အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၅ နှစ် က · ဟင်္သာတ

မတ်ပဲပင်တွေအဲဒီလိုဖြစ်နေလို့ဘာပိုးကျတာလဲခင်ဗျာဘာဆေးသုံးရမလဲ

ပိုးမွှားရောဂါ မတ်ပဲ မတ်ပဲအရွက်ဝါပြဿနာ
Post image
Post image
4

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 6,743 လွန်ခဲ့သော ၅ နှစ် က

ဗိုင်းရပ်စ်ရောဂါတစ်မျိုးမျိုးဖြစ်ပါတယ်။ ရွက်တွန့်ကွေးဗိုင်းရပ်စ်ရောဂါ သို့မဟုတ် အဝါရောင်မိုစိတ်ရောဂါဖြစ်ပါတယ် (ပုံကို ရှင်းလင်းစွာမမြင်ရလို့ပါ)။ အရွက်တွေမှာ ရောင်မနီကွက်ကြားတွေ့ရင် အဝါရောင် မိုစိတ်ရောဂါလို့မှတ်သားပြီး အရွက်တွေတွန့်လိမ်နေရင်တော့ ရွက်တွန့်ကွေးဗိုင်းရပ်စ်ရောဂါဖြစ်ပါတယ်။ စုပ်စားပိုးများကြောင့် ကူးစက်ခံရတာပါ။ မည်သည့်ဗိုင်းရပ်စ်ရောဂါအတွက်မှ ကာကွယ်ဆေးမရှိပါ။ ကြိုတင် ကာကွယ်မယ်ဆိုရင်တော့ မစိုက်မီ မျိုစေ့ကို မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုး (ဥပမာ− အင်မီဒါကလိုပရစ်ဒ်) ဖြင့် လူးနယ်စိုက်ပါ။ စိုက်ခင်းဘေး နှံစားပြောင်းစိုက်ပါ။ အဝါရောင်ကော်ထောင်ချောက်ဖြင့် ကြိုတင်ကင်းထောက်ပါ။ တမာဆီပိုးသတ်ဆေးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

3,137 လွန်ခဲ့သော ၅ နှစ် က

အဲဒီလိုဆိုဘာဆေးသုံးရလဲဆရာ

116 လွန်ခဲ့သော ၅ နှစ် က

စုပ်စားပိုးဖြစ်မှာပါ အရွက်အောကိကိုကြည့်အကောင်တွေ့လိမ်မယ်

232 လွန်ခဲ့သော ၅ နှစ် က

အမြစ်ပိုးဖြစ်နိုင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။