Green Way
PC Myanmar

PC Myanmar

PC Myanmar Progetto Continenti သည် အီတလီအခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပြီး အီတလီတွင် ၁၉၈၉မှ စတင် တည်ထောင်သည်။ မြန်မာနိုင်ငံရုံးခွဲဖြစ်သည့် Progetto Continenti – Myanmar အနေဖြင့် လုပ်ငန်းဆောင်တာများကို ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ PC Myanmar သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။ PC Myanmar အနေဖြင့် လူထုပါဝင်မှုကို တိုးမြှင့်စေသည့် နည်းလမ်းနှင့် ဒေသတွင်း အဖွဲ့အစည်းများဖြင့် အတူတကွ လုပ်ဆောင်ခြင်းနည်းလမ်း စသည်အားဖြင့် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေခြင်းအားဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် PC Myanmar ၏ အဓိကရည်ရွယ်ချက်လမ်းကြောင်းဖြစ်ကာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလုံးစုံ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အရေးကြီးသောဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများ နှင့် ကျေးရွာအခြေစိုက် အခြေခံအဖွဲ့အစည်းများကို အရည်အသွေး မြှင့်တင်ပေးခြင်း အားဖြင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျှက် ရှိပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ရန် ဦးတည်သည့်ဒေသမှာ အပူပိုင်းဒေသဟု လူသိများသော မကွေးဒေသပင် ဖြစ်သည်။ ဦးတည်သည့် စီမံချက်များမှာ အသက်မွေးမှု (ရေရှည်ဖွံ့ဖြိုးသော စိုက်ပျိုးရေးနှင့် တောင်သူအသင်း အဖွဲ့များအား ကူညီထောက်ပံ့ခြင်း) နှင့် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ရေရှိမှု (သောက်သုံးရေ ရရှိအောင် အကူအညီပေးခြင်းနှင့် အဆိုပါရေအရင်းအမြစ်စီမံခန့်ခွဲခြင်းကို ကျေးရွာလူထုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် ကူညီ ပေးခြင်း)နှင့် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးမှု၊ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ( ဒေသတွင်း NGOများ၊ CBOများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း) တို့နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း (အာဟာရလိုအပ်ချက်များနှင့် ပတ်သက်ပြီး အသိပညာပေးမြှင့်တင်ခြင်း၊ ထောက်ပံ့ခြင်း၊ မိခင်နှင့် ကလေး ပြုစုစောင့်ရှောက်ခြင်းအတွက် ကူညီထောက်ပံ့ပေးခြင်း) ပင် ဖြစ်သည်။        

46 articles

Latest articles by PC Myanmar

ကျွန်ုပ်တို့၏မြေဆီလွှာမှာ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်
မြေဆီလွှာ

ကျွန်ုပ်တို့၏မြေဆီလွှာမှာ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်

မြေဆီလွှာပျက်သုဉ်းခြင်း၏အကျိုးဆက်များ ဆင်းရဲမွဲတေမှုနှင့်စိတ်ချလုံခြုံမှုမရှိသောလူမှုအသိုင်းအဝိုင်း နှင့် သဘာဝဂေဟစနစ်လျော့ပါး/လျော့နည်းလာခြင်း တို့အပြင် အခြားပျက်စီးမှုများကြုံတွေလာရနိုင်သည်။

Green Way Green Way • 18/08/2022
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေများအရ.....
စိုက်ပျိုးရေး ဥပဒေများ

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေများအရ.....

Green Way • 06/09/2020
လယ်ယာမြေဥပဒေနှင့် တောင်သူများအကျိုး
စိုက်ပျိုးရေး ဥပဒေများ

လယ်ယာမြေဥပဒေနှင့် တောင်သူများအကျိုး

Green Way • 05/09/2020
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရနှင့် တောင်သူများအကျိုး
စိုက်ပျိုးရေး ဥပဒေများ

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရနှင့် တောင်သူများအကျိုး

Green Way • 03/09/2020
စိုက်ပျိုးရေးနဲ့ သွင်းရေအရည်အသွေး
စိုက်ပျိုး ရေ

စိုက်ပျိုးရေးနဲ့ သွင်းရေအရည်အသွေး

Green Way • 28/08/2020
ဓာတုလျှော့၍ သဘာဝနည်းများ  တိုးမြှင့်စို့
အပင်အာဟာရ

ဓာတုလျှော့၍ သဘာဝနည်းများ  တိုးမြှင့်စို့

Green Way • 27/08/2020
ပေါင်းဆိုသည်မှာ မြက်လို့ခေါ်သလား (အသံဖြင့် နားဆင်နိုင်ပါသည်)
စိုက်ပျိုး ဗဟုသုတ

ပေါင်းဆိုသည်မှာ မြက်လို့ခေါ်သလား (အသံဖြင့် နားဆင်နိုင်ပါသည်)

Green Way • 26/08/2020
ဆီထွက်သီးနှံများတွင်ကျရောက်တတ်သော ပိုးမွှားများ
ပိုးမွှားရောဂါ

ဆီထွက်သီးနှံများတွင်ကျရောက်တတ်သော ပိုးမွှားများ

Green Way • 14/08/2020
ဆီထွက်သီးနှံများတွင်ကျရောက်တတ်သော ပိုးမွှားရောဂါများကိုခွဲခြားသိမှတ်ခြင်း
ပိုးမွှားရောဂါ

ဆီထွက်သီးနှံများတွင်ကျရောက်တတ်သော ပိုးမွှားရောဂါများကိုခွဲခြားသိမှတ်ခြင်း

Green Way • 13/08/2020
မြေတွင်းအာဟာရ ကုန်ခန်းရခြင်းအကြောင်းရင်းများ
မြေဆီလွှာ

မြေတွင်းအာဟာရ ကုန်ခန်းရခြင်းအကြောင်းရင်းများ

Green Way • 28/07/2020
သင့်လျော်ကောင်းမွန်သော မိုးရေထိန်းသိမ်းရေးနည်းစနစ်များ
စိုက်ပျိုး ရေ

သင့်လျော်ကောင်းမွန်သော မိုးရေထိန်းသိမ်းရေးနည်းစနစ်များ

Green Way • 09/07/2020