အပင်ကြီးနှုန်းမြန်စေတဲ့ဓာမြေသြဇာသတ်သတ်ရှိပါသလားပဲသီးပင်မှာသုံးချင်လို့ပါညွှန်းကြပါအုန်းအပင်ကတိုင်ပေါ်တက်တအားနှေးနေပြီးသတ်မှထားတဲ့ရက်နဲ့အပင်ကြီးသာကမကိုယ်နေလို့ပါပဲသီးပင်ပါရှင့်တိုင်ရဲ့တဝက်ကြော်ကြော်လေးလောက်ရောက်ရမဲ့ဟာကိုတဝက်နားတောင်မရောက်သေးဘူးမြေကသဲမြေလည်းဖြစ်နေလို့ပါဘယ်လိုဆက်လုပ်ရမလဲရှင့်
အပင်အားကောင်းဖို့က နိုက်ထရိုဂျင်လိုတာ ပုလဲ ပန်းဖူး လိုမျိုးထည့်ပေးရမှာ နိုက်ထရိုဂျင်ပဲသီးသန့်ပါတဲ့မြေဩဇာထည့်ပေးပါ အများကြီးတော့မထည့်နဲ့ပေါ့ အစိုဓါတ်ရှိချိန်ပဲထည့်ဖို့လဲသတိထားပါ
နိုက်ထရိုဂျင်၄၆%ပါတဲ့မြေဩဇာသုံးဖို့အကြံပေးချင်ပါတယ် ဉပမာ မြင်းပျံမိုးသီး ပုလဲပန်းဖူး ဒို့တောင်သူပင်ကောင်း ဒို့တောင်သူပင်ကောင်းမိုးသီး စိပီမိုးသီး စီပီ30 5 5အပင်ထွား အာမို မိုးသီး စတာတွေကို မြေအစိုဓါတ်ရှိချိန်အနည်းငယ်စီ၇ရက်ခြား၂ခါလောက်ထည့်ပေးကြည့်ပါ့လား နေပူပြင်းချိန် တော့မထည့်မိပါစေနဲ့ဗျ