အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၅ နှစ် က · မြစ်ကြီးနား

စပါးကို ရိတ်သိမ်းရာတွင် စပါးစရိတ်သည့် အချိန်မှ စပြီး ရက်ပေါင်း ဘယ်လောက်ကြာတွင် ရိတ်သိမ်းချိန် နောက်ကျတယ်လို့...

စပါးကို ရိတ်သိမ်းရာတွင် စပါးစရိတ်သည့် အချိန်မှ စပြီး ရက်ပေါင်း ဘယ်လောက်ကြာတွင် ရိတ်သိမ်းချိန် နောက်ကျတယ်လို့ ဆိုနိုင်မလဲ ခင်ဗျာ။ နောက်ပြီး ဘယ်လို အရာတွေကို ကြည့်ခြင်းအားဖြင့် ရိတ်သိမ်းချိန် နောက်ကျ သည်ကို သိနိုင်မလဲ ခင်ဗျာ။

ရိတ်သိမ်းချိန်လွန်နည်းပညာ စပါး စပါးစိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

232 လွန်ခဲ့သော ၅ နှစ် က

ဟုတ် ကျေးဇူးပါ ဆရာ

အတည်ပြုပြီး 312,842 လွန်ခဲ့သော ၅ နှစ် က

ဟုတ် ရက်ဘယ်လောက်ဆိုတာကတော့ မျိုးပေါ်မှာသက်ဆိုင်ပါတယ်ဗျ။ ဥပမာ မနောသုခဆို ၁၃၅ ရက် သက်တမ်းရှိပါတယ်။ ဒါကလည်း ရာသီဥတုပေါ်မှာ မူတည်ပါတယ်။​ အပူချိန်များရင် စပါးပင်ရဲ့ သက်တမ်းက လျော့သွားတတ်ပါတယ်။ အေးတဲ့အချိန်ဆို သက်တမ်းက နည်းနည်းပိုရှည်ပါတယ်။ ပိုပြီးကောင်းတာကတော့ တောင်သူတွေရဲ့ အခေါ် "မောင်းညိုချိန်" မှာ ရိတ်တာ အကောင်းဆုံး အလေအလွင့်အသက်သာဆုံးပါ။ မောင်းညိုချိန်ဆိုတာ စပါးနှံရဲ့ ၈၅ %၊ အပင်တွေရဲ့ ၈၅ % ဝါတဲ့အချိန်လို့ သတ်မှတ်ကြပါတယ်။ ဒီထက်ပိုကြာသွားရင် အအောင်ဆုံး အဖျားသီးတွေက အခြောက်လွန်သွားပြီး ရိတ်တဲ့အခါမှာ ကြွေကျကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် ၈၅ % အဝါရောင်ပြောင်းတဲ့ မောင်းညိုချိန်မှာ ရိတ်တာ အကောင်းဆုံးပါ။ အောင်မြင်မှုနည်းတဲ့ အရင်းသီးတွေ စောင့်ရင် ပြည့်ဝတဲ့ အရင်းသီးတွေ ကြွေခဲ့ပါလိမ့်မယ်။ တကယ့်အထွက်က အဖျားသီးတွေပါ။ စပါးက အဖျားသီးကစပြီး အရင်ဆုံးကြီးထွားရင်မှည့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။