အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,497
လွန်ခဲ့သော ၆ နှစ် က · ပခုက္ကူ

ဆေးရွက်ကြီးအကြောင်းလေးသိချင်လို့ပါ။ ဆေးရွက်ကြီးစိုက်ရင်မြေဩဇာအချိုးအစားဘယ်လိုထည့်ရမလည်းရှင့်။ မြေကနည်းနည်းသဲ...

ဆေးရွက်ကြီးအကြောင်းလေးသိချင်လို့ပါ။ ဆေးရွက်ကြီးစိုက်ရင်မြေဩဇာအချိုးအစားဘယ်လိုထည့်ရမလည်းရှင့်။ မြေကနည်းနည်းသဲဆန်ပါတယ်။ ပြီးတော့ အရွက်တွေကအရောင်သိပ်မလှဘူးရှင့် ။ရဲကွက်မနေဘူး။ ခူးတဲအခါ အရွက်အဖျားပိုင်းကဝါပြီးတော့အရင်းပိုင်ကစိမ်းနေပါ ဘာ့ကြောင့်အလိုဖြစ်တယ်ဆိုတာလေးရောပြောပပေးပါ

စိုက်ပျိုးနည်း ဆီအုန်း
3

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 180,361 လွန်ခဲ့သော ၆ နှစ် က

ဆေးရွက်ကြီး(ဗမာဆေး)က သဲဆန်တဲ့မြေမှာစိုက်နိုင်ပေမဲ့ဗာဂျီးနီးယားဆေးကတော့နုံးစနယ်မြေမှာစိုက်သင့်ပါတယ်..မြေမာသဲဖုန်းမြေမှာလည်းစိုက်ကြပါတယ်။အရွက်အရောင်မလှဘူး..ထိပ်ဖျားဝါပြီးနီကြောင်ကြောင်အနားတွေဖြစ်ရတာ ပိုတက်ရှ်ဓာတ်နည်းပြီးပုလဲယူရီးယားများနေရင်ဖြစ်တတ်ပါတယ်။ဒါကြောင့်မြေဆီသုံးတဲ့အခါမှာယူရီးယားအချိုးနည်းတာကိုသုံးသင့်ပါတယ်..10:16:22မြေသြဇာသုံးသင့်ပါတယ်.ဒါမှအရွက်အရောင်လှပြီးဝယ်သူအကြိုက်ဖြစ်မှာပါ (တောင်သူအများစုကအရွက်အလေးချိန်စီးအောင်းပုလဲမြေသြဇာကိုပိုသုံးကြလို့ အရည်အသွေးမကောင်းလို့စျေးနှိမ်ခံရတာပါ). .မြေဆီကျွေးတဲ့အခါမြေခံမှာတစ်ကြိမ်,စိုက်ပြီး၁လသားမှာတစ်ကြိမ်(ကျင်းစနစ်). .၂ကြိမ်ခွဲကျွေးသင့်ပါတယ်ခင်ဗျာ။

2,497 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ

47,107 လွန်ခဲ့သော ၆ နှစ် က

‌ေဆးရွက်ကြီး စိုက်ပျိုးလျှင် မှိုဖြူရောဂါသည် ဆိုးရွားသောအပင်ရောဂါဖြစ် သည်။ ခါးရိရောဂါကျတတ်သော်လည်း ပျိုးပင်ဘဝမှာသာ ကျတတ်သည်။ ဆေးရွက်ကြီး ပင်တွင်လည်း ပိုးမွှား ကျရောက်ပါသည်။ ဆေးပင်စည် ဖြတ်ပိုးဖြစ်သည်။ ဆေးပင်ပျိုးရာတွင် ရေမဝပ်ဘဲ အစိုဓာတ်အမြဲရှိနေရန် ပြုလုပ်ပြီး ဘောင်နှင့်ပျိုးရသည်။ အလျားပေ ၃၀၊ အနံ သုံးပေခွဲ ပျိုးဘောင်တွင် ဆေးမျိုးစေ့နှင့်ပြာရောပြီး ပျိုးကြရသည်။ ပြီးလျှင် ပျိုးဘောင်ပေါ်၌ ကောက်ရိုး၊ ပဲစင်းငုံရိုးတို့ ဖုံးအုပ်ထားရ သည်။ ပျိုးသက် ၄၅ ရက်ရှိလျှင် စိုက်ခင်းကိုရွှေ့ပြောင်းစိုက်ကြရသည်။ စိုက်ပျိုးရာတွင် အမြစ်ကောက်နေသောပျိုးပင်များကို ဖယ်ထားရ သည်။ မစိုက်ကြ။စိုက်ခင်းသည် ထယ်ရေးနက်နက်၊ ညက်ညက်ပြုပြင်ပြီး ပင်ကြားနှစ်ပေ၊ တန်းကြားသုံးပေးခွဲဖြင့် စိုက်ကြသည်။ အဓိ ကမှာမြေပြုပြင်ရာတွင် မြေအောင်းပိုးသတ်ဆေးထည့်ရသည်။ ဓာတ်မြေဩဇာမှာလည်း ပေါ်ကာစ၊ အသုံးပြုကာစဖြစ်၍ နည်းပညာ ပေးကြရသည်။ တစ်ဧကလျှင် ယူရီးယား တစ်အိတ်၊ တီစူပါအိတ်ဝက်နှင့် ပိုတက် အိတ်ဝက် ထည့်ရန် ပြောကြားကြရသည်။ ဆေးပင် ပြုစုရာတွင် ခေါင်ဖူးနှိမ်ပေးမှု၊ အောက်လက်အရွက်များ ချွေပေးမှု ပြုလုပ်ကြရသည်။ ခေါင်နှိမ်ရာတွင် အရွက်ခူးရန် ၁၆ ရွက်မှ ၁၈ ရွက် ခန့်ချန်၍ နှိမ်ရသည်။ ခေါင်နှိမ်ပြီးလျှင် ဘေးတက်များ ထွက်လာတတ်၍ မရှည်ခင် ဖြတ်ပေးရသည်။ ဆေးပင်သည် မျိုးစေ့ခံယူရန်မှအပ အပင်ထိပ်၌ ပန်းခိုင်လုံးဝမထားရှိရပါ။ အရွက်ကိုသာ အဓိကယူပါသည်။ အပင်များ စိုက်ပျိုးပြီးလျှင် ပေါင်းသင်မြေဆွ လုပ်ကိုင်ရသည်။ ဆေးရွက်များကြီးလာပါက လုပ်ငန်းမဝင်ကြတော့ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။