ရေချိုငါးခူမွေးမြူနည်း
ငါးခူသည် ရေချို၊ ရေငန်နှစ်မျိုးလုံး၌ကျက်စားနေထိုင်သော ငါးဖြစ်သည်။ မြစ်ချောင်း၊ အင်းအိုင်၊ ရေကန်၊ လယ်ကွင်း စသဖြင့်နေရာအနှံ့အပြားတွင် နေနိုင်ကြသည်။ ရေနောက်နေသောအိုင်ငယ်လေးများ၌ပင် နေနိုင်ကြသည်။ ငါးခူသားပေါက်မှ ရောင်းတန်းဝင်ငါးခူ တစ်ကောင်ဖြစ်သည်အထိ မွေးမြူရာတွင် တစ်နှစ်ခန့်ကြာမြင့်ပါသည်။
ငါးခူငါးကို အဂ်လိပ်လို “Walking Catfish”ဟု ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ Clarias batrachus ဖြစ်သည်။
ငါးခူငါးသည်လည်း လူကြိုက်များသော ငါးအမျိုးအစားတွင် ပါဝင်ပါသည်။
ငါးခူပုံသဏ္ဌာန်နှင့် အမျိုးအစား
ငါးခူငါး၏အရောင်မှာ အနက်ရောင် ခပ်မွဲမွဲဖြစ်သည်။ ဝမ်းဗိုက်ပိုင်းသည် အနည်းငယ်ဖြူသယောင်ရှိသည်။ ဦးခေါင်းသည် အနည်းငယ် ပြား၏။ ကိုယ်လုံးမှာ ဦးခေါင်းပိုင်းတွင် လုံးသယောင်ရှိပြီး အမြီးဘက်သို့ ပြားသွားသည်။ ကျောဆူးတောင်သည် လည်ပင်းမှ အမြီးထိ အရိုးငယ်လေးများဖြင့် သွယ်ဆက်သွားသည်။ ရင်ဆူးတောင်မှာ လွှသွားကဲ့သို့ ရှိသော်လည်း အရေခွံဖြင့် ဖုံးအုပ်လျက် အမြီးပိုင်းသို့ ဆင်းသွားသည်။ ပါးစပ်နားတွင် နှုတ်ခမ်းမွေးကဲ့သို့ အမျှင်သုံးလေးမျှင် ရှိသည်။
အင်းငါးခူ(ရိုးရိုးငါးခူ)နှင့် ပင်လယ်ငါးခူဟူ၍ ၂ မျိုးရှိပါသည်။ အင်းငါးခူ၏ ခန္ဓာကိုယ်အရှည်မှာ ၁ ပေ- ၁ ပေခွဲအထိ ရှိတတ်သော်လည်း ပင်လယ်ငါးခူမှာ အရှည် ၁၂ ပေအထိ ရှိကြောင်း သိရသည်။ ငါးခူသည် လည်ဂုတ်ဘေးတွင် အသက်ရှုအင်္ဂါတစ်ခုပါကြောင်းသိရသည်။ လေထုထဲရှိ အောက်ဆီဂျင်ကို ရှုနိုင်သဖြင့် ကုန်းပေါ်တွင် နာရီပေါင်းအတော်ကြာကြာ အသက်ရှင်နိုင်သည်။

ငါးခူမွေးမြူရေးကန် ပြုလုပ်နည်း
ငါးခူကို ကန်တူး၍ မွေးနိုင်သလို တာလပတ်ကို ကန်အဖြစ်ပြုလုပ်၍ ထိုအထဲတွင် ရွှံ့ညွန်နှင့် ရေထည့်ကာ တစ်နိုင်တစ်ပိုင်မွေးမြူတတ်ကြသည်။ အုတ်ကန်ပြုလုပ်၍ မွေးမြူကြသူများလည်းရှိသည်။ ကန်ကိုမိမိမွေးမည့် ငါးအရေအတွက်နှင့် ချိန်ဆ၍ ပြုလုပ်သင့်ပါသည်။ အများအားဖြင့် ပြုလုပ်လေ့ရှိသော ကန်အကျယ်မှာ အလျားပေ ၄၀၊ အနံပေ ၂၀ မှ ပေ ၁၀၀ ပတ်လည်နှင့် အနက် ၅ပေ-၆ပေ ဖြစ်သည်။ ငါးခူသည်လည်း ငါးရံ့ကဲ့သို့ တွားသွားနိုင်သည့်အတွက် ကန်ပေါင်ဘေးပတ်လည်ကို ခပ်မြင့်မြင့် ကာရံထားဖို့ လိုပါသည်။
ကန်အတွင်းသို့ ငါးမထည့်မီ ကန်အတွင်း သြဇာဓာတ်ကြွယ်ဝစေရန် နွားချေးရေဂါလန်ပုံးဖြင့် တစ်ဧကကို ပုံး ၃၀၀ ခန့် ထည့်ပေးရသည်။ ကန်အတွင်းသို့ ငါးစထည့်သည့်အချိန်တွင် ရေအနက်ကို ၃ ပေခန့်သာ ထားပေးရသည်။ ထို့နောက် ငါးအရွယ်အစားပေါ်မူတည်၍ ရေကိုတဖြည်းဖြည်း ၅ပေမှ ၆ပေအထိ တိုးထည့်ပေးရပါမည်။ ထို့အပြင် ကန်အတွင်းသို့ ငါးပုံတစ်ပုံခန့် ဗေဒါပင်များကိုလည်း ထည့်သွင်းပေးနိုင်ပါသည်။
သဘာဝအတိုင်း သားဖောက်နည်း
ငါးခူငါးများသည် သဘာဝအရ ဥ ဥ၍ သားပေါက်လေ့ရှိကြပါသည်။ သို့သော် ယခုတိုးတက် လာသောခေတ်တွင် ဆေးထိုး၍ သားဖောက်လေ့ရှိကြသည်။ ထို့ကြောင့် ငါးခူကို သဘာဝနည်းဖြင့် သားဖောက်မျိုးပွားခြင်းနှင့် ဆေးထိုးသားဖောက် မျိုးပွားခြင်းဟူ၍ ရှိပါသည်။
ငါးခူကို အထီး၊ အမ ခွဲမည်ဆိုပါက တစ်နှစ်သားအရွယ်တွင် ခွဲနိုင်သည်။ ငါးခူအထီးသည် စအိုကပ်လျက် အောက်ဘက်တွင် မျိုးပွားအင်္ဂါအသားပိုတစ်ခုပါသည်။ အမမျိုးပွားအင်္ဂါမှာ ဝိုင်း၍ တိုသည်။ ငါးခူသည် သဘာဝအလျောက် သားပေါက်လျှင် မြက်ပင်များဖြင့် အသိုက်လုပ်၍ ဥချလေ့ရှိသည်။ အောင်မြင်သောဥများသည် နာရီ ၂၀ အတွင်း အကောင်ပေါက်သည်ဟု သိရသည်။ ဤကား မွေးမြူရေးကန်အတွင်း သဘာဝအတိုင်း သားဖောက်ခြင်းမျိုးမဟုတ်ဘဲ မြစ်ချောင်း အင်းအိုင်များ၌ သူ့သဘာဝအတိုင်း သားပေါက်ခြင်း ဖြစ်သည်။
ကန်အတွင်း၌ ဆေးမထိုးဘဲ သဘာဝအတိုင်း သားဖောက်မည်ဆိုပါက အရွယ်ရောက်ပြီး တစ်နှစ်သား ငါးခူအထီးနှင့် အမကို ရွေးချယ်ရမည်။ ကိုယ်အလျားမှာ ၁၂ လက်မခန့် ရှိရမည်။ တချို့က အထီးနှစ်ကောင်၊ အမတစ်ကောင်နှုန်းဖြင့် သားဖောက်ကြသည်။ ထိုနှုန်းအတိုင်း ကန်အတွင်းသို့ ထည့်ပြီးပါက ၃ ရက်လျှင်တစ်ကြိမ် ကျင်းများကို စစ်ဆေးကြည့်ရပါမည်။ ထိုအခါ ငါးများ ဥ မဥကို သိနိုင်သည်။ ဥချ သောအခါ တစ်ကျင်းလျှင် ဥ ၂၀၀၀ မှ ၅၀၀၀ အထိ ဥနိုင်သည်။
ဆေးထိုးသားဖောက်နည်း
ယခုအခါ ငါးခူငါးကို ဆေးထိုးသားဖောက်၍လည်း မွေးမြူနေကြပါပြီ။ ငါးခူငါးကို ဆေးထိုးသားဖောက်မည်ဆိုပါက မျိုးငါးကို ရွေး ချယ်ရပါမည်။ မျိုးငါး၏သက်တမ်းသည် တစ်နှစ်သားကို အကောင်ထွားသော ငါးအား ရွေးချယ်သင့်ပါသည်။ ပျှမ်းမျှအလေးချိန်မှာ ငါးခူ အမတစ်ကောင်သည် ၁၂ ကျပ်သားရှိရမည်။ ငါးအထီး၏အလေးချိန်မှာ ၁၀ ကျပ်သားရှိရမည်။ ဆေးထိုးရာတွင် ငါးထီးကိုတစ်ကြိမ်နှင့် ငါးမကို နှစ်ကြိမ်ထိုးရသည်။ ငါးမကို ဟိုမုန်းဆေးထည့်၍ ပထမအကြိမ်ထိုးပြီး ခြောက်နာရီကြာပါက ဒုတိယအကြိမ် ၉ မီလီဂရမ် ထပ်ထိုးပေးရသည်။ ငါးမကို ဒုတိယအကြိမ် ဆေးထိုးပြီးနောက် ငါးခူထီးကိုအကျိတ်ဟိုမုန်းဆေး ၆ မီလီဂရမ် ထိုးပေးရသည်။
အထက်ပါအတိုင်း ဆေးထိုးပြီးပါက အသင့်ပြုလုပ်ထားသော ငါးလှောင်ကန်ထဲသို့ ထည့်ရသည်။ ပြီးနောက် ငါးဥများ တွယ်ကပ်နိုင်စေရန် ကန်အတွင်းသို့ မြက်ပင်နှင့် ပင်လယ်ကဗွီးရွက်စသော အပင်များကို ထည့်ပေးရသည်။ထိုကဲ့သို့ ဆေးထိုးလှောင်ကန်အတွင်း ထည့်ပြီး ၁၄ နာရီမှ ၁၆ နာရီအတွင်း မိတ်လိုက်၍ ဥဥလေ့ရှိပါသည်။ ဥနှုန်းသည် တစ်ကျင်းလျှင် ၂၀၀၀ မှ ၅၀၀၀ အထိ ရှိတတ်သည်။
ငါးများမိတ်လိုက်ချိန်တွင် အဓိကအရေးကြီးဆုံးမှာ အပူချိန်ဖြစ်သည်။ ငါးမိတ်လိုက်ချိန်တွင် လိုအပ်သောအပူချိန်မှာ ၂၅ ဒီဂရီစင်တီ ဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်သည်။ ထို့နောက် နာရီ ၂၀ အကြာတွင် အကောင်ပေါက်လာသည်။ သဘာဝနည်းနှင့် ဆေးထိုး သားဖောက်နည်းကြာချိန်မှာ အတူတူပင်ဖြစ်သည်။အကောင်ပေါက်ချိန်မြန်သည်ဟု ဆိုရပေမည်။
ငါးသားပေါက်လေးများကို အလျား ၁၀ ပေ၊ အနံ ၆ ပေနှင့် အနက် ၂ ပေရှိသော အုတ်ကန်ငယ်လေးများအတွင်းသို့ ငါးခူသား ပေါက် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ထည့်သွင်း၍ ဖွဲနု ၃၀ ကျပ်သား၊ ပဲဖတ် ၁၅ ကျပ်သား၊ ငါးနုပ်ငါးသေး ၆၅ ကျပ်သားကို နှစ်ပတ်ကြာ အထိ ကြိတ်ကျွေးရပါမည်။
ငါးခူမွေးမြူရာတွင် အခြားငါးများကဲ့သို့ ကန်အကျယ်ကြီး ပြုလုပ်စရာ မလိုပေ။ နေရာအနည်းငယ်ဖြင့်ပင် မွေးမြူနိုင်ပါသည်။အများအားဖြင့် ငါးခူကို ယခင်က ကြက်မွေးမြူရေးနှင့် တွဲ၍ မွေးမြူလေ့ရှိကြသည်။ တချို့မှာ ကြက်ခြံအောက်၌ ငါးခူကန်ကို ပြုလုပ်မွေးမြူလေ့ရှိကြသည်။ ကြက်ချေးသည် ငါးစာဖြစ်သဖြင့် ဤကဲ့သို့ မွေးမြူကြသော်လည်း ယခုနောက်ပိုင်းတွင် အဆိုပါနည်းစနစ်သည် ကျန်းမာရေးအတွက် မသင့်တော်သဖြင့် မွေးမြူခွင့် မပြုတော့ပေ။ သို့သော် အုတ်ကန်ဖြင့် သီးသန့်မွေးမြူမည်ဆိုလျှင် စတုရန်းပေ ၁၀ ပေတွင် အနက် ၆ပေ အုတ်ကန်တစ်ကန်တွင် ငါးခူ ၅၀ ကောင်နှုန်း ထည့်သွင်း မွေးမြူနိုင်ပါသည်။ သတိပြုရမည့် အချက်တစ်ချက်မှာ ငါးကန်သည် သတ်မှတ်အပူချိန်ထက် မများဖို့ လိုအပ်ပါသည်။အပူချိန်များပါက ငါးသားပေါက်များ သေဆုံးနိုင်ပါသည်။
အစာကျွေးနည်း
ငါးခူသားပေါက်(နှစ်ပတ်သား) နှင့် နှစ်ပတ်သား အထက်ငါးများကို ကြက်၊ ဘဲ၊ ဝက်တို့၏ ကလီစာများကို နုပ်နုပ်စဥ်း၍ ကျွေးနိုင်သည်။ ထို့အပြင်ဖွဲနု၊ ဆန်ကွဲ၊ ပဲဖတ်နှင့် ဟင်းသီးဟင်းရွက်များကို ရောနှောကာ မနက်/ညနေ တစ်ကြိမ်စီကျွေးရပါမည်။ ငါးခူသည် အသားစားငါးလည်းဖြစ်သဖြင့် အသားငါးအရိအရွဲများကိုလည်း ကျွေးနိုင်ပါသည်။
နောက်အစာကျွေးနည်းတစ်နည်းမှာ သဘာဝနည်းတစ်နည်း ဖြစ်ပါသည်။ ယင်းမှာ ငါးအုတ်ကန်အတွင်း ပိုးမွှားများလာအောင် မီးထွန်းပေးခြင်း ဖြစ်ပါသည်။ မီးရောင်ကြောင့် ပိုးမွှားများ ရောက်လာပြီး ကန်အတွင်းသို့ ကျပါက ငါးများက ဖမ်းယူစားသောက်ခြင်းဖြစ်ပါသည်။ အစာကို ဝဝလင်လင်အချိန်မှန်မှန်ကျွေးပါက ၈ လအတွင်း ၁၂ ကျပ်သားအထိ ကြီးထွားလာနိုင်ပါသည်။
တချို့မွေးမြူရေးငါးများမှာ ၅၀ ကျပ်သားမှ ၈၀ ကျပ်သားအထိ ရှိကြောင်းသိရပါသည်။ ထို့ပြင် တီကောင်၊ ပုစွန်ဆိတ်လေးများကိုလည်း ကျွေးနိုင်သည်။ မီးဖုတ်ထားသော သားရေချပ်များကိုလည်း ကန်အတွင်း ငုတ်စိုက်၍ ချည်ထားပေးနိုင်သည်။ ထိုအခါ သားရေချပ်သည် ရေနူးလာပေလိမ့်မည်။ ထိုရေနူးနေသော သားရေချပ်များကို ငါးများစားကြသည်။
ငါးခူသည်အလေးချိန်စီးသဖြင့် ပိဿာများနိုင်သော ငါးမျိုးဖြစ်သည်။ ငါးခူငါးပိကောင်သည်လည်း မြန်မာလူမျိုးတို့ နှစ်သက်စွာစား သုံးကြသော ဟင်းလျာတစ်မျိုး ဖြစ်ပါသည်။
ငါးခူကို တချို့ကတစ်ပိုင်တစ်နိုင်မွေးမြူကြပြီး တချို့မှာ စီးပွားဖြစ် မွေးမြူကြသည်။ ထို့ကြောင့် တစ်ပိုင်တစ်နိုင် မွေးမြူသည်ဖြစ်စေ၊ စီးပွားဖြစ်မွေးမြူသည် ဖြစ်စေ အဆင်ပြေစေရန် ငါးခူမွေးမြူနည်းကို ရေးသားတင်ပြလိုက်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ငါးမွေးမြူနည်း
kolwin
10 months agoငါးခူးငါးကိုဆေထိုးသားပေါက်လုပ်ဖို့အတွက်ဆေးကိုဘယ်ဆိုင်မှာဘယ်လိုပြောဝယ်ရလဲ ငါးရယွဘယ်လိုနေရာကိုထိုးရတာလဲဆေးကရော်ဘယ်တိုင်တာထိထိုးပေရတာလဲ
မူးကလယ်
1 year agoငါးခူသားပေါက် လေးတွေ ပါးဟပ်နီပီးသေရင် ဘာကြောင့်လဲ
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025