ကျဲခင်း145သက်တန်းစပါး ဓာတ်မြေသြဇာကို မထမအကြိမ်နှင့်ဒုတိကအကြိမ်ကို စပါးသက်တန်းဘယ်ရက်တွေမှာ သုံးသင့်ပါသလည်း ဖြေ...
ကျဲခင်း145သက်တန်းစပါး ဓာတ်မြေသြဇာကို မထမအကြိမ်နှင့်ဒုတိကအကြိမ်ကို စပါးသက်တန်းဘယ်ရက်တွေမှာ သုံးသင့်ပါသလည်း ဖြေကြားပေးစေလိုပါတယ်
ကျဲခင်း145သက်တန်းစပါး ဓာတ်မြေသြဇာကို မထမအကြိမ်နှင့်ဒုတိကအကြိမ်ကို စပါးသက်တန်းဘယ်ရက်တွေမှာ သုံးသင့်ပါသလည်း ဖြေကြားပေးစေလိုပါတယ်
မြေပြင်ချိန်မှာ ပုလဲလုံးဝအသုံးမပြုသင့်ဘဲ စပါးသက်တမ်းတလျှေက် ပုလဲကို ၃ကြိမ်ခွဲပြီကျွေးသင့်ပါတယ်..ကြဲခင်းအတွက် ပထမဆုံးပုလဲကျွေးသင့်တာကတော့ အရွက်၅ရွက်ထွက်ချိန်(၁လသားအရွယ်ခန့်)မှာဖြစ်ပါတယ်။ပုလဲ ဒုတိအကြိမ်နဲ့တတိယအကြိမ်တွေရယ်.တီစူပါ၁ကြိမ်.ပိုတက် ၂ကြိမ်ကျွေးတာကတော့အထက်ပါ ဆရာကိုသိန်းစိုးမင်းအကြံပြုတဲ့ရက်တွေမှာကျွေးသင့်ပါတယ်။ထပ်မံအကြံပြုချင်တာကတော့..ပုလဲကျွေးရာမှာ ပုလဲ၁ဆ နဲ့ နွားချေးဆွေးအမှုန့်/မြေဆွေးအမှုန့် ၃ဆနဲ့ ၁ရက်ကြိုတင်ပြီးရောမွှေကာ တာလပတ်/ပလတ်စတစ်နဲ့အုပ်ထားပါ။တစ်ညသိပ်ထားပြီးနောက်မနက်စောစောမှာပက်ပေးမယ်ဆိုရင်ပိုမိုထိရောက်ပါတယ်။နောက်တစ််ခုက စပါးမှာကွန်ပေါင်းမသုံးဘဲ သီးခြားစီ(ပုလဲ..တီစူပါ..ပိုတက်)ကျွေးသင့်ပါတယ်။အပင်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို လိုအပ်တဲ့ပမာဏအတိုင်း လိုအပ်တဲ့အချိန်မှာကျွေးပေးမယ်ဆိုရင် အကျိုးသက်ရောက်မှုပိုမိုရှိပြီး ကုန်ကျစရိတ်လည်းသက်သာပါတယ်။
ဆရာကြီး ဦးဘဟိန်းရဲ့ အကြံပြုချက်အရ မြေပြင်ချိန်မှာ စူပါအိတ်ဝက်+ ပိုတက်တစ်စိတ်၊ ကောက်စိုက်ပြီး (၁၄-၂၀) အတွင်း ယူရီးယား သုံးချိုးတစ်ချိုး၊ အနှံလောင်းဖြစ်တည်ချိန်ဝန်းကျင် (၈၃-၈၇) ရက်အတွင်း ပိုတက်တစ်စိတ်၊ အလံရွက်ထွက်စအချိန် ယူရီးယား သုံးချိုးတစ်ချိုး၊ အနှံမထွက်မီ (၅)ရက်အလို သက်တမ်း ၁၁၀ ရက်ဝန်းကျင် ယူရီးယား သုံးချိုးတစ်ချိုး ကျွေးဖို့ ဖြစ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးစိုက်ပြီဘယ်နှစ်ရက်နေရင်မြေဆီကျွးရင်ပိုကောင်းလဲဆရာတို့
ဖြေကြားချက် 2 ခု
မကြမ်းတောစပါး အထွက်ကောင်းအောင်ဘာတွေလုပ်သင့်ပါသလဲ
ဖြေကြားချက် 1 ခု
ရက်၉၀စပါး မြေသြဇာကျွေးခြင်း လုပ်ငန်းများကို စိုက်ပီး ဘယ်နှရက်သား မြေဆီ ဘလိုကျွေး ရသလဲဆိုတာ သိချင်ပါတယ်ခင်ဗျ
ဖြေကြားချက် 1 ခု
လကြီးမြေသြဇာနဲ့ ပုလဲ ရေားပြီး စပါခင်ထဲပက်ရင်ကောင်းလားဗျ
ဖြေကြားချက် 1 ခု
စပါးပင်တွေကအရွက်တွေဝါပြီးမြေသြဇာပတ်လဲမတတ်ဘူးဖြစ်နေတယ်ဗျဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။