ဖြေကြားချက် ၂ ခု
အပင်ပေါ်မူတည်ပြီး အစိတ်အကြဲကတော့ ကွာပါတယ် ဥပမာ အပင်တစ်ပင်ကိုစိုက်မယ်ဆိုပါတော့ ပင်ကြားတန်းကြားက ၁ပေ ၁ပေခွဲ သတ်မှတ်ထားတယ်ပေါ့နော် ကိုယ်က သူတို့သတ်မှတ်ထားတာမကြိုက်လို့ ကျဥ်းစိုက်မယ်ဆိုရင် အပင်တွေရဲ့ အရွက်တွေ တစ်ခုနဲ့တစ်ခုထပ်ပြီး နေရောင်ကောင်းစွာ မရတော့တာတွေ ဖြစ်လာမယ် အဲ့ဒါရဲ့ အကျိုးဆက်က အရွက်တွေက နေရောင်မရတော့ အစာမချက်နိုင်တော့တဲ့အတွက် အပင်က အာဟာရတွေပြတ်ပြီး အားနည်းလာမယ် အခြား ရောဂါပိုးမွှားတွေ အလွယ်တကူကျမယ် အရွက်တွေက ထပ်နေတေည့ ပိုးတွေ ရောဂါတွေအတွက် အလွယ်တကူ ပြန့်ပွားကူးစက်နိုင်ပါတယ် အဲ့လိုဆိုတော့ သတ်မှတ်ထားတာထက် ပိုချဲ့ပြီး စိုက်မယ်ထားပါတော့ အဲ့လိုဆိုရင် ဘာဖြစ်မလဲဆိုတော့ တစ်ဧကမှာ ဝင်ဆန့်တဲ့ အပင်အရေအတွက် နည်းမှာ ဖြစ်လို့ ဝင်ငွေကောင်းကောင်းပြန်မရနိုင်ဘူး ပြီးတော့ ပေါင်းပင်တွေက နေရာလပ်တွေမှာ အရမ်းပေါက်မှာ ဖြစ်လို့ နှိမ်နင်းရခက်လာမယ် အဲ့လိုတွေ သူ့ဟာနဲ့သူ ကောင်းကျိုး ဆိုးကျိုးကတော့ ရှိနေတာပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
လယ်ကွက်ကန်သင်းမှာလေကာပင်အဖြစ်မန်ဂျန်ရှားစိုက်ချင်လို့ဘယ်လောက်အကွာအဝေးစိုက်ရမလဲ
ဖြေကြားချက် 1 ခု
ခရမ်းချဥ်တိုင်ထောင်ရင် ဝါးတိုင်တေကို တစ်တိုင်နဲ့တစ်တိုင် ဘယ်လောက်အကွာအဝေးထားပြီး ထောင်ရမလဲဗျ
ဖြေကြားချက် 1 ခု
စပါး ရွက်ဖျက်ကျနေလို့ဘာဆေးသုံးရလဲ
ဖြေကြားချက် 3 ခု
ကြက်ချီးဝက်ချီးရောပီးထည့်လို့အဆင်ပြေလာ
ဖြေကြားချက် 2 ခု
ရောဂါလက္ခဏာလေးပြောပြပေးပါ
ဖြေကြားချက် 2 ခု