အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၆ နှစ် က · စစ်ကိုင်း

နှမ်းအဖိုရောဂါဘာကာကွယ်ဆေးဘာဆေးသုံရလည်းဗျာ

မြေဆီလွှာ နှမ်း နှမ်းဖိုရောဂါ

ဖြေကြားချက် ၂ ခု

100,128 လွန်ခဲ့သော ၆ နှစ် က

နှမ်းဖိုရောဂါဆိုတာက သာမန် မှိုရောဂါ ဘတ်တီးရီးယား ရောဂါ ဗိုင်းရပ်စ်ရောဂါ တွေ မဟုတ်ဘဲ ဖိုက်တိုပလပ်စမာလို့ ခေါ်တဲ့ သက်ရှိတစ်မျိုးကြောင့် ဖြစ်တဲ့ရောဂါ ဖြစ်ပါတယ် အဲ့ရောဂါကိုဖြစ်စေတာကတော့ ဖြုတ်ညိုလို့ခေါ်တဲ့ စုပ်စားပိုးတစ်မျိုးပါ အဲ့ဒါကြောင့်ရောဂါမကျခင် ဖြုတ်ညိုကို ကြိုတင်နှိမ်နင်းထားဖို့လိုပါတယ် ဖြုတ်ညိုကို နှိမ်နင်းဖို့ ဆိုရင် အဆီဖိတ် ဒိုင်မီသိုအိတ် သိုင်ရာမီသောက်ဇင် အင်မီဒါကလိုပရစ် အဆီတာမီပရစ် စတာတွေ အသုံးပြုပေးနိုင်ပါတယ်

68,514 လွန်ခဲ့သော ၆ နှစ် က

နှမ်းဖိုရောဂါ အကြောင်း တစေ့တစောင်း (Phyllody) ၁။ ကျရောက်သည့်အချိန် ဖြုတ်ညို ကျရောက်မှု များပါက ဤရောဂါ ဖြစ်ပေါ်တတ်ပါသည်။ ၂။ ရောဂါလက္ခဏာ အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန်ကိုင်းများစွာ ထွက်ခြင်း၊ အပွင့်အင်္ဂါ အစိတ်အပိုင်းများ အစိမ်းရောင် ဖြစ်ခြင်းတို့ကိုတွေ့မြင်နိုင်ပါသည်။ နှမ်းခင်းအား အဝေးမှာ ကြည့်ပါက ထိပ်ဖျားတွင် အထက်ပါ လက္ခဏာကြောင့် အဆုပ်လိုက်အဆုပ်လိုက် အပွင့်ရောင်မရှိဘဲ အစိမ်းရောင် ကိုတွေ့မြင်နိုင်ပါသည်။ ၃။ ကူးစက်ပျံ့နှံ့ခြင်း နှမ်းဖိုရောဂါသည် ပင်ရည်ဖြင့် မကူးစက်နိုင်ပါ။ ကိုင်းကူးနည်းဖြင့်သာ ကူးစက်နိုင်ပါသည်။ မျိုးစေ့ဆောင် အဖြစ် မတွေ့ရပါ။ ဤရောဂါ သယ်ဆောင်ကောင်မှာ ဖြုတ်ညို (Orosiusalbicinetus) ပိုးဖြစ်သည်။ ရောဂါဖြစ်စေ မိုက်ကိုပလပ်စာသည် အဓိကအားဖြင့် အပူချိန်ပေါ်တွင် မူတည်၍ သယ်ဆောင်ကောင်၏ ခန္ဓာကိုယ်တွင် (၁၅) ရက်မှ (၆၃) ရက်ကြာ ပြီးမှ ရောဂါကူးစက်စွမ်းအားရှိသည်။ ရောဂါအရအပင်တွင်း၌မူ (၁၃) ရက်မှ (၆၁) ရက်ကြာမှ ရောဂါလက္ခဏာကို ဖြစ်ပေါ်စေသည်။ ၄။ ကာကွယ်နှိမ်နင်းနည်း (၁) နှမ်းပင်ငယ်စဉ်တွင် ဖြုတ်ပိုးကို Dimethoate 200 cc/ac, phentheate 500 cc/ac ဖြင့် ပက်ဖြန်း ကာကွယ်ပါ။ (၂) စောစော စိုက်ခြင်းကိုရှောင်ပါ။ နှမ်းဖိုရောဂါသည် ဗိုင်းရပ်ကြောင့် ဖြစ်သော ရောဂါဖြစ်သောကြောင့် ကုသရန် ဆေးမရှိသေးပါ။ ဗိုင်းရပ်ပိုးကို သယ်ဆောင်သော ဖြုတ်ညိုပိုးကိုသာလျှင် နှိမ်နင်းခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီး နိုင်ပါသည်။ ကိုးကား-နှမ်းသီးနှံတွင် ကျရောက်သော ပိုးမွှားရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။