ရာသီဥတုပြောင်းလဲခြင်းက မြေဆီလွှာအပေါ် ဘယ်လိုအကျိုးသက်ရောက်လဲ..(အပိုင်း - ၁)
ကာဗွန်ဒိုင်အောက်ဆိုဒ်သည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော ကမ္ဘာကြီးပူနွေးစေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ယခုအခါ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်မြင့်မားမှုကို လျှော့ချရန် ကာဗွန်ကိုလက်ခံသိမ်းထားနိုင်သော စိုက်ပျိုးမြေများအပေါ်မှာ အာရုံစိုက်လုပ်ဆောင်လာကြသည်။ ရာသီဥတု ပြောင်းလဲမှုများသည် မြေကြီးကို ပျက်စီးဆုတ်ယုတ်စေသော အကြောင်းအရင်းများထဲက တစ်ခုဖြစ်သည်။ ထို့ကြောင့် ပျက်စီးဆုတ်ယုတ်သွားသော မြေများကို ပြုပြင်ရန် အထူးတလည်လိုအပ်သည်။
ရာသီဥတုလိုက်လျောညီထွေဖြစ်သော စိုက်ပျိုးနည်းစနစ်များသည် အချိန်အတိုင်းအတာတစ်ခုအထိ မြေမျက်နှာပြင် (၀-၁၀ စင်တီမီတာ) ၌ ကာဗွန်ကို သိုလှောင်နိုင်စွမ်းရှိသည်။ ရေရှည်မြေစီမံခန့်ခွဲမှုသည် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော နည်းစနစ်များ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ရေရှည်မြေစီမံခန့်ခွဲမှုတွင် လူတို့၏ အကျိုးစီးပွားကို တိုးမြင့်စေပြီး မြေအရင်းအမြစ်မှပေးသော ဂေဟစနစ်ကို တိုးတက်ကောင်းမွန် စေသော စီမံခန့်ခွဲမှုများပါဝင်သော မြေအသုံးချမှုစနစ်များပါဝင်သည်။
ရေရှည်မြေစီမံခန့်ခွဲမှုတွင် မြေကြီးတိုးတက် ကောင်းမွန်စေရန်အတွက် သဘာဝမြေဆွေးပါဝင်မှုသည် အဓိကကျသည်။ ထို့အပြင် မြေကြီး၏ ကာဗွန်ဖယ်ထုတ်နိုင်သည့်စွမ်းအားကို ပို၍ အာရုံစိုက်စီမံခန့်ခွဲ လုပ်ဆောင်လာကြသည်။ သဘာဝသစ်တောမြေနှင့် စားကျက်မြေများကို သီးနှံစိုက်ပျိုးသော မြေအဖြစ် ကာလရှည်ကြာပြောင်းလဲမှုသည် မြေကြီး၏ သဘာဝပစ္စည်းပါဝင်မှုပမာဏကို (၄၂)% နှင့် (၅၉)% ကျဆင်းကြောင်း စတော့မန်းနှင့် အပေါင်းပါက ၂၀၁၃ ခုနှစ် (Stockmann et al. 2013) တွင် ရေးသားတင်ပြခဲ့သည်။
၁၇၅၀ မှ ၂၀၀၇ အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်သည် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသော အဓိက အကြောင်းရင်းဖြစ်ပြီး အကျိုးဆက်ဖြင့် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ မြေကြီးသည် ကာဗွန်၏ အဓိက လက်ခံ (sink) ဖြစ်ပြီး အပင်က ထိန်းသိမ်းထားနိုင်သော ကာဗွန်ထက် (၄) ဆ၊ လေထုက စုပ်ယူထားနိုင်သော ကာဗွန်ထက် (၂) ဆ သိုလှောင်ထားနိုင်သည်။
ကာဗွန်နှင့် နိုက်ထရိုဂျင်သည် မြေကြီးအော်ဂဲနစ်ပစ္စည်း၏ အဓိကပါဝင်ပစ္စည်းဖြစ်သည်။ မြေသားတည်ဆောက်ပုံ၊ ရေထိန်းသိမ်းနိုင်စွမ်းအား၊ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားနှင့် အာဟာရဓာတ်မျှဝေပေးသည့် စနစ်ကဲ့သို့ မြေကြီး၏ ဂုဏ်သတ္တိများကို မြေကြီးအော်ဂဲနစ်ပစ္စည်းက များစွာ လွှမ်းမိုးလျက်ရှိသည်။ အော်ဂဲနစ်ပစ္စည်းပါဝင်မှုများသော မြေကြီးက ပို၍ ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အတွင်း သီးနှံများထုတ်လုပ်ခြင်းကြောင်း အန္တရာယ်ဖြစ်စေသော ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းစေကာ မြေကြီး-သီးနှံသဟဇာတဖြစ်မှုတိုးမြင့်စေရန်အတွက် ရေရှည်စိုက်ပျိုးထုတ် လုပ်နိုင်သော နည်းလမ်းများသည် မရှိမဖြစ်လိုအပ်သည်။ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေး၏ အဓိကအချက်ဖြစ်သော ရေရှည်မြေစီမံခန့်ခွဲမှုသည် မြေကြီး သီးနှံ ဆက်နွှယ်ချက်ကို ကောင်းမွန်စေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချကာ စိုက်ပျိုးရေးကြောင့် ရာသီဥတုပြောင်းလဲမှုကို လျော့နည်းသက်သာစေပါသည်။ ထို့အပြင် မြေကြီး၏ ကာဗွန်သိုလှောင်နိုင်စွမ်းအားကို တိုးမြင့်ကောင်းမွန်စေသည်။ ရေရှည်မြေစီမံခန့်ခွဲမှုသည် သဘာဝတရားကြီး ၏ ဝန်ဆောင်မှုများကို တိုးမြင့်စေပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွားကို တိုးမြင့်ကောင်းမွန်စေသည်။ ကာဗွန်ထိန်းသိမ်းသည့် နည်းလမ်းများအသုံးပြုခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျော့နည်းခြင်း၊ ကာဗွန်သိုလှောင် ခြင်းစသည့် အကျိူးအမြတ် (၃) ခုကို ရေရှည်မြေစီမံခန့်ခွဲမှုမှ ရရှိနိုင်သည်။ ဥပမာ-သစ်တောမြေနှင့် စားကျက်မြေများသည် မြေထဲတွင် ကာဗွန်ကို များစွာသိုလှောင်နိုင်စွမ်းရှိသည်။

ပင်ကြွင်းပင်ကျန်မီးရှို့ခြင်း (ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်ခြင်း)၊ ထွန်ယက်စိုက်ပျိုးခြင်း (ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်ခြင်း)၊ သစ်တောပြုန်းတီးခြင်း (ကာဗွန်ဒိုင်အောက် ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်ခြင်း)၊ ရွှံ့မြေတူးဖော်ခြင်း (ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်ခြင်း)၊ ထိန်းချုပ်မှုမရှိသော လွှတ်ကျောင်းခြင်း (ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်ခြင်း) ကဲ့သို့သော စိုက်ပျိုးနည်းစနစ်များသည် ကမ္ဘာကြီးပူနွေးမှုကို ပိုမိုဖြစ်ပေါ်စေသည်။
မြေအသုံးချမှုအတွက် မြေကြီးအတွင်း ကာဗွန်ပမာဏသည် အခြေခံအကျဆုံးအရင်း အမြစ်ဖြစ်ပြီး မြေအသုံးချမှုစီမံခန့်ခွဲမှုနည်းလမ်းများ၏ အဓိကသော့ချက်ဖြစ်သည်။ တစ်ပိုင်တစ်နိုင်စိုက်ပျိုး မွေးမြူခြင်းနည်းလမ်းများသည် မြေအရည်အသွေးတိုးမြင့်ခြင်း၊ မြေတိုက်စားမှုထိန်းချုပ်ခြင်း၊ ရေစီမံခန့်ခွဲခြင်း၊ မြေဩဇာစီမံခန့်ခွဲခြင်းအပေါ်မှာ ကောင်းစွာလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် သမားရိုးကျနည်းလမ်းများကို ပြန်လည်ပြုပြင်သည့်နည်းလမ်းများအနေဖြင့် ပိုမိုအသုံးပြုလာကြသည်။ မြေကြီးအတွင်းမှာရှိသော ကာဗွန်များသည် အော်ဂဲနစ်များ၏ အစိတ်အပိုင်းများဖြစ်၍ သဘာဝ၊ သီးနှံဂေဟစနစ်နှင့် မြေ၏အရည်အသွေးပေါ်မှာ များစွာလွှမ်းမိုးမှုရှိသည်။
စိုက်ပျိုးမြေအများစုသည် လုံးဝမစိုက်ပျိုးထားသော မြေ (တစ်ကီလိုဂရမ်တွင် ၁၅ မှ ၂၀ ဂရမ် အော်ဂဲနစ်ကာဗွန်ပမာဏရှိ) နှင့်နှိုင်းယှဉ်လျှင် တစ်ကီလိုဂရမ်တွင် ၅ ဂရမ်ထက်နည်းပြီး မြေကြီး၏ အော်ဂဲနစ်ကာဗွန်ပမာဏပါဝင်သည်။ စိုက်ပျိုးမြေမှ ကမ္ဘာလုံးဆိုင်ရာမြေကြီး၏ ကာဗွန်ပမာဏဆုံးရှုံးမှုသည် ၅၀ ဂစ်ဂါတန် (၁ ဂစ်ဂါတန်= ၁ ဘီလီယံတန်) ပမာဏရှိသည်။ ဤဆုံးရှုံးသွားသော ကာဗွန်၏ ပမာဏအချို့ကို ရေရှည်မြေစီမံခန့်ခွဲသော နည်းလမ်းအားဖြင့် ပြန်လည်ဖြည့်တင်းရယူနိုင်သည်။

အမြစ်နက်နက်ဆင်းသော သီးနှံများနှင့် စားကျက်သီးနှံများသည် မြေကြီးအတွင်း ကာဗွန်ပမာဏကို ပို၍ ပွားများစေသည်။ လေထုထဲမှ ကာဗွန်ဖယ်ထုတ်ခြင်းကို မြေကို ထိန်းသိမ်းပြုပြင်သည့်ထွန်ယက်စိုက်ပျိုးနည်း၊ ပင်ကြွင်းပင်ကျန်ဖုံးအုပ်ခြင်း၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ စုပေါင်းအာဟာရနှင့် ရေစီမံခန့်ခွဲခြင်းတို့ဖြင့် လုပ်ဆောင်နိုင်သည်။
ဤတိုးတက်သောမြေစီမံခန့်ခွဲမှု နည်းလမ်းများသည် လယ်သမားများ၏ မြေကြီးအတွင်း ကာဗွန်ပမာဏကို တိုးတက်ကောင်းမွန်စေပြီး သီးနှံအထွက်နှုန်းကို တိုးတက်ကောင်းမွန်စေသည်။ ကျေးလက်ဆင်းရဲမွဲတေမှုကို လျော့နည်းစေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချစေပြီး အကျိုးဆက်အားဖြင့် ရာသီဥတုပြောင်းလဲမှုကို လျော့နည်းသက်သာစေသည်။
Reference
IPCC. (2007). Forster, P., Ramaswamy, V. P., Artaxo, T., Berntsen, R., Betts, D. W., Fahey, J., Haywood, J., Lean, D. C., Lowe, G.,Myhre, J.,Nganga, R., Prinn, G., Raga, M., Schulz., &
Dorland, R. Van. Changes in Atmospheric constituents and in radiative forcing. In Climate
change 2007, The physical science basis. Contribution of working group I to the fourth
assessment report of the Intergovernmental Panel on Climate Change [Solomon, S., D. Qin,
M. Manning, Z. Chen, M. Marquis, K. B. Averyt, M. Tignor, & H. L. Miller (Eds.). Cambridge
University Press.
Stockmann, U., et al. (2013). The knowns known unknowns and unknowns of sequestration of soil organic carbon. Agriculture, Ecosystems and Environment, 164, 80–99.
World Bank. (2010). Deep wells and prudence: Towards pragmatic action for addressing groundwater overexploitation in India. DC, World Bank. Online: http://siteresources.worldbank.org/INDIAEXTN/
Lal, R. (2004). Soil carbon sequestration impacts on global climate change and food security.
Science, 304, 1623.
Lal, R. (2011). Sequestering carbon in soils of agroecosystems. Food Policy, 36, S33–S39.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့် အကြံပေးကြပါဦးခင်ဗျ ဆရာသမားတို့.. ကုန်ကျစရိတ်အရ နှစ်မျိုးထဲက တစ်မျိုးဆိုရင် ဘယ်အရာကိုပိုချသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ကြပါဦးခင်ဗျ...
အောင်မျိုးသူ • 1 answers
ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြားမှိုဆေး ရောဖျန်းလို့အဆင်ပြေလားလဲ ပြောပြပေးပါအုံး အကို
Aung Lay • 2 answers
ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား
Sawdohhtoo Sawsaw • 1 answers
ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား
ဝင့်ဝါခိုင် • 2 answers
မြေကြီးPh တိုင်းတဲ့စက္ကူ ရန်ကုန်ကဘယ်ဆိုင်တွေမှာရလဲဗျသိရင်ညွန်ပေးကြပါအုံး
Tazar Naing • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါက်တာ အိဖြူဝင်း
See all
အပင်ရှိအာဟာရများကို စုပ်ယူကာ သေစေသည်အထိဖြစ်စေနိုင်သည့် ကပ်ပါးပင်များ
09/12/2025
ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားသော သီးနှံရောဂါများ ကာကွယ်ကုသနည်း
30/11/2025
နီမတုတ်ကြောင့်ဖြစ်သောရောဂါများကို ထိန်းချုပ်နည်း
21/11/2025
မှိုကြောင့်ဖြစ်သော သီးနှံရောဂါများကို ကာကွယ်တားဆီးနည်း
07/11/2025
ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ရောဂါကို ကာကွယ်တားဆီးနည်း
22/10/2025