ရေချိုပုစွန်မွေးမြူရေးတွင် အဓိကကျသော ကန်တူးဖော်ခြင်းအကြောင်း
ရေချိုပုစွန်မွေးမြူဖို့ ကန်တူးဖော်ရာတွင် ကန်ဘောင်ထုထည်ပမာဏကို ကန်တူးဖော်သည့် မြေအမျိုးအစားပေါ်မူတည်၍ ပြုလုပ်ရပါမည်။ ဥပမာ- ၀.၅ ဧကအရွယ်ကန်များတွင် တာဘောင်မျက်နှာပြင်အကျယ်ကို ၅ပေခန့် ထားရန် လိုအပ်ပါသည်။ ၁ဧက အရွယ်ကန်များတွင် ၁၀ ပေခန့် ရှိရပါမည်။ ၁.၅- ၂.၅ ဧကကန်များတွင် မျက်နှာပြင်အား ၁၅-၂၀ ပေ ရှိသင့်ပါသည်။ ရေဆင်းများတည်ဆောက်ရာတွင် မြေသားအခြေအနေအရ သဲဆန်သည့်ရွံ့စေးမြေများတွင် ၁း၁.၅ - ၁း၂.၅ အထိ ထားရပါမည်။ ရေထိန်းနိုင်စွမ်း ပိုကောင်းသည့် ရွံ့စေးမြေတွင် ၁း၁.၅- ၁း၂ ခန့်သာ ထားရန် လိုအပ်ပါသည်။
ကန်တူးဖော်ရာတွင် အရေးကြီးသည့် အချက်မှာ ကန်အောက်ခြေမျက်နှာပြင်သည် ရေထုတ်ပေါက်ရှိရာဘက်သို့ နိမ့်ကျနေစေရန်နှင့် အောက်ခြေသည် ပြင်ညီချောမွတ်နေစေရန် ပြုလုပ်ထားရပါမည်။ တာဘောင်များ တည်ဆောက်ရာတွင် မြေသားထုအပိုအလို မရှိစေရန်နှင့် လိုအပ်သော အမျိုးအစား၊အရွယ်အစား ရရှိစေရန် ကန်ပန္နက်ရိုက်သည့်အခါ ဝါး(သို့)ကြိုးတန်းများကိုအသုံးပြု၍ တာဘောင်များကို ပုံဖော်ထားရပါမည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကန်တူးဖော်ရာတွင် သေသပ်ခိုင်ခန့်သည့် တာဘောင်များကို ကုန်ကျစရိတ်နည်းပါးစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။
ကန်များတွင် ရေတံခါးတပ်ဆင်ထားခြင်းသည်က ရေသွင်း/ရေထုတ် ပြုလုပ်နိုင်ပေသည်။ ရေတံခါးများကို ကန်မျက်နှာပြင်၏ နိမ့်ရာဘက်တွင်တပ်ဆင်ပြီး ရေထုတ်ပေါက်အား အရွယ်အစား အမျိုးမျိုး ပြုလုပ်ကြပါသည်။ ဥပမာ-၂.၅ ဧက အရွယ်အောက်ရှိ ကန်များကို ရေထုတ်ပိုက် ၉ လက်မ အရွယ်ပြုလုပ်၍ ၂.၅ ဧကနှင့်အထက် ကန်များကို ၁၄ လက်မပိုက်များတပ်ဆင်အသုံးပြုကြသည်။
ရေတံခါးတိုင်များကို ကန်၏လိုအပ်သော ရေမျက်နှာပြင်ထက် ၆လက်မ မှ ၁ပေ အမြင့်အထိ တည်ဆောက်ထားခြင်းဖြင့် လိုအပ်သောရေထက်ပိုလျှံနေသော ရေများကို ရေတံခါးတိုင်မှတဆင့် အပြင်သို့ ထွက်စေသည်။ ထို့ကြောင့် ရေတံခါးတိုင် ရှိသည့်ကန်များတွင် ရေလျှံပေါက် အထူးတလည်တပ်ဆင်ရန် မလိုအပ်တော့ပေ။

Ref; ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win Ko Thu
3 years agoငါး၊ပုဇွန်၊ဂဏန်းမွေးမြူရေးစိတ်စားတယ်ဝါသနာလည်ပါတယ်မြေလည်းရှိပါတယ်နည်းပညာမကျွမ်ကြင်တော့မအောင်မမြင်မှာကိုစိုရိမ်မှုရှိနေတယ်
Linn Lat
4 years agoပုစွန် ကြီးထွားအောင်အစာဘယ်လိုကြွေးရမလဲ
Related articles
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
ကန်သစ်တူးဖော်ရန် မြေအရည်အသွေးနှင့် မြေစမ်းသပ်ခြင်း
ငါးမွေးမြူရေးလုပ်ငန်းအကြောင်းနှင့် ကန်သစ်တူးဖော်ရန်မြေနေရာရွေးချယ်ခြင်း
Related questions
ငါးမြစ်ချင်း ဈေးနှုန်း သိချင်လို့ပါ ကန်ဖော်ရင် ရောင်းချင်လို့ ငါးဒိုင်ဖုန်းနံပါတ် လိုချင်လို့ပါ။
စိုင်းဟိန်း • 1 answers
ရေချိုးပုဇွန်သားဖောက်ရနိူင်ပါသလား
ဦးဇော်ဇော်နိူင် • 1 answers
ငါးမွေးချင်လို့ပါ အကိုတို့ ငါးကန်လုက်တဲ့နေရာကအခတ်ခဲရှိလို့ ဥယျာဉ် ထဲက လွတ်နေတဲ့ နေရာမှာ မွေးချင်တာ အဆင်ပြေပါ့မလား
MyoLin Thet • 2 answers
ငါးမွေးချင်ပါတယ် ငါးကန်လုက်ချင်တဲ့နေရာက ဥယျာဉ် ထဲမှာဖြစ်နေလို့အဆင်ပြေပါ့မလား
MyoLin Thet • 1 answers
မွေးမြူဖို့ စစခြင်း အရင်းအနှီး ဘယ်လောက်ဆို လုံလောက်မှာလဲ ဆရာတို့ ကန်တူးဖော်ခြင်းတွေရော ဘယ်လိုမြေတွေမှာ အဆင်ပြေမလဲ လယ်မြေဆိုရင် အဆင်ပြေလား တစ်ချက်လောက် အကြံပေးကြပါအုံး
KHUNHTUNKYAW • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....