ပျားလိမ္မော် ချဥ်လို့ ဘယ်လိုပြုပြင်ရမလဲဗျ (အလယ်ပိုင်း မိုးနည်းဒေသ မကွေးတိုင်း)
ကျေးဇူးပါခင်ဗျာ
လိမ္မော်သီးရဲ့ ချိုတာချဉ်တာအပေါ် သက်ရောက်နေတဲ့ အချက်တွေကတော့ အများကြီးရှိပါတယ်။ ရာသီဥတု၊ မြေအမျိုးအစား၊ မျိုး၊ ခူးတဲ့အချိန်၊ မြေဩဇာကျွေးမှု၊ ရေပေးသွင်းမှု တွေ အားလုံးနဲ့ဆိုင်ပါတယ်။ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသကို သဘောကျတဲ့ အပင်ဖြစ်တာကြောင့် နေရောင်ခြည်ကောင်းကောင်းရရှိဖို့လိုပါတယ်။ အပင်ကြီးထွားမှု သက်တမ်းတစ်လျှောက်လုံး နိုက်ထရိုဂျင်(ပုလဲမြေဩဇာ)ကို စနစ်တကျ ကျွေးပေးဖို့လိုအပ်ပါတယ်။ ရေသွင်းတာအရမ်းများသွားရင်လည်း ချိုတာကို လျော့ကျစေတတ်ပါတယ်။ အက်ဆစ်ဆန်တဲ့ မြေကိုလည်း မကြိုက်ပါဘူး။ လိမ္မော်ပင်က အေးတဲ့အပူချိန်မှာ အက်ဆစ်ဓာတ်လျော့နည်းသွားစေတာမို့ အဲ့ဒီအချိန်မှာ ခူးရင် အချဉ်ဓာတ်ပိုလျော့ကျစေပါတယ်။ သက်တမ်းပိုရင့်တဲ့ အပင်ရဲ့ အသီးက ပိုချိုတယ်လို့လည်း လေ့လာရပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
လိမ္မော်ပင်ရဲ့ အဟာရလိုအပ်တဲ့အရာများပြောပြပေးပါ
ဖြေကြားချက် 1 ခု
ပျားလိမ္မာ် ကိုဘယ်လိုစိုက်ရမလဲ
ဖြေကြားချက် 3 ခု
ညမှာလာပြီးစုတ်တဲ့လိပ်ပြာတွေကိုဘယ်လိုလုပ်ရမလည်းဗျ သူတို့စုတ်ယူလိုက်တဲ့အသီးကပုပ်ပြီးကြွေကုန်တာ ကူညီးပါဗျာ
ဖြေကြားချက် 2 ခု
ဘာပိုးလဲသိဘူး ရှောက်ပင်မှာ အမြဲတွေရလေ့ရှိတယ်
ဖြေကြားချက် 1 ခု
အပူပိုင်းဒေသမှာ(ဆန်းကစ်သီး)စီးပွားဖြစ်စိုက်ပျိုးရင်အဆင်ပြေနိုင်လောက်လား စိုက်ပျိုးနည်းလေဖြေကြားပေးပါလား
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။