အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
118
လွန်ခဲ့သော ၅ နှစ် က · ကောလင်း

အရွက်တွေလိပ်ပြီးကုတ်နေပါသဖြင့်မည့်သည်ဆေးဝါးသုံးရမည်နည်း

စိုက်ပျိုးနည်း ခရမ်းချဉ် ခရမ်းချဉ်အရွက်တွန့်ရောဂါ
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

5,290 လွန်ခဲ့သော ၅ နှစ် က

ခရမ်းချဉ် စိုက်ပျိုးနည်း ပိုးမွှားရောဂါကာကွယ်ခြင်း ခရမ်းချဉ် ပျိုးခင်းတွင် အပင်ပေါက်ပြီး ၁၅ရက်သား တစ်ကြိမ်၊ မရွှေ့ပြောင်းမီ၂ရက်ခန့် အလိုတွင် တစ်ကြိမ် ပင်လုံးပြန့် အာနိသင်ရှိသည့် ပိုးသတ်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်ပေးရန် လိုအပ်ပါသည်။ ၎င်းအချိန်တွင် မှိုသတ်ဆေးများ ဖြစ်သည့် ဒါကိုနေး၊ တော့(ပ်)ဆင် (၂၀ဝ ဂရမ်/ရေ ၄ လီတာ)နှုန်းကို ပိုးသတ်ဆေးနှင့် အတူရောစပ် ပက်ဖျန်းနိုင်ပါသည်။ ပျိုးခင်းတွင် ခါးရိရောဂါ ကျရောက်တတ်သဖြင့် အထက်ပါ မှိုသတ်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်နိုင်ပါသည်။ စိုက်ခင်းတွင် အဓိက ကျရောက်သော ပိုးများမှာ လှေးပိုးနှင့် သီးလုံးဖောက်ပိုးများ ကျရောက်တတ် ပါသည်။ အဓိက ကျရောက်သည့်ရောဂါမှာ လောင်မည်းရောဂါနှင့် ခါးရိတို့ဖြစ်ပြီး မှိုရောဂါများနှင့် ပိုးမွှားများကို သဘာဝ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြုခြင်း၊ ပိုးမွှားမလာအောင် ကာကွယ်ပေးခြင်း၊ ပဲများဖြင့် ရောစိုက်ခြင်းတို့ဖြင့်လည်း ကာကွယ်နိုင်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။