ရေပေါ်လှောင်အိမ်စနစ်ဖြင့် တီလားပီးယားငါး မွေးမြူနည်း(၆)
၁၀။ ပိုက်လှောင်အိမ် ထိန်းသိမ်းမှု
(က) စစ်ဆေးခြင်း
စစ်ဆေးခြင်းလုပ်ငန်းကို စီမံခန့်ခွဲသူများက ခိုင်ခိုင်မာမာ တာဝန်ယူလုပ်ဆောင်ရမည် ဖြစ်ပါသည်။ဘေးအန္တရာယ်ကင်းမှုကို စောင့်ကြည့်စစ်ဆေးရန်နှင့် လှောင်အိမ်ဖြင့်မွေးမြုခြင်း ပြီးပြည့်စုံအောင်မြင်ရေးအတွက် ပိုက်လှောင်အိမ်များ မပေါက်ပြဲစေရန်နှင့် ငါးများလွတ်ထွက်မသွားစေရန် သတိပြုထိန်းသိမ်းရပါမည်။
ငါးများ၏လှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာခြင်းနှင့် အစာကျန်များဖယ်ရှားခြင်းကိုပြုလုပ်ရန် လှောင်အိမ်အား လှည့်ပတ်ကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်ရပါမည်။ လှောင်အိမ်ပိုက်ကွက်များ ပိတ်ဆို့ခြင်းအားရှောင်ရှားနိုင်ရန် လှောင်အိမ်ကို ငြိတွယ်လာသောအမှိုက်သရိုက်များနှင့် အခြားသောအရာ များကို ဖယ်ရှားပစ်ရပါမည်။
ရောဂါကျနေသောငါး (သို့မဟုတ်) ငါးအသေများကို ဖြစ်နိုင်သမျှ ဆောလျင်စွာ ဖယ်ရှားပစ်ရပါမည်။ ငါးများသေဆုံးရသည့်အကြောင်းရင်းကို ဆန်းစစ်ရမည်ဖြစ်ပြီး ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းအစီအမံများ ပြုလုပ်ရပါမည်။ အထူးသဖြင့် ရေအတက်အကျများသောကာလများဖြစ်သည့် လေပြင်းတိုက်သောရာသီနှင့် မိုးများသောရာသီကာလများတွင်ဝန်ထမ်းများနှင့် လုပ်သားများကို နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ တာဝန်ပေး ချထားရပါမည်။
လှောင်အိမ်များသောင်တင်ခြင်းနှင့် နစ်မြုပ်ခြင်းတို့အား ရှောင်ရှားနိုင်ရန် လှောင်အိမ်များကို ခိုင်မြဲစွာချည်နှောင်ထားရပါမည်။ မုန်တိုင်းမတိုက်မီနှင့် တိုက်ပြီးနောက်လည်း လှောင်အိမ်၏ အမျိုးမျိုးသော အစိတ်အပိုင်းများ ကောင်းစွာခိုင်မြဲမှု ရှိ/မရှိကို စစ်ဆေးရပါမည်။
(ခ) သန့်ရှင်းခြင်း
လှောင်အိမ်အား (၅) ရက်မှ (၇) ရက်ကြာတိုင်း သန့်ရှင်းရေး ပြုလုပ်ပေးရပါမည်။
(ဂ) ရောဂါကျခြင်းနှင့် အခြားသောပြဿနာများ
လှောင်အိမ်ဖြင့်မွေးမြူခြင်းသည် ရှုပ်ထွေးသော ရေသတ္တဝါမွေးမြူနည်းပုံစံတစ်ရပ် ဖြစ်ပါသည်။ ငါးများကို ကျပ်တည်းစွာထည့်သွင်းမွေးမြူထားသဖြင့် အမျိုးမျိုးသော ရောဂါများကျရောက်နိုင်ပါသည်။ အကယ်၍ ရောဂါတစ်မျိုးကျရောက်သည်ကို တွေ့ရှိရပါက ငါးများအားကုသရန် ဆေး ထည့်ဖော်စပ်ထားသောအစာဖြင့်ကျွေးခြင်း (သို့မဟုတ်) ဓာတုဆေးဝါးများဖြင့် စိမ်ပေးခြင်းတို့ကို ပြုလုပ်ရပါမည်။
ထိုကဲ့သို့ပြုလုပ်ရာတွင် ကုန်ကျစရိတ်များခြင်း၊ အချိန်ကုန်ခြင်းနှင့် တစ်ခါတရံ မထိရောက်ခြင်းများဖြစ်နိုင်ပါသည်။ ရောဂါကျရောက်ခြင်းမှ ရှောင်ရှားရန် အကောင်းဆုံးနည်းလမ်းတစ်ရပ်မှာ မွေးမြူထားသောငါးနှင့် ပတ်ဝန်းကျင်ရေကို ကောင်းစွာ ဂရုပြုစီမံခန့်ခွဲမှုလုပ်ဆောင်ခြင်း ဖြစ်ပါသည်။
အကယ်၍ ပျော်ဝင်အောက်စီဂျင်နှင့် အမိုးနီးယားပမာဏများ လက်မခံနိုင်လောက်သော အနေအထားသို့ရောက်ပါက ရေအရည်အသွေးကို အခြေခံအားဖြင့် ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်းနှင့် လုပ်ဆောင်ရမည့်အဆင့်များကို အရေးတယူ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
ငါးများကိုသေချာစွာကိုင်တွယ်ခြင်းလုပ်ဆောင်မှုသည်လည်း အထူးအရေးကြီးပါသည်။ ငါးများ သည် ရေထဲ၌အသက်ရှင်နေထိုင်ခြင်းဖြစ်ပြီး ရေ၏ပြင်ပတွင် အချိန်ကြာမြင့်စွာထားခြင်းသည် ၄င်းတို့အားရောဂါဖြစ်စေနိုင်သည့် ဖိအားများဖြစ်စေပါသည်။
၁၁။ မွေးမြူထားသောငါးများ ပြန်လည်ဖမ်းဆီးကုန်ထုတ်ခြင်းနှင့် ကိုင်တွယ်ခြင်း

ငါးများပြန်လည်ဖမ်းဆီးရာတွင် လှောင်အိမ်ကို အပိုင်းလိုက် ရေပေါ်သို့ ဆယ်တင်ဖော်ယူ၍ ငါးများကို ဒိုင်းဝန်းဖြင့်ဖမ်းယူနိုင်ပါသည်။
လှောင်အိမ်ငယ်များမှ ငါးများကို ပြန်လည်ဖမ်းယူခြင်းမှာ လွန်စွာရိုးရှင်းလွယ်ကူသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ လှောင်အိမ်၏ တစ်ဖက်စကို ဆွဲတင်မယူလိုက်ခြင်းဖြင့် ငါးများအားလုံးသည် ထောင့်တစ်ဖက်တွင် စုစည်းမိပြီး ခြင်းတောင်းဖြင့်လည်းကောင်း(သို့မဟုတ်)ဒိုင်းဝန်းဖြင့်လည်း ကောင်း ဖမ်းယူနိုင်ပါသည်။ တစ်နည်းအားဖြင့် ဝါးလုံးတစ်လုံးဖြင့် လှောင်အိမ်၏ အောက်တစ်ဖက် တစ်ချက်စီမှ ဆွဲတင်မယူလာပြီး မွေးမြူထားသောငါးများအားလုံးကို ထောင့်တစ်နေရာတွင် စုစည်းထားပြီး ဖမ်းယူနိုင်ပါသည်။
ငါးများ၏ အရေအတွက်ကို ရေတွက်စစ်ဆေးခြင်း၊ ချိန်တွယ်တိုင်းတာခြင်းနှင့် ဆက်လက်မွေးမြူရန် လှောင်အိမ်ထဲသို့ ပြန်ထည့်ခြင်းကိုလည်း ပြုလုပ်ခြင်း(သို့မဟုတ်) ငါးများအားလုံးကို ဖမ်းယူကုန်ထုတ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ အကယ်၍ အရွယ်တူငါးများရရှိရန် အရေးကြီးပါက အပြီး အစီးဖမ်းယူရန်အတွက် ရက်သတ္တပတ်(၄)ပတ်နှင့်အထက် လိုအပ်ပါမည်။ အကြောင်းမှာ တစ်ချိန်တည်းတွင် ငါးများအားလုံးသည် လိုချင်သောအရွယ်သို့ တစ်ပြိုင်နက်မရောက်ရှိနိုင်သောကြောင့် ဖြစ်ပါသည်။
ငါးများပြန်လည်ဖမ်းဆီးကုန်ဖော်ချိန်သည် ငါးမွေးမြူခြင်းလုပ်ငန်းတွင် များစွာပျော်စရာကောင်း သော အချိန်တစ်ချိန်ဖြစ်ပါသည်။ လှောင်အိမ်ငယ်ဖြင့် မွေးမြူခြင်းလုပ်ဆောင်ရာတွင် ကုန်ဖော်ခြင်းလုပ်ငန်းစဉ်သည် မြေသားကန်၌ ကုန်ဖော်ခြင်းထက် များသောအားဖြင့် ပိုမိုလွယ်ကူပါသည်။ငါးများကို လှောင်အိမ်များထဲတွင် စုစည်းထားပြီးဖြစ်၍ ဒိုင်းဝန်းဖြင့် ဖမ်းယူနိုင်ပါသည်။
လှောင်အိမ်အကြီးများ(သို့မဟုတ်) ယင်းတား စနစ်ဖြင့် မွေးမြူပါက ပြန်လည်ဖမ်းယူကုန်ဖော်သောလုပ်ငန်းမှာ ပို၍ရှုပ်ထွေးပါသည်။ ပြန်လည်ဖမ်းဆီးယူနိုင်ရန် ငါးများကို စုစည်းထားရှိရပါမည်။လှောင်အိမ်များကို အပိုင်းလိုက်ဆယ်တင် မယူခြင်း (သို့မဟုတ်) အချို့သော ဆန်ကာအမျိုးအစားများအသုံးပြုခြင်း(သို့မဟုတ်)လှောင်အိမ်အတွင်းရှိ စုစည်းထားသောငါးများကို အရွယ်ခွဲပြီး စုစည်းထားခြင်းကို လုပ်ဆောင်နိုင်ပါသည်။
Ref; ငါးလုပ်ငန်းဦးစီးဌာန။
(အပိုင်း-၇ တွင် ပိုက်လှောင်အိမ်ဖြင့် ငါးမွေးမြူရာ၌ တွေ့ကြုံနိုင်သော အခက်အခဲများ၊ ငါးရောဂါများကို ဖော်ပြပေးသွားပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ငါးမွေးမြူနည်း
stores
2 years agoငါးမွှေးချင်ပါတယ်ခဗျငါးသားပေါက်လေးတွေဘယ်ဈေးဘယ် လိုဘယ်ပုံစံနဲ့ဝယ်ရမလဲကန်တော့ရှိထာသယ်အရင်းနည်းလို့ဦးစီးဌာနမှစီစဉ်ညွန်ကြားအကြံတောင်ခံပါတယ် ဗျ
ဦဇော်မျိုးထက်
3 years agoငါးမျှစ်ချင်း နှင့် မြက်စားငါးကြင်း ၆လက်မ. အရွယ်အစားရောင်းဖို့ရှိ ပါတယ် အမ်းမြို့
နှင်းဖြူဖြူ
3 years agoနေပြည်တော်၊လယ်ဝေးမြို့၊ချောင်းမငယ်ဆည်၊ အထက်ပေါင်းလောင်းဆည်စတဲ့ ဆည်တမံတွေမှာ မွေးမြူနေပါပီ
Min Ko
3 years agoခုဘယ်မှာမွေးနေလဲ
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....