မိုးစပါးကျဲခင်းမှာ ဒန်ကျွဲပင်အများကြီးပေါက်နေတာ နှုတ်ဖို့လည်းမနိုင်လို့ပါ ဘာပေါင်းသတ်ဆေးဖျန်းရမလဲ ညွှန်ပေးစေ...
မိုးစပါးကျဲခင်းမှာ ဒန်ကျွဲပင်အများကြီးပေါက်နေတာ နှုတ်ဖို့လည်းမနိုင်လို့ပါ ဘာပေါင်းသတ်ဆေးဖျန်းရမလဲ ညွှန်ပေးစေချင်ပါတယ်
မိုးစပါးကျဲခင်းမှာ ဒန်ကျွဲပင်အများကြီးပေါက်နေတာ နှုတ်ဖို့လည်းမနိုင်လို့ပါ ဘာပေါင်းသတ်ဆေးဖျန်းရမလဲ ညွှန်ပေးစေချင်ပါတယ်
ဂလှိုင်ပေါက်ဖြန်းပေးပါ
မြတ်ဝမ်းပူကြတော့ကောဘာဆေးသုံးသင့်လည်းဗျ
မိုးရွာလို့ ရေတင်သွားမယ်ဆိုရင် ၁၀ရက်ကနေ ရက်၂၀သါးအတွင်းဆို ပေါင်းသတ်မြေဆီကျွေးလို့လည်း ရပါတယ် ရေမတင်ရင် ဆေးဖျန်းတဲ့အပိုင်းကိုရွေးချယ်ရမှာပါ ဆေးဖျန်းမယ်ဆို ၁၅ရက်သားလောက်ဆို ( ဇောင်းထက် ၊ တော့ဟာဘီ) စတဲ့ဆေးတွေသုံးလို့ရပါတယ် ဒါမှမဟုတ်ရင် ၁လကျော် (အေမင်းစူပါ ၊ အာမိုဟက်ထရစ်)စတဲ့ဆေးတွေသုံးလို့ရတယ် ရွက်ပြန့်ကတော့ သတ်ရတာလွယ်ပါတယ်
ဟုတ်ကဲ့ပါ စပါးနှင့်ရောပေါက်နေတာပါ (၇)ရက်သားပဲရှိပါသေးတယ်
စပါးနဲ့ရောပေါက်နေတာလား စပါးနဲ့ရောပေါက်နေတာဆိုရင် စပါးသက်တမ်း ၁၀ရက် ၁၅ရက်သားလောက်ဆို (Bensulfuron Methyl) ဖျန်းလို့ရပါတယ် ဒါမှမဟုတ် ၁လသားလောက်မှ နှိမ်နှင်းမယ်ဆို 24D ဖျန်းပါ ရွက်ပြန့်က သတ်ရတာလွယ်ပါတယ်
စပါးပင်လေးတွေမပေါက်ခင်ပေါင်းသတ်ဆေးဖြန်းသင်တယ်ထပါတယ် တခါမှတော့မလုပ်ဖူး ဘူး မျိုးစေ့ချပြီ မပေါက်ခင် ပေါင်းသတ် ဆေးဖြန်းတာတော့ တွ့ဖူးတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မိုးစပါကျဲခင်းပါဘယ်လိုပေါင်းသတ်ဆေးမျိုးသုံးရမလဲပြောပြပေးပါ/သဲတိုးမျက်/မျက်ပြာ/မျက်သီး/ဘဲစာ/မုံညှင်း
ဖြေကြားချက် 3 ခု
စပါး ကဘယ်နှစ်ရက်သားဆိုပေါင်းသတ်ဆေးဖြန်းလို့ရလဲခင်ဗျာ
ဖြေကြားချက် 4 ခု
စပါးပေါင်းသတ်ဆေး ဘယ်ဆေးကောင်းလဲဗျာ
ဖြေကြားချက် 1 ခု
မိုးစပါးမြတ်သတ်ဆေးဘာဆေးဖြန်းရလဲခင်ဗျ
ဖြေကြားချက် 1 ခု
စပါးမြတ်သတ်ဆေးဘာဆေးသုံးရလဲခင်ဗျ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။