ငါးတန်အသားတိုးမွေးမြူနည်း
ငါးတန်ငါးမျိုးများသည် မိုးဦးရာသီတွင် သဘာဝအလျောက် ဥချသားပေါက်လေ့ရှိပြီး မြစ်ချောင်းများတွင် နေထိုင်ကျက်စားကာ အစုံစားသောငါးမျိုးဖြစ်ပါသည်။ အသားတိုးနှုန်းကောင်းမွန်၍ မြေကန်နှင့်သော် လည်းကောင်း၊ လှောင်အိမ်ဖြင့်သော်လည်းကောင်း၊ ရေရှင်မွေးမြူနည်းစနစ်ဖြင့်သော်လည်းကောင်း စီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်ပါသည်။

မြေနေရာ မြေအမျိုးအစားရွေးချယ်ခြင်း
၁။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စျေးကွက်နှင့် နီးသောနေရာဖြစ်ရမည်။
၂။ တစ်နှစ်ပတ်လုံးရေရရှိ၍ အလွယ်တကူ ရေလဲလှယ်ပေးနိုင်သော နေရာဖြစ်ရမည်။
၃။ ရေကိုကောင်းစွာထိန်းသိမ်းနိုင်သော ရွှံ့စေး(သို့) ရွှံ့နုန်းမြေအမျိုးအစားကို ရွေးချယ်သင့်ပါသည်။
ကန်တူးဖော်ခြင်း
- ၁။ ငါးတန်မွေးမြူရန် အနည်းဆုံး ရေအနက် ၄ ပေလိုအပ်ရာ မြေသားအနက် ၄ ပေ တူးဖော်ရန် လိုအပ်ပါသည်။
- ၂။ ရေနက်ကွင်းဒေသများတွင် အလယ်၌ ကျောက်ပြင်ခံပုံစံဖြင့် ဘေးပတ်လည်၌ ပတ်မြောင်းတူးကာ ကန်ပေါင်အမြင့် ၇ ပေမှ ၈ ပေအထိ ခိုင်ခံ့စွာ ပြုလုပ်မွေးမြူနိုင်ပါသည်။
- ၃။ ရေသွင်းရေထုတ်ပြုလုပ်ရန် ရေတံခါးများစနစ်တကျ ပြုလုပ်ရမည်။
- ၄။ ငါးများ ပြန်လည်ဖမ်းဆီးရာ၌ လွယ်ကူစေရန် ကန်အောက်ခြေ၌ ရေထုတ်ပေါက်ဖက်သို့ ဆင်ခြေလျှော တူးဖော်ပေးရမည်။
ကန်အရွယ်အစား
- စီးပွားဖြစ်မွေးမြူရန်ဆိုပါက အနည်းဆုံး ၀.၅ ဧကမှ အများဆုံး ၂ ဧကရှိသောကန်များ တူးဖော်မွေးမြူသင့်ပါသည်။
ကန်ပြင်ဆင်ပုံအဆင့်ဆင့်
- ၁။ ကန်သစ်ဖြစ်ပါက တစ်ဧကလျှင် ထုံးပိဿာ ၃၀၀ ခန့် ထည့်ပေးရမည်။
- ၂။ ထုံးထည့်ပြီး တစ်ရက်၊ နှစ်ရက် အကြာတွင် တစ်ဧကလျှင် နွားချေး၊ ကြက်ချေး ပိဿာ ၁၅၀ ခန့် ထည့်ပေးရမည်။
- ၃။ ထို့နောက် ရေ ၄ ပေခန့်အထိ ထည့်သွင်းပေးရမည်။
- ၄။ တစ်ပတ်မှ ၁၀ ရက်ခန့်ထိအကြာ ကန်ရေ ကြည်စိမ်းလာပါက ငါးတန်သားပေါက်များ ထည့်သွင်းမွေးမြူ
- နိုင်ပြီ ဖြစ်သည်။
- ၅။ ကန်ဟောင်းဖြစ်ပါက ကန်တွင်းရှိရေအားလုံးကိုထုတ်ပစ်၍ ငါးရိုင်းများ ကုန်စင်အောင်ရှင်းလင်းသုတ်သင်ပေးရမည်။
- ၆။ ထို့နောက် တစ်ဧကလျှင် ထုံးပိဿာ ၁၀၀ မှ ၁၅၀ ထိ ကန်အနှံ့အပြား ဖြန့်ထည့်ပေးရပါမည်။
- ၇။ ကန်အတွင်း မြေသားအရည်အသွေးကောင်းမွန်မှု၊ ချဉ်ဖန်နှုန်းနှင့် အောက်ဆီဂျင်လုံလောက်မှု၊ ရေအရည် အသွေးကောင်းမွန်မှုတို့အတွက် နွားချေး၊ ကြက်ချေး တင်း ၅၀ မှ ၁၀၀ အထိ ဖြည့်တင်းပေးရပါမည်။
- ၈။ ကန်အတွင်း ငါးရိုင်းများ မပါရှိစေရန် ရေကိုစစ်၍ သွင်းပေးရမည်။
- ၉။ ရေထည့်ပြီး ၁၀ ရက်ခန့်အကြာ ကန်ရေစိမ်းလာပါက ငါးတန်သားပေါက်များ စတင်ထည့်သွင်းမွေးမြူနိုင်ပြီဖြစ်ပါသည်။
ငါးသားပေါက် ထည့်သွင်းနှုန်း
- ငါးကန်တစ်ဧကလျှင် ငါးတန်သားပေါက်ကောင်ရေ ၅၀၀၀ မှ ၁၀၀၀၀ အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။မွေးမြူသောငါးများသည် အရွယ်အစားညီမျှ၍ ရောဂါဘယ ကင်းရှင်းရပါမည်။
အစာအမျိုးအစားနှင့် အစာကျွေးနှုန်း
- ၁။ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်နှင့် တိရိစ္ဆာန်အူများ၊ အစာကြွင်း အစာကျန်များ ကျွေးမွေးနိုင်ပါသည်။ အသားများကိုလည်း ကျွေးမွေးနိုင်ပါသည်။
- ၂။ အထူးစပ်စာအဖြစ် ဖွဲနု ၅၀ %၊ ပဲဖတ် ၃၀ % နှင့် ငါးကြေမှုန့် ၂၀ %တို့အား ရေဖြင့်ရောနယ်၍ အလုံးအဆုပ်များပြုလုပ်၍ ကျွေးမွေးနိုင်ပါသည်။
- ၃။ ကန်တွင်းတွင်ရှိသော ငါးစုစုပေါင်းအလေးချိန်၏ ၆ % မှ ၈ % အထိ နေ့စဉ်တွက်ချက်ကျွေးမွေးနိုင်ပါသည်။
ကြီးထွားနှုန်း
ပထမနှစ်တွင် ၃၀ ကျပ်သားမှ ၅၀ ကျပ်သားအထိ ကြီးထွားနိုင်ပြီး ဒုတိယနှစ်တွင် ၁ ပိဿာ မှ ၁ ပိဿာ ၂၀ ကျပ်သားအထိ ကြီးထွားနိုင်သည်။
အဖတ်တင်နှုန်း
၁ လက်မခွဲမှ ၂ လက်မ ငါးသန်အရွယ်သားပေါက်များ စတင်ထည့်သွင်းမွေးမြူပါက ၄၀ ရာခိုင်နှုန်းအဖတ်တင်နိုင်ပြီး ၃ လက်မမှ ၄ လက်မအရွယ် ငါးသန်အရွယ်သားပေါက်များ ထည့်သွင်းမွေးမြူလျှင်တော့ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိ အဖတ်တင်နှုန်း ရရှိနိုင်ပါသည်။
ရေလဲလှယ်ပေးခြင်း
ငါးတန်မျိုးများသည် အစုံစားငါးမျိုးဖြစ်သဖြင့် ကျွေးမွေးသောအစာများသည် ကန်ရေအား ညစ်ညမ်းစေရာတစ်လလျှင်တစ်ကြိမ် ကန်တွင်းရှိရေ ၅၀ ရာခိုင်နှုန်းကို လဲလှယ်ပေးရန် လိုအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာနဘက်က ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှုများ
၁။ ငါးတန်သားပေါက်များကို ငါးလုပ်ငန်းဦးစီးဌာန ငါးသားဖောက်စခန်းများမှ လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။
၂။ ငါးတန်မွေးမြူရေးနှင့် ပတ်သက်သည့် နည်းစနစ်များ ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးလျက် ရှိပါသည်။
၃။ ငါးတန်မွေးမြူရန် သင့်လျော်သည့် မြေများနှင့် ရေမြေတို့၏ ရူပ၊ ဓာတုဆိုင်ရာ အခြေအနေများအား စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၄။ မြန်မာနိုင်ငံရေမြေနှင့် ကိုက်ညီမည့် ငါးမျိုးအသစ်များ၏ မွေးမြူနည်း၊ သားဖောက်နည်းများအား သုတေသနပြုလျက် စီးပွားရေးအရ အကျိုးအမြတ်ရှိနိုင်သည့် ငါးမျိုးသားပေါက်များထုတ်လုပ်ပေးခြင်း၊နည်းစနစ်များ ဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
'ငါးတန်ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း' ဆောင်းပါးကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://greenwaymyanmar.com/posts/striped_catfish_farming_with_injection
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မွေးမြူနည်း
မင်းခန့်
2 years agoရပါတယ်ဗျ
မင်းခန့်
2 years agoရပါတယ်ဗျ
pauk pauk
3 years agoငါးတန်သားပေါက်လိုချင်ပါတယ်ဘယ်၄ှာဝယ်ရမလဲ နတ်တလငကပါ
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....