အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,800
လွန်ခဲ့သော ၆ နှစ် က · ရွှေပြည်သာ

em concentrated ကိုအသုံးပြုပုံလေးသိပါရစေ

အပင်အာဟာရ သံပုယို

ဖြေကြားချက် ၁ ခု

68,514 လွန်ခဲ့သော ၆ နှစ် က

🧴အသင့်သုံးအီးအမ် ဖျော်စပ်နည်း🧴 ဈေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်သော အီးအမ်များမှာ အီးအမ်အပြင်း(Concentrate EM) ဖြစ်ပြီး တိုက်ရိုက်အသုံးပြုလို့ မရသေးပါ။ ဒါကြောင့် အီးအမ်အပြင်းမှ အသင့်သုံးအီးအမ်ဖျော်စပ်ပုံကို ဖော်ပြပေးလိုက်ပါတယ် အီးအမ်ဖျော်ရည်အပြင်း - ၁ ဆ တင်လဲရည် - ၄ ဆ ရေ - ၉၅ ဆ 💢ရောစပ်ပြီး ရရှိလာသော ဖျော်ရည်အား သန့်ရှင်းသော ပလပ်စတစ်ပုံး/ ပုလင်းထဲအပြည့်(နေရာလွတ်မရှိအောင်) ထည့်ပြီး လေလုံအောင် ပိတ်ပါ။ 💢နေရောင်ခြည်တိုက်ရိုက်မကျသော အေးသောနေရာတွင်ထားပါ။ 💢တစ်ရက်လျှင်တစ်ကြိမ်ခန့်သမအောင်လှုပ်ပေးပါ။ 💢ဓာတ်ငွေ့ထွက်လာပါက အဖုံးကို ခေတ္တဖွင့်ပြီး လေလုံအောင်ပြန်ပိတ်ပါ။ 💢(၃-၄)ရက်ခန့်ကြာလျှင် ဝါညိုရောင်သို့ ပြောင်းသွားပြီး သုံးစွဲလို့ ရပါပြီ။ 💢အသင့်သုံးအီးအမ်သည် ရာသီဥတုပေါ်မူတည်ပြီး (၇)ရက်မှ (၁၅)ရက်အထိ တာရှည်ခံပါသည်။ 💢အသင့်သုံး အီးအမ်မှာ စိုက်ခင်းထဲတွင် တိုက်ရိုက်အသုံးပြုနိုင်သော အီးအမ်အဆင့်ဖြစ်သည်။ အသင့်သုံးအီးအမ်ကို မြေဆွေးပြုလုပ်ခြင်း၊ သီးနှံပင်ပေါ် တိုက်ရိုက်ပက်ဖျန်းခြင်းနှင့် မြေကြီးပေါ်သို့ ပက်ဖျန်းခြင်းတို့တွင် အသုံးပြုနိုင်ပါသည်။ #credit

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။