ငါးခုံးမကြီး (သို့) ထိုင်းငါးခုံးမမွေးမြူနည်း
ငါးခုံးမကြီး (သို့မဟုတ်) ထိုင်းငါးခုံးမ(Barb)၏ သိပ္ပံအမည် Puntius gonionotus သည် အပူပိုင်းဒေသငါးမျိုးဖြစ်ပြီး အသီးအရွက်စားငါးအမျိုးအစား(Herbivores)ဖြစ်သည်။ ဖွဲနု၊ ပဲဖတ်နှင့် ကန်စွန်းရွက်တို့ကို နှစ်သက်စွာ စားသုံးသည့်အပြင် မြက်နုကလေးများကိုလည်း စားသောက်ပါသည်။ ၄င်းငါးသည် ကန်ရေ၏ ရေပေါ်နှင့် ရေလယ်ပိုင်းအလွှာများတွင် နေထိုင်လေ့ရှိသည်။ ၄င်းငါးသည် ကန်အတွင်း သဘာဝအတိုင်း ပြန်လည်ပေါက်ဖွားလေ့ မရှိပါ။ ၄င်းငါးအမျိုးအစားသည် တစ်နှစ်သားတွင် အရွယ်ရောက်ပြီး ဆေးထိုးသားဖောက်သည့်နည်းဖြင့် ဇန်နဝါရီလမှ ဇွန်လအတွင်း သားဖောက်နိုင်ပါသည်။
မွေးမြူသောကာလနှင့် ကြီးထွားနှုန်း
၄င်းငါးအမျိုးအစားသည် အစာအား တက်ကြွစွာ ရှာဖွေစားသောက်တတ်သော အလေ့အထရှိပြီး သားပေါက်များအား ပုံမှန်အတိုင်း မွေးမြူပါလျှင် အစာကျွေးမှု နိုင်နင်းပါက မွေးမြူကာလ ၆ လတွင် ၄၀ ကျပ်သားမှ ၅၀ ကျပ်သားအထိ ကြီးထွားလေ့ရှိပါသည်။
ငါးခုံးမသားပေါက်အရွယ် ၁လက်မအောက် သားပေါက်များဖြင့် မွေးမြူပါက ကြီးထွားနှုန်း နောက်ကျခြင်း၊ အသေအပျောက်များခြင်းများ ဖြစ်ပေါ် နိုင်ပါသည်။ ငါးသားပေါက်အရွယ် ၃ လက်မအထက် သားပေါက်များဖြင့် မွေးမြူပါက ကြီးထွားနှုန်းမြန်ပြီး အသေအပျောက် နည်းပါသည်။

၄င်းငါးမျိုးသည် ကန်အတွင်း သဘာဝအစာဖြစ်သော အပင်မျှောလှေးများ ပေါက်ရောက်နေပါက ကြီးထွားနှုန်း ပိုမိုကောင်းမွန်ကြောင်း တွေ့ရပြီး ဖြည့်စွက်စာအဖြစ် ကျွေးမွေးသော ဖွဲနုနှင့် ပဲဖတ် ပမာဏအား လျှော့၍ ကျွေးမွေးနိုင်ပါသည်။
ပုံမှန်အစာကျွေးနှုန်းအနေဖြင့် ငါးအရွယ်ငယ်ရွယ်စဥ်တွင် စုစုပေါင်းငါး အလေးချိန်၏ ၅ ရာခိုင်နှုန်း ကျွေးမွေးနိုင်ပြီး သက်ကြီးကောင်အဆင့်တွင် စုစုပေါင်းငါးအလေးချိန်၏ ၃ ရာခိုင်နှုန်းကို ကျွေးမွေးနိုင်ပါသည်။
အသေးစား တစ်နိုင်တစ်ပိုင် ငါးမွေးမြူရာတွင် ၄င်းငါးအမျိုးအစားအား တစ်ဧကလျှင် ၅,၀၀၀ မှ ၇,၀၀၀ အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။ အကယ်၍ မွေးကန်သည် ကျယ်ဝန်းပါက ၄င်းငါးများအား အခြားသော ရေအောက်အလွှာနေ ငါးများဖြင့် ရောနှောမွေးမြူလေ့ရှိပါသည်။ ထိုသို့ ရောနှောမွေးမြူပါက တစ်ဧကလျှင် သားပေါက်ကောင်ရေ ၂,၅၀၀ မှ ၃,၅၀၀ အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။၄င်းငါးခုံးမကြီး ငါးမျိုးတစ်မျိုးတည်း မွေးမြူခြင်းထက် အခြားငါးများ(ဥပမာ-ငါးတန်) နှင့် ရောနှောမွေးမြူခြင်းက ပိုမိုအကျိုးအမြတ်များ၍ သင့်လျော်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ငါးမွေးမြူနည်း
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025