ဖြေကြားချက် ၂ ခု
ကျေးဇူးပါဗျာ
စပါးပင်ကြီးထွားချိန်မှာ ကျရင်ဆစ်ပိုးကောင်က စပါးပင်စည်အတွင်းမှနေပြီးတော့ စားသောက်ဖျက်ဆီးတတ်တာကြောင့် စပါးပင်စည်ပုပ် (သို့) အူပုပ်လက္ခဏာဖြစ်တတ်ပါတယ်။ အူပုပ်က ဘက်တီးရီးယားပင်ခြေပုပ်ရောဂါနဲ့ပုံစံဆင်ပေမယ့်ဆစ်ပိုးကျတဲ့အခါမှာတော့ ပိုးကိုက်ရာ၊ ပင်စည်တွင် ဆစ်ပိုးကောင်ဝင်တဲ့ အပေါက်တွေတွေ့နိုင်ပါတယ်။ ခေါင်ညွှန့်သေ(Dead heart)လက္ခဏာ၊ အနှံထွက်ချိန် ဆစ်ပိုးကျမယ်ဆိုရင်တော့ အနှံဖြူသည့် လက္ခဏာ(White Head)တို့ ကျရောက်တတ်ပါတယ်။ ကာကွယ်နှိမ်နင်းနည်း ၁.ကန်သင်းနဲ့စိုက်ခင်းအတွင်း ပေါင်းမြက်ကင်းရှင်းအောင်ထားပါ။ ၂.ဆစ်ပိုးကျရောက်ဖူးတဲ့အခင်းကရိုးပြတ်နဲ့ကောက်ရိုးများကိုမီးရှို့ဖျက်စီးပါ။ ၃.ထယ်ရေးနက်နက်ထိုးပါ။ ၄။ဖျူရာဒမ် ၃ဂျီကိုတစ်ဧကလျှင် ၃-၅ကီလိုခန့်ထည့်ပေးပါ။ပျိုးခင်းမှပင်ပွားစည်းချိန်အထိဆစ်ပိုးကျရောက်မှုကိုကာကွယ်ပေးနိုင်ပါတယ်။ ၅။ပုလဲမြေသြဇာကိုလိုအပ်တာထက်ပိုမသုံးပါနဲ့ ၆။အခင်းထဲတွင် ဆစ်ပိုးဥမြုံများတွေ့ပါက ဥမြုံရှိသောအစိတ်အပိုင်းများအား ဖျက်ဆီးပါ။ ၇။ အပင်ပွားချိန်တွင် အူပုပ်လက္ခဏာတွေ့ပါက ရေထုတ်ပေးခြင်းဖြင့် ဆစ်ပိုးကျရောက်မှုမှ ကာကွယ်ပါ။ ၈။တစ်ကွင်းတည်းတဆက်ဆည်း စိုက်ကွင်းများတွင် မီးထောင်ခြောက်များထွန်းပါ။ ၉။ပိုတတ်မြေသြဇာကိုပုံမှန်ထည့်ပေးပါ။ မိတ်ဆွေပိုးများဖြစ်တဲ့ပင့်ကူ၊ ပုဇဉ်း၊ လိပ်ခုံးကျိုင်း၊ငှက်နှင့် နကျယ်ကပ်ပါးကောင်များအားထိန်းသိမ်းပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးဆစ်ပိုးကိုဘယ်လိုကာကွယ်မလဲ
ဖြေကြားချက် 1 ခု
စပါးခင်းတွေမှာ.ဆစ်ပိုး.ကြတာ၃ရာသီရှိပြီ မထမနှစ်ကလုံးဝပြတ်ဆီးသွားတယ် ယခုအချိန် ထိဆစ်ပိုးရှိနေသေးတယ်မျိုးပြုတ်...
ဖြေကြားချက် 1 ခု
မဂ်လာပါဆရာတို့ စပါခင်းတွေမှာ.ဆစ်ပိုး.နဲ့ရင်စိုင်ရတာ ၃ရာသီရှိပြီအရင်နှစ်ကလုံးဝပြတ်စီးသွားတယ် ယခုအချိန် ထိဆစ်...
ဖြေကြားချက် 1 ခု
ပျု ိုးခင်းမှာဆစ်ပိုးဥတွေတွေ့နေလို့ဘာဆေးပက်ရင်ကောင်းမလဲ
ဖြေကြားချက် 3 ခု
ဘာပိုးကျတာလဲမသိလို့ ဘယ်ဆေးသုံးရမလဲ အလင်းပြပါအုံး
ဖြေကြားချက် 2 ခု