက မြေကြီးထဲကို နိုက်ထရိုဂျင်ပြန်ထည့်ပေးတဲ့အတွက်ကြောင့် သီးလှည့်သီးနှံ ရွေးချယ်မှုမှန်ကန်ပါတယ်။ မျိုးသန့်အနေနဲ့ကတော့ ရေဆင်းကထုတ်တဲ့ ပဲပုပ်မျိုးတွေရှိပါတယ်။ မြေပြန့်မှာစိုက်ဖို့အတွက်ဆိုရင် သင့်တော်တာက - ရေဆင်းပဲပုပ် (၆) သက်တမ်း ၉၀-၁၀၀ ရက် ရှိပါတယ်။ အထွက်နှုန်းက ၂၅တင်းကနေ ၃၀ လောက်ထိ ထွက်နိုင်ပါတယ်။ - ရေဆင်းပဲပုပ် (၁၄) သက်တမ်းတိုပြီး ၆၅-၈၅ ရက်ရှိပါတယ်။​ ထွက်နှုန်းက ၂၅ တင်းကနေ ၃၀ လောက်ထိ ထွက်နိုင်ပါတယ်။ အခုမှစစိုက်မယ်ဆိုရင်တော့ မြေကြီးထဲမှာ ပဲအတွက် လိုအပ်တဲ့ ရိုင်ဇိုဘီယမ်ပိုး မရှိသေးတဲ့အတွက်ကြောင့် အစနှစ်တွေမှာ အထွက်နည်းနိုင်ပါတယ်။​ဖြစ်နိုင်ရင် ရိုင်ဇိုဘီယမ်လူးနယ်ဆေးနဲ့ နယ်ပြီးစိုက်ပါ။ စိုက်ပျိုးနည်းအသေးစိတ်ကိုတော့ အောက်က လင့်မှာ ဖတ်ရှု့လေ့လာနိုင်ပါတယ်ဗျ။ ပဲပုပ်(Soybean) စိုက်ပျိုးနည်း

270,676 လွန်ခဲ့သော ၅ နှစ် က

သီးလှည့်စိုက်ပျိုးပေးတာကောင်းပါတယ်ရှင့်။ စိုက်နည်းစနစ်နဲ့ အပင်ပြုစုနည်းတွေကိုလေ့လာဖို့ ပဲပုပ်(Soybean) စိုက်ပျိုးနည်း ဟင်းစားပဲပုပ် စိုက်ပျိုးနည်း ဒီဆောင်းပါးတွေကိုညွှန်းချင်ပါတယ်။ စာတန်းကိုနှိပ်ပြီးဖတ်ကြည့်ပါရှင့်။ မျိုးအနေနဲ့ကတော့ကိုယ့်ဒေသဘက်တွေမှာ အစိုက်များပြီး အပင်ပေါက်ရာခိုင်နှုန်းများတဲ့မျိုးတွေကိုရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ပဲပုပ်စိုက်နေတဲ့နီးစပ်ရာသူတွေနားလည်း မျိုးစေ့စုံစမ်းဖို့အကြံပြုချင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။