ဆားပေါက်မြေတွင် သီးနှံအောင်မြင်အောင် စိုက်ပျိုးနည်း
သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံများ အထွက်နှုန်းမြင့်မားရေးအတွက် မြေငန်များဖြစ်ပေါ်နေခြင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်လျက်ရှိပါသည်။ စိုက်ပျိုးသည့်သီးနှံ အောင်မြင်ဖြစ်ထွန်းရန်အတွက် မြေနေရာဂရုတစိုက် ရွေးချယ်ရန် အထူးလိုအပ်ပါသည်။ သီးနှံပင်များ ရှင်သန်ကြီးထွားမှုနှင့် အထွက်နှုန်းမထိခိုက်စေသော မြေအမျိုးအစားကို ရွေးချယ်ရန် လိုအပ်ပါသည်။ နေရာဒေသပေါ် မူတည်ပြီး မြေအမျိုးအစားများ တစ်မျိုးနဲ့တစ်မျိုး မတူညီကြပါ။ ဥပမာ မိုးများသော ဒေသနှင့် မိုးနည်းရေရှား ရပ်ဝန်းဒေသမှာ ရှိသောမြေများမှာ မြေအမျိုးအစား မတူညီ နိုင်သကဲ့သို့ တောင်ပေါ်ဒေသနှင့် မြေပြန့်လွင်ပြင်ရှိ မြေအမျိုးအစားမှာလည်း မတူညီနိုင်ကြပါ။ သီးနှံစိုက်ပျိုးမြေအမျိုးမျိုးတွင် မြေချဉ်၊ မြေငန်၊ ဆားပေါက်မြေ၊ ဆပ်ပြာပေါက်မြေ၊ ဆားဆပ်ပြာပေါက်မြေစသည်ဖြင့် ကွာခြားသကဲ့သို့ မတူညီတဲ့ မြေအမျိုး အစားပေါ်တွင် စိုက်ပျိုးရမည့် သီးနှံအမျိုးအစားနှင့် စိုက်ပျိုးပြုစု စီမံဆောင်ရွက်ရမည့် နည်းစနစ်များ မတူညီနိုင်ကြပေ။ မြေအမျိုးမျိုးတွင် သီးနှံများ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ မြေငန်များ တွင်လည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါသည်။
သီးနှံများ စိုက်ပျိုးလျက်ရှိသော မြေငန်များတွင် ဆားပေါက်မြေ၊ ဆပ်ပြာပေါက်မြေ၊ ဆားဆပ်ပြာပေါက်မြေ စသည်ဖြင့် မြေငန်အမျိုးအစား အမျိုးမျိုး တွေ့ရှိရပါသည်။
မြေငန် အမျိုးအစားများကို မြန်မာနိုင်ငံ၏ အပူပိုင်းဇုန် မိုးနည်းရေရှား ရပ်ဝန်းဒေသများနှင့် အချို့ မိုးများသော မြန်မာနိုင်ငံ အောက်ပိုင်း ပင်လယ်ကမ်းရိုးတန်း ဒေသများတွင် တွေ့ရှိရသည်။ ဤကဲ့သို့ စိုက်ပျိုးရေးအတွက် ပြဿနာရှိသော မြေငန်များ ဖြစ်ပေါ်စေသည့် အကြောင်းရင်း များစွာရှိပြီး ဒေသအလိုက် ကွာခြားမှု ရှိကြပါသည်။
ငန်သောမြေအမျိုးအစားတွင် မြေချဉ်ငန်ကိန်း (pH) မြင့်မားခြင်း၊ မြေတွင်းဓာတ်ဆားပါဝင်မှု များခြင်း၊ ထုံးဓာတ်ပါဝင်မှု မြင့်မားခြင်း၊ ဂျစ်ဆန်ပါဝင်မှု နည်းခြင်းစသည့် အချက်များကို တွေ့ရှိနိုင်ပါသည်။
မြေငန်ဖြစ်စေသော အကြောင်းရင်းများမှာ ပင်ရေငွေ့ပျံနှုန်းသည် ရွာသွန်းသော မိုးရေပမာဏထက်များပြားနေခြင်း၊ မိုးရေချိန်နှင့် ရေငွေပျံနှုန်း အချိုးအစား နည်းခြင်း၊ မြေသားထု အတွင်းသို့ ဓာတ်ဆားများ ပျော်ဝင်ပြီး စီးဆင်းရန်အတွက် လုံလောက်သော မိုးရေမရရှိခြင်းကြောင့် ဖြစ်ပါသည်။ ထိုအချက်များကြောင့် မြေမျက်နှာပြင် အပေါ်ပိုင်းတွင် ဓာတ်ဆားများ စုပုံပြီး မြေငန်များ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
မြေမျက်နှာပြင် အပေါ်ပိုင်းတွင် ဓာတ်ဆားများ စုပုံခြင်းကြောင့် ဓာတ်ဆားပျော်ဝင်မှုနှုန်း မြင့်မား လာပြီး မြေချဉ်ငန်ကိန်း (pH) တန်ဘိုး မြင့်ကာ pH တန်ဘိုးသည် မြေချဉ်ငန်ကိန်း(pH) ၇ ထက် ကျော်လာမည်ဖြစ်သည်။ မိုးနည်းရပ်ဝန်း ဒေသများတွင် ရွာသွန်းသော မိုးရေ နည်းပါးလွန်းသည့်အတွက် ပျော်ဝင်လွယ်သော ဓာတ်ဆားများဖြစ်သည့် ဆိုဒီယမ်ကလိုရိုဒ်၊ ဆိုဒီယမ်ဆာလဖိတ်၊ ပိုတက်စီယမ် ကလိုရိုဒ်၊ ပိုတက်စီယမ်ဆာလဖိတ်၊ ကယ်လ်ဆီယမ် ကလိုရိုဒ်ကဲ့သို့သော ဓာတ်ဆားများသည် ပျော်ဝင် စီးဆင်းသွားခြင်းမျိုး မဖြစ်တော့သည့်အတွက် မိုးနည်း ရပ်ဝန်းဒေသ မြေအများစု ရှိ မြေများသည် မြေငန်များ ဖြစ်ပေါ်လျက်ရှိပါသည်။
မိုးများသော ပင်လယ်ကမ်းရိုးတန်းဒေသများတွင်လည်း ပင်လယ်ရေမှ ဆားငန် ရေများ ဝင်ရောက်လာခြင်းကြောင့် မြေငန်များ ဖြစ်ပေါ်ခြင်း ဖြစ်ပါသည်။

ဆားပေါက်မြေများတွင် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ရန်အတွက် မြေဆီလွှာပြုပြင်ခြင်း၊ စနစ်တကျ ရေသွင်းရေထုတ် ပြုလုပ်ခြင်း၊ ဒေသကိုက်ညီသော သီးနှံများ စိုက်ပျိုးခြင်းစသည့် စီမံခန့်ခွဲမှု နည်းစနစ်များမှာ - ထယ်ရေးနက်နက်ထိုးခြင်း၊ မြေသားထုနက်နက် ထယ်ခွဲခြင်း ၊ မြေပြုပြင်ပစ္စည်း များ ထည့်သွင်းခြင်း နှင့် သီးလှည့်စိုက်ပျိုးနည်းစနစ်များဖြင့် မြေဆီလွှာ ပြုပြင်ခြင်းကို စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
မြေသားတည်ဆောက်မှု ကောင်းစေရန် ၊ မြေတွင်း ရေစိမ့်ဝင်မှု ကောင်းစေရန်နှင့် မြေဆီလွှာတိုးတက်ကောင်းမွန်စေရန် ဒေသတွင်း အလွယ်တကူ ရရှိနိုင်သော မြေပြုပြင်ပစ္စည်းများ ဖြစ်သည့် ကောက်ရိုး၊ စပါးခွံ၊ ပြောင်းရိုး၊ လွှစာမှုန့် ကြံမြှုတ်ချေး၊ စိုက်ခင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ပေါင်းမြက်များနှင့် သီးနှံပင်ကြွင်း ပင်ကျန်များကို သဘာဝမြေဆွေးပြုလုပ်၍ ထည့်သွင်းပေးရန်လည်းလိုသည်။
သီးနှံပင်များ စိုက်ပျိုးရန် မြေယာပြုပြင်ရာတွင် စိုက်ဘောင်၊ ပျိုးဘောင်များကို လျှောစောက်ပုံ ပြင်ဆင်ရန်လိုအပ်သည်။ ထိုမှသာ အပင်များ မျိုးညှောက်ပေါက်ချိန်တွင် မြေဆီလွှာအတွင်းရှိ ဓာတ်ဆားများ မျိုးစေ့အနီး ပတ်ဝန်းကျင်သို့ မရောက်ရှိနိုင်တော့ဘဲ ကောင်းစွာ အပင်ရှင်သန်ကြီးထွားနိုင်မည် ဖြစ်ပါသည်။ ၎င်းအပြင် သီးနှံစိုက်ဘောင် တစ်တန်းနှင့် တစ်တန်းကြား ရေသွင်းနည်းစနစ်ကို ပြုလုပ်ရန် လိုပါသည်။
မြေငန်များတွင် ဆားငန်ဒဏ် ခံနိုင်သောမျိုးများ စိုက်ပျိုးခြင်းဖြင့် မျှော်မှန်းသောအထွက်နှုန်းကို ရရှိနိုင်မည် ဖြစ်သည့်အတွက် ဝါ၊ နှံစားပြောင်း၊ ပဲပုတ်၊ ပဲလွန်း၊ ကညွတ်၊ ဆူးပန်း၊ စွန်ပလွန်၊ သလဲ၊ စသည့် ဆားငန်ဒဏ် ခံနိုင်သည့် သီးနှံမျိုးများနှင့် ဆီမုန်ညင်း၊ ဘူး ဖရုံ၊ ဂျုံ၊ သင်္ဘော၊ နာနတ်၊ဆီးသီး သည့် ဆားငန်ဒဏ် အသင့်အတင့် ခံနိုင်ရည်ရှိသည့် မျိုးများကို စိုက်ပျိုးသင့်ပါသည်။
ထို့အပြင် ဆိုဒီယမ် မြင့်မားမှုကို ခံနိုင်ရည်ရှိသော မျိူးများ ဖြစ်သည့် စပါး၊ ဂျုံ၊ ဝါ၊ နှင့် ကြံသီးနှံ စိုက်ပျိုးခြင်း၊ ဘိုရွန် မြင့်မားမှုကို ခံနိုင်ရည် သည့် ခရမ်းချဉ်၊ ဂေါ်ဖီထုတ်၊ ပဲလွန်း၊ ပြောင်း၊ ဆေးရွက်ကြီး၊ မုံညင်း၊ သခွားမွှေးနှင့် မုံလာပန်း စသည့် သီးနှံများကို စိုက်ပျိုးခြင်းဖြင့် ကောင်းမွန်သော အထွက်နှုန်းကို ရရှိစေနိုင်မည် ဖြစ်ပါသည်။ သီးလှည့်စိုက်ပျိုးနည်းစနစ်ဖြင့် အမြစ်နက်နက် ဆင်းသောသီးနှံတစ်လှည့် အမြစ်တိမ်တိမ် ဖြစ်ထွန်းသော သီးနှံတစ်လှည့်ကျ စိုက်ပျိုးသွားရန်လည်း လိုအပ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
စပါးအခြောက်ကျဲခင်း 27ရက်သားပါ ရေနည်းနည်းဝင်ပီး အရောင်ပြောင်း အဖျားလေးတွေဝါနေလို့ပါ ဘာလို့ ဝါသွားတာလဲဗျ ရေဆက်သွင်းသင့်လားဗျ ပေါင်းသတ်ဆေးပက်ဖို့ရေသွင်းဖို့လိုနေလို့ပါ
Phyoe • ဖြေကြားချက် 3 ခု
Good New Sir မနေ့က မိုးရွာလို့ ဒီနေ့မှ ဆိုင်လာ ၁ ဇွန်း ဖျန်းလိုက်တာ ဖျန်ပီး ၅ မိနစ်လောက်နေအခင်းထဲ ဝင်ကြည့်လိုက်တော့ ဂျပိုးလေးတွေ ပြုတ်ကျသေနေတာတွေ မလှုပ်နိုင်တော့တာတွေ တွေ့ခဲ့ရတယ်ခင်ဗျ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ အခုလဲအပင်ငယ်စဥ်မှာ သုံးဖို့အတွက် တာဘိုဂိုး / ဒိုင်ကိုဇက် / နိုးတူး / နိုးဝမ်း အတာလေးတေ ထပ်ဖြည့်ထားတယ်ခင်ဗျ ကွန်ပေါင်းကိုတော့ 17.8.8 အတာလေးဝယ်ခဲ့တယ်ခင်ဗျ ကြည့်ပေးပါအူးခင်ဗျ အဖူးခိုင်မဝင်ခင်ထိ ဒီဆေးတွေနဲ့ အဆင်ပြေလောက်ပီလားလို့ ဆေးဖိုးလဲချွေတာချင်လို့ပါခင်ဗျ ပိုသတ်ဆေးတေကတော့ပုံမှန်ဆေးတေ ရှိနေပါသေးတယ်ခင်ဗျ အကြုံပြုပေးပါအူးခင်ဗျ
U Yan • ဖြေကြားချက် 2 ခု
အစိုဓာတ်များပြီးစမ်းကိုင်နေတဲ့မြေကိုကျောက်မှုန့်သုံးရင်အဆင်ပြေနိုင်လား
CoCoGyi • ဖြေကြားချက် 2 ခု
မကွေးတိုင်းချောက်မြို့နယ်က မိုးမရွာတော့ဘူးလားဆျာရေ မိုးမျှော်နေရတာ လည်တေလဲရှည်နေပီ အပင်တေလဲ ငိုနေပီ😌
U Yan • ဖြေကြားချက် 2 ခု
နွားချေးနှင့်နှမ်းဖတ်ကို၁၀ခန့်ရေစိမ်ပြီးခရမ်ချဥ်ပင်ဖျန်းလို့ရလားရဆရာမိဘတေွကတော့အရင်တုန်းကနေခုထိဖျန်းေနတာအချိုးအစားမမှန်တာတို့အပင်ေလာင်တာတို့ဖြစ်မှာေကြာက်လို့ပါ
ko. latt • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026
More from ဒေါက်တာစန်းလှထွေး
အားလုံး
ရေကြီးနစ်မြုပ်စိုက်ခင်းမှ ရွှေပြန်သီးစေမယ့် နည်းလမ်း(၅) ချက်
08/08/2025
အာဟာရစုံပါဝင်သည့် တီကျစ်စာမြေဆွေး ထုတ်လုပ်နည်း
28/08/2024
ရေကြီးနစ်မြှုပ်သွားတဲ့စိုက်ခင်းများ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ဖြေရှင်းနည်း
14/08/2024
သီးနှံစိုက်ခင်းများအတွက် လုံလောက်တဲ့ ရေ ရရှိဖို့ မိုးရေစုဆောင်းကြပါစို့
13/08/2024
တောင်သူတွေကို အကျိုးပြုမယ့်မြေဆီလွှာ ဆိုတာ..
06/08/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....