ငါးဖယ်အောင်းငါး အသားတိုးမွေးမြူနည်းနှင့် ငါးမှုံ၊ ငါးသန်သားပေါက်ပြုစုနည်း
ငါးဖယ်အောင်းငါးမျိုးသည် ငါးသိုင်းမျိုးတွင်ပါဝင်ပြီး အလတ်စားငါးမျိုးဖြစ်သည်။ ကျောခုံး၍ အမြီးခွရှည်သော အကြေးခွံရှိငွေရောင်ငါးတစ်မျိုးဖြစ်သည်။
ပါဏဗေဒအလိုအားဖြင့် ငါးဖယ်အောင်းကို 'ရိုးတီးဗီလင်ဂါရီ'ဟုခေါ်သည်။ ခန္ဓာကိုယ်မှာ ခပ်ပြားပြားရှိပြီး ဦးခေါင်းမှလွဲ၍ တစ်ကိုယ်လုံးတွင် အဖြူရောင်အကြေးများ ဖုံးအုပ်လျက်ရှိသည်။ ကျောရိုး ဆူးတောင်တစ်ခုတည်းသာ ရှိသည်။ နှာတံတွင် အပေါက်ကလေးများ ပါရှိသည်။ ခန္ဓာကိုယ်သည် သိသိသာသာပြားသည်။
ဝမ်းဗိုက်အလျားတစ်ခုလုံးသည် တစ်ပြေးညီ တည်ရှိသည်။ စအိုရေယက်သည် တို၍ ဆူးမျှင်ပျော့ ၁၇ - ၁၈ ချောင်း ရှိပါသည်။ ကျောဆူးတောင်သည် ရှည်လျား၍ လွှသွားပုံဆူးမာ ဖြစ်သည်။ ခန္ဓာကိုယ်အရောင်သည် ငွေရောင်ဖြစ်၍ ကျောဘက်ပိုင်းသည် ငွေရောင်မှိုင်းမှိုင်းဖြစ်သည်။ မျက်ဆံသည် အနီရောင်ဖြစ်သည်။ ပါးစပ်ကျယ်၍ သွားမရှိဘဲ အပေါ်မေးရိုး အောက်မေးရိုးဖြင့် ကာကွယ်ထားသည်။

ငါးဖယ်အောင်း(Osteobrama belangeri) ၏ အသေးစိတ်အချက်အလက်များ
Kingdom - Animalia
Phylum - Chordata
Class - Actinopterygii
Order - Cypriniformes
Family - Cyprinidae
Genus - Osteobrama
Species - balengeri
ငါးဖယ်အောင်းမျိုးငါး အထီးနှင့်အမ ရွေးချယ်ခြင်း
ဆေးထိုးရန်အသင့်ဖြစ်နေသော ငါးဖယ်အောင်းမျိုး ငါးအထီး၏ ရင်ရေယက်သည် ကြမ်းတမ်းနေပါသည်။ အရောင်အသွေး တောက်ပနေပါသည်။ မျိုးရည် (Sperm) ကို စစ်ဆေးကြည့်သောအခါ မပျစ်လွန်းမကျဲလွန်း သွေးရောင်မပါသော မျိုးရည်ဖြစ်၍ နို့နှစ်ရောင်သန်းနေပါသည်။ ဆေးထိုးရန် အသင့်ဖြစ်နေသော ငါးဖယ်အောင်းမျိုးငါးအမ၏ ရင်ရေယက်သည် ချောမွေ့နေပါသည်။ ရင်ခေါင်းပိုင်းသည် လုံးဝန်း၍ ဘေးမြောင်းထမနေဘဲ ဝမ်းဗိုက်သည် ပျော့လည်နေသည်။ ငါးဥ၏အရောင်သည် သိသာထင်ရှားစွာ ပယင်းရောင်သန်းနေပါသည်။
ဆေးထိုးသားဖောက်ခြင်း
ငါးဖယ်အောင်းဆေးထိုးသားဖောက်ရာတွင် ဟော်မုန်းဆေးအဖြစ် Suprefact-E နှင့် Motilium-M တို့အား အသုံးပြုပါသည်။
- အမ 1 Kg တွင် Suprefact -E (30) microgram × 0.5 pcs × 0.5 distilled water နှင့်
- အထီး 1 Kg တွင် Suprefact -E(15)microgram ×0.5 pcs ×0.5 distilled water ဖြင့် ဆေးထိုးပါသည်။
- ဆေးထိုးပြီးပါက (၆ပေ x ၄ပေ x ၄ပေ) အကျယ်ရှိသော breeding hapa တွင်ထည့်၍ မျိုးငါးအစုံ(၆)စုံအထိ ထည့်သွင်းမိတ်လိုက်စေနိုင်ပါသည်။
ငါးဖယ်အောင်းမျိုးငါးများ မိတ်လိုက်ဥချခြင်း
ငါးဖယ်အောင်းမျိုးငါးများအား ဆေးထိုးသားဖောက်ခြင်းဆောင်ရွက်ရာတွင် ဟော်မုန်းဆေးထိုးပြီး (၆)နာရီအကြာတွင် စတင်မိတ်လိုက်၍ဥချပါသည်။ ဥချပြီး ၂ နာရီတွင် ရေမာဥများဖြစ်လာသည်။ ငါးဖယ်အောင်းဆေးထိုးသားဖောက်ရန်အတွက် အထီး(၂)ကောင်၊ အမ(၁)ကောင် အချိုးအားဖြင့် မျိုးငါးများအားရွေးချယ်၍ ဆေးထိုးသားဖောက်ပါသည်။
ငါးဥများ ဆယ်ယူစုဆောင်းခြင်းနှင့် သားဖောက်ခြင်း
မျိုးငါးများ ဥချပြီး (၂) နာရီခန့်အကြာတွင် ရေမာဥလေးများ ဖြစ်လာ၍ ဆယ်ယူစုဆောင်းပါသည်။ငါးဖယ်အောင်းငါးမျိုး 1 kg အလေးချိန်ရှိ ငါးမျိုးမတစ်ကောင်၏ ဥချမှုအရေအတွက်သည် ဥလုံးရေ (၄)သိန်းခန့် ဥချသည်။
ငါးဖယ်အောင်းငါးဥများမှ အကောင်ပေါက်ခြင်း
မြန်မာနိုင်ငံ၏ မုတ်သုံရာသီဖြစ်သော(ဇွန်၊ ဇူလိုင်၊ သြဂုတ်) လများတွင် ဆေးထိုးသားဖောက် ပြုလုပ်နိုင်သည်။ ရရှိလာသော ရေမာဥလေးများအား ဥဖောက်ကိရိယာ(Jar) ထဲတွင်ထည့်၍ အောက်စီဂျင်လေပေးခြင်း ပြုလုပ်ပေးထားရပါသည်။ သန္ဓေအောင်ဥများသည် ရေအပူ ချိန်(၂၄-၂၅) ဒီဂရီစင်တီဂရိတ်တွင် ၁၆ နာရီ အကြာတွင် အကောင်ပေါက်လာသည်။ ငါးဖယ်အောင်းငါးမျိုး၏ ဥအရောင်သည် အဝါနုရောင်ရှိသည်။
ငါးမှုံ၊ ငါးသန်သားပေါက်ပြုစုခြင်း
ငါးဖယ်အောင်းသားပေါက်များအား ဥမှပေါက်ခါစ သားလောင်းများ၌ (yolksac) ခေါ် အစာအိတ်ပါလာပြီး ၄၈ နာရီအကြာထိ အဆိုပါအစာအိတ်မှအာဟာရမှီဝဲပြီး ကြီးလာကြသည်။ ၄၈ နာရီကြာပြီးနောက် သားလောင်းများသည် ပြင်ပအစာများ စတင်စားလာနိုင်ကြသဖြင့် ဗီတာမင်အားဆေးနှင့် ကြက်ဥအနှစ်တို့ကိုရောကာ (၃) ရက်ကြာအထိ တစ်နေ့လျှင် ၄ ကြိမ် ကျွေးရပါသည်။ အကောင်ပေါက်ပြီး ၄ ရက်အကြာတွင် ငါးမှုံပြုစုရန် ကြိုတင်ပြင်ဆင်ထားသော မြေသားကန် ၁ ဧကကန် (အလျား ၂၀၀ x အနံ ၂၀၀) ပတ်လည်ရှိကန်တွင် ငါးမှုံကောင်ရေ(၂၀) သိန်းခန့် ထည့်သွင်းပြုစုနိုင်ပါသည်။
ငါးမှုံသားပေါက်ကန်အား ကြိုတင်ငါးရိုင်းရှင်း၍ ရေအနက် (၁) ပေခွဲတွင် ပဲဖတ် တစ်နေ့လျှင် သုံးပိဿာအား နေ့/ည (၂) ကြိမ်ခွဲကျွေး၍ ငါးမှုံ(၁၀)ရက်သားအထိ ပြုစုမွေးမြူရပါသည်။ ထို့နောက် ငါးမှုံ(၁၀)ရက်သားမှ ရက်ပေါင်း (၃၀) အထိ ဖွဲနု၊ ပဲဖတ်၊ ငါးကြေမှုန့်တို့အား (၃:၂:၁) အချိုးဖြင့် အချိုးကျရောစပ်၍ ရောစပ်ထားသောအစာအား တစ်နေ့လျှင်(၆)ပိဿာအား (၃) ကြိမ်ခွဲ၍ ငါးမှုံအား အစာကျွေးပြုစုရပါသည်။
ငါးဖြန်းပြုစုမွေးမြူခြင်း
တစ်လက်မအရွယ်ငါးသားပေါက်များကို မြေသားကန်တွင် ကောင်ရေ ၁၂၀၀၀၀ ထိ မွေးမြူနိုင်ပြီး ငါးဖြန်းအရွယ် (၃ လက်မ - ၄ လက်မ) အရွယ် ရောက်ရှိအောင် Protein 40 % ပါဝင်သောစပ်စာအား တစ်နေ့လျှင် (၂) ကြိမ်နှုန်းဖြင့် တစ်ကြိမ်လျှင် (၂-၄ ပိဿာ) အား body weight ၏ (10 % )ဖြစ်သော အစာအားကျွေး၍ မွေးမြူနိုင်ပါသည်။
အသားတိုးပြုစုမွေးမြူခြင်း
ငါးဖယ်အောင်းမွေးမြူရာတွင် မြေသားကန်အတွင်း၌ တစ်ဧကလျှင် ကောင်ရေ ၂၀၀၀၀ နှုန်း ထည့်သွင်းမွေးမြူနိုင်ပြီး ငါးဖြန်းအရွယ် (၃)လက်မအရွယ်များ ထည့်သွင်းမွေးမြူနိုင်ပါက ရှင်သန်နှုန်းပိုမိုရရှိနိုင်မည်ဖြစ်သည်။ Protein 40% ပါဝင်သေ ာဖော်စပ်အစာအား မွေးမြူထားသောငါးအလေးချိန်၏(၅-၇ %)ရှိ အစာအား နေ့စဉ်ကျွေးပြီး မွေးမြူပါက (၆-၇) လအတွင်း စျေးကွက်ဝင်အရွယ်(၃၀၀-၅၀၀)ဂရမ်အထိငါးများ ရရှိနိုင်ပါသည်။ ငါးဖယ်အောင်းငါးမျိုးသည် အစုံစားငါးမျိုးဖြစ်၍ သက်ရှိအကောင်ငယ်လေးများနှင့် အစာစိမ်းများလည်း ထည့်သွင်းကျွေးမွေးနိုင်ပါသည်။
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ငါးမွေးမြူနည်း
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025