ဒူးရင်းပင် စည်ကို ထိုးဖောက် ဉများဥပြီး ပိုလောက်လန်းများဖြစ်လာပါက အပင်သေခြင်းခဏခဏ ကြုံတွေနေရသည်ကို မည်သို့ကာ...
ဒူးရင်းပင် စည်ကို ထိုးဖောက် ဉများဥပြီး ပိုလောက်လန်းများဖြစ်လာပါက အပင်သေခြင်းခဏခဏ ကြုံတွေနေရသည်ကို မည်သို့ကာကွယ်နိုင်ပါသနည်း?
ဒူးရင်းပင် စည်ကို ထိုးဖောက် ဉများဥပြီး ပိုလောက်လန်းများဖြစ်လာပါက အပင်သေခြင်းခဏခဏ ကြုံတွေနေရသည်ကို မည်သို့ကာကွယ်နိုင်ပါသနည်း?
ဟုတ်ပါတယ်ရှင့်။ အရွယ်အစားအရကြည့်ရတာတော့ Platypus spp. နဲ့ powderpost beetle ဖြစ်ဖို့များပါတယ်။ အရက်ကို တစ်လတစ်ခါဖြစ်ဖြစ် ခမ်းသွားခါနီးတိုင်းအသစ်ပြန်လဲလှယ်ပေးပါ။ အဆင်ပြေပါစေရှင့်။
ဒီမနက် ဒီလိုကောင်မျိုးလေးမိနေတာတွေ့ပါတယ်။ ဓါတ်ပုံရိုက်ဖို့ Alcohol ကိုသွန်ထားတာပါ
ကျေးဇူး အများကြီးတင်ပါတယ်
ပိုးမလာအောင် တမာပိုးသတ်ဆေးကြိုဖျန်းထားလို့ရပါတယ်။ ဘေးပတ်ဝန်းကျင်မှာ ပိုးအကောင်ခိုအောင်းနေနိုင်တဲ့ ပေါင်းပင်တွေ အမှိုက်ပုံတွေကိုလည်း ရှင်းလင်းပစ်ပေးပါ။ ၇၀%လောက်ပျက်စီးနေတဲ့ အပင်တွေကိုတော့ မီးရှို့ဖျက်စီးပစ်ပေးပါ။ ပိုးတောင်မာကောင်တွေကို ဖမ်းဖို့အတွက်အီသနောထောင်ခြောက်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ရေဘူးတစ်ဘူးကို ဘေးနှစ်ဖက်မှာ အပေါက်ဖောက် ပြောင်းပြန်ထားကာ အခြေမှာ အရက် (သို့) အရက်ပြန်အခြေခံတဲ့လက်ဆေးရည် ကိုထည့်ထားပြီး ချိတ်ဆွဲထားထားနိုင်ပါတယ်။ အီသနောထောင်ခြောက်နမူနာပုံလေးလည်း ပြလိုက်ပါတယ်ရှင့်။
ပိုးမလာအောင် ကြိုကာကွယ်နိုင်သည့်နည်းများရှိမလားခင်ဗျ။ တစ်ချက်လွတ်သွားတာနဲ့ အပင်သေတာကြုံတာ ခဏခဏဖြစ်နေလို့ပါ။နှစ်ရှည်ပင်ဆိုတော့ ဆုံးရှုံးမှုများလို့ပါ။ နောက်ပြီး ဘယ်အချိန်တွေမှာဖြစ်တက်တယ်ဆိုတာမျိုးလဲ သိရင်မျှဝေပေးပါခင်ဗျ။
ပင်စည်ထိုးပိုးကျတာပါ။ ပင်စည်ထိုးပိုးကျတဲ့အခါ ကလိုရိုဖောင်း(chloroform)၊ ပိုတက်ဆီယမ်ဆိုင်ယမ်နိုက် (potassium cyanide) တစ်မျိုးမျိုးကို ဂွမ်းနဲ့စွတ်ပြီး ပိုးရှိနေတဲ့ အပေါက်ထဲကိုထည့်ကာ အပေါက်ကို ရွှံ့စေးနဲ့ ပြန်ပိတ်ပေးရတယ်လို့ လေ့လာဖူးပါတယ်ရှင့်။ ဆေးတွေကို အခဲအဖြစ်နဲ့ ရနိုင်ရင်လည်း အခဲ တစ်ခဲနှစ်ခဲလောက်ကို အပေါက်ထဲပစ်ထည့်ပြီး လုံခြုံစွာပိတ်ပေးပါ။ ဘေးမှာ ပေါင်းပင်၊ အမှိုက်သရိုက်တွေရှိနေရင်လည်း ရှင်းပေးပါရှင့်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒူးရင်းပင် ဘယ်လို့မျိုးစိုက်ရပါလဲ ဘယ်လို့မြေအနေထားတွေကိုပိုကြိုက်ပါလဲ သိလိုမေးမြန်းခြင်းဖြစ်ပါသည်
ဖြေကြားချက် 3 ခု
အပင်တွေကိုမျိုးစိတ်အသစ်ဖြစ်အောင် ဘယ်လိုမျိုးပြုပြင် စိုက်ထုတ်ရပါသလည်း စာအုပ်ရှိရင် လမ်းညွန်ပေးပါ
ဖြေကြားချက် 3 ခု
LDP and SDP အကြောင်းကို အကျယ်ရှင်းပြနိင်မလား အဲံ့တာတွေက ပန်ိးပင်တစ်မျိုးထည်း အကျုံးဝင်တာလား တခြား နစ်ရှည်ပင်...
ဖြေကြားချက် 6 ခု
ဒူးရင်းသီး အစေ့ကို မြေဆွေးထဲမှာ ထည့်ထားရင်း ဒီလိုထွက်လာလို့ ဘာဆက်လုပ်ရမလဲ ဒီတိုင်းထားရမလားရွှေ့ပြောင်းစိုက်ရမ...
ဖြေကြားချက် 2 ခု
တမာ ပိုးသတ်ဆေးကို ရန်ကုန်ဘယ်နားမှာဝယ်လို့ရပါလဲ။ မွန်ပြည်နယ်မှာဆိုင်ရှိရင်လဲအစဥ်ပြေပါတယ်
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။