Green Way
ဆားငန်ရေဝင်ခြင်းကြောင့် စပါးအဖျင်းများရတဲ့ ပြဿနာကို ဖြေရှင်းနည်း

ဆားငန်ရေဝင်ခြင်းကြောင့် စပါးအဖျင်းများရတဲ့ ပြဿနာကို ဖြေရှင်းနည်း

ရခိုင်ဒေသမှာ ဆားငန်ရေတွေဝင်ခြင်းကြောင့် စပါးစိုက်တောင်သူတွေ ကြုံတွေနေရတဲ့ စပါးအဖျင်းများခြင်း ပြဿနာတွေရဲ့ ဖြေရှင်းနည်းကို အစိမ်းရောင်လမ်းရဲ့တောင်သူတွေပါ သိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်ရှင့်။

မေး : ကျွန်တော်တို့ဒေသ (ရခိုင်) မှာ မိုးစပါးစိုက်ပျိုးပြီး နို့ရည်စတည်သည့်အချိန်တွင် ဆားငန်ရေဝင်ရောက်ပါက စပါးနှံသည် နို့ရည်ခဲသည့်အဆင့်မရောက်ပဲ (အနှံများမငိုက်ပဲ) အဖျင်းများဖြစ်ပေါ်လာသည်မှာဘာကြောင့်လဲ၊ မည်သို့ဖြေရှင်းဆောင်ရွက်သင့်ပါသလဲ။ 

ဖြေ : မိုးစပါးစိုက်ပျိုးပြီး နို့ရည်စတည်သည့်အချိန်တွင် ဆားငန်ရေဝင်ရောက်ပါက စပါးနှံသည် နို့ရည်ခဲသည့်အဆင့်မရောက်ပဲ (အနှံများမငိုက်ပဲ) အဖျင်းများဖြစ်ပေါ်လာသည်မှာ ဆားငန်ရေကြောင့် အပင်အပြင်ဘက်ရှိ ပျော်ရည် (အစိုဓာတ်) သည် အပင်တွင်းရှိ ပျော်ရည်ပြင်းအားပမာဏထက် များလာကာ များရာမှ နည်းရာသို့စီးဆင်းသည့် စိမ့်ဝင်ပျံ့နှံ့ခြင်း ဖိအား (Osmotic pressure) ကြောင့် အပင်သည် အပြင်က အာဟာရဓာတ်ကို မစုပ်ယူနိုင်ရုံမက အပင်တွင်းရှိ အာဟာရဓာတ်များပါ အပြင်သို့ စိမ့်ထွက်သွားခြင်းကြောင့် နို့ရည်မခဲနိုင်ပဲ အဖျင်းများ များလာရခြင်းဖြစ်သည်။ 

ဖြေရှင်းသည့်နည်းလမ်းအားဆောင်ရွက်ရာတွင် ထိုဆားငန်ပျော်ရည်ကို ဆားငန်ပြင်းအားပမာဏ လျော့နည်းသွားအောင် ဆာဖြူရစ်အက်ဆစ် (sulphuric acid) ကို မှန်ကန်သော အချိုးအစားကို အသုံးပြု၍ ရေသွင်းရေထုတ်နည်းလမ်းဖြင့် လုပ်ဆောင်ပေးနိုင်သော်လည်း ထိုကဲ့သို့ နည်းလမ်းသည် ရေရှည်တွင် မြေချဉ်၍ မြေကြီးပျက်ဆီးနိုင်သည့် ပြဿနာဖြစ်ပေါ်စေနိုင်သည့်အတွက် ဆားငန်ရေဝင်မြေ (saline soil) များကို ဓာတုဗေဒနည်းလမ်းဖြင့် ကုစားလျှင် မထိရောက်နိုင်ကြောင်း လေ့လာသိရှိရပါသည်။ 

မိုးခေါင်ရေရှားဒေသများတွင် အတွေ့ရများသည့် ဆိုဒီယမ် ဆားပေါက်မြေ (sodic soil) မျာကို ကယ်ဆီယမ်ပါဝင်သော ဓာတုမြေသြဇာများကို အသုံးပြု၍ လျော့နည်းအောင် ဆောင်ရွက်နိုင်ပါသည်။

ဆိုဒီယမ်ဆားပေါက်မြေများကို ရေတွင် ပျော်ဝင်မှုအားကောင်းသော ဂျစ်ပဆန်မြေသြဇာကို သုံး၍ ဆိုဒီယမ်ပါဝင်မှု ပမာဏလျော့နည်းအောင် ကယ်လ်စီယမ်(ထုံး) ဖြင့် ဖလှယ်ထုတ်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်နိုင်သည်။

ထုံးတွင် ပါဝင်သော ကယ်စီယမ်သည် ရေတွင် ပျော်ဝင်မှုလျော့နည်းသောကြောင့်

  • ဂျစ်ပဆန် သို့မဟုတ် ဖောစဖောရစ်အက်ဆစ်ထုတ်လုပ်မှုမှ ဘေးထွက်ပစ္စည်း (gypsum-like byproduct) – phosphogypsum,
  • ကျောက်မီးသွေးစက်ရုံ၏ ဘေးထွက်ပစ္စည်း - coalgypsum,
  • လက်တစ်အက်ဆစ်ထုတ်လုပ်မှုမှ ဘေးထွက်ပစ္စည်း- lactogypsum ကို အသုံးပြုပေးရမည်ဖြစ်သည်။

၎င်းတို့ကို ပက်ဖျန်း၍ ရေတွင်ပျော်ဝင်လာသော ဆိုဒီယမ်များကို ရေသွင်းရေထုတ်နည်းလမ်းဖြင့် ဆေးကြော (irrigation with drainage system) ပေးရမည်ဖြစ်သည်။

ဂျစ်ပဆန်ပမာဏသည် မြေကြီး၏ ဆားပါဝင်မှုနှုန်း၊ မြေကြီး၏ ဇီဝရုပ်ပိုင်းဆိုင်ရာ အခြေအနေ (ဥပမာ- မြေပတ်ဝန်းကျင်၊ မြေကြီး၏ မိခင်ကျောက်သား၊ မြေသားအနုအကြမ်း၊ သွင်းရေအရည်အသွေး၊ မြေအောက်ရေအနေအထား၊ စိုက်ပျိုးသော သီးနှံ) များပေါ်တွင် မူတည်သည်။  ဂျစ်ပဆန်ကို သဘာဝမြေဆွေး၊ မြေသြဇာများနှင့် ပေါင်းစပ်အသုံးပြုလျှင် ဆားပေါက်မြေများကို ကုစားရာတွင် ပိုမိုထိရောက်ကြောင်းလေ့လာသိရှိရပါသည်။ 

အချုပ်အားဖြင့်ဆိုရသော်

(၁) ဆားငန်ရေဝင်သည့်အခါ ထိရောက်တဲ့နည်းလမ်းများမှာ အရည်အသွေးကောင်းပြီး လုံလောက်သော ရေပမာဏဖြင့် ဆေးကြောပေးခြင်း (irrigation with drainage system) ဖြစ်ပါသည်။

(၂) ဆားငန်ရေဝင်သော မြေများကို သဘာဝပစ္စည်း (တိရစ္ဆာန်ချေး၊ မြေဆွေး) များကို အသုံးပြု၍လည်း ဆားပမာဏလျော့နည်းအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ သဘာဝမြေဆွေးများသည် မြေကြီးအတွင်း အော်ဂဲနစ်ကာဗွန်ပမာဏကို များပြားစေပြီး မြေသားဖွဲ့စည်းတည်ဆောက်ပုံ (soil’s macro-aggregation) ကို ကောင်းမွန်စေသည်။

၎င်းမြေသားတည်ဆောက်ပုံသည် အမြစ်ဇုံအတွင်းမှ ဆားများ စိမ့်ထွက်သွားပြီး မြေကြီးအတွင်း အစိုဓာတ်နှင့် အာဟာရဓာတ် စိမ့်ဝင်နိုင်မှု (soil permeability) ကိုကောင်းမွန်စေသည်။ ၎င်းအပြင် မြေကြီးမှ အငွေ့ပျံမှုကို လျော့နည်းစေပြီး မြေမျက်နှာပြင်တွင် ဆားစုပုံသည့် ပြဿနာကိုလည်း လျော့နည်းစေနိုင်ပါသည်။ 

ထို့ကြောင့် ဆားငန်ရေဝင်သောမြေများနှင့် ဆားပေါက်သော မြေများကို ပြုပြင်ရာတွင် ထိရောက်သော နည်းလမ်းမှာ ကောင်းမွန်သော ရေဖြင့် ရေသွင်းရေထုတ်ပြုလုပ်ပေးခြင်းနှင့် သဘာဝမြေဆွေး၊ သဘာဝမြေသြဇာများကို ထည့်သွင်းအသုံးပြုခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထိုသို့ ဆားငန်ရေဝင်သောမြေများနှင့် ဆားပေါက်သောမြေများတွင် မြေသားတည်ဆောက်ပုံမပျက်စီးစေရန် တတ်နိုင်သမျှ ထယ်ထိုးထွန်မွှေခြင်းလုပ်ငန်းများကို လျှော့ချပေးရမည်ဖြစ်သည်။ ထယ်ထိုးထွန်မွှေခြင်းကြောင့် မြေသားတည်ဆောက်ပုံ ပျက်စီးပါက ဆားဖလှယ်ထုတ်နိုင်မှုစွမ်းအားကို လျော့ကျစေ၍ အမြစ်ဇုံတွင် ဆားစုပုံမှုကို ဖြစ်ပေါ်စေနိုင်ကြောင်းလည်း သိရှိရပါသည်။

Reference

Shahid, S. A., Zaman, M., and Heng, L. (2018b). “Salinity and Sodicity Adaptation and Mitigation Options,” in Guideline for Salinity Assessment, Mitigation and Adaptation Using Nuclear and Related Techniques. Editors M. Zaman, S. A. Shahid, and L. Heng (Vienna: International Atomic Energy Agency), 55–89. doi:10.1007/978-3-319-96190-3_3

Qadir, M., Oster, J. D., Schubert, S., Noble, A. D., and Sahrawat, K. L. (2007). Phytoremediation of Sodic and Saline‐Sodic Soils. Adv. Agron. 96, 197–247. doi:10.1016/s0065-2113(07)96006-x

Amezketa, E., Aragüés, R., and Gazol, R. (2005). Efficiency of Sulfuric Acid, Mined Gypsum, and Two Gypsum By-Products in Soil Crusting Prevention and Sodic Soil Reclamation. Agron. J. 97, 983–989. doi:10.2134/agronj2004.0236

Paz, A., Hristov, B., Amezketa, E., Falsone, G., Zambujo, J., Canfora, L., et al. (2020). Minipaper: Prevention, Mitigation and Adaptation Strategies for Soil Salinisation at Farm Level. Brussels: EIP-AGRI Focus Group Soil salinization. Available at: https://ec.europa.eu/eip/agriculture/sites/agri-eip/files/fg36_minipaper_preventinomitigationadaptation_2020_en.pdf.

Lakhdar, A., Rabhi, M., Ghnaya, T., Montemurro, F., Jedidi, N., and Abdelly, C. (2009). Effectiveness of Compost Use in Salt-Affected Soil. J. Hazard. Mater. 171, 29–37. doi:10.1016/j.jhazmat.2009.05.132

Gonçalo, F. F., Dias, N. D., Suddarth, S. R. P., Ferreira, J. F. S., Ray, G., Anderson, R. G., et al. (2020). Reclaiming Tropical saline-sodic Soils with gypsum and Cow Manure. Water 12, 57. doi:10.3390/w12010057

Ilan Stavi, Niels Thevs and Simone Priori, 2021. Soil Salinity and Sodicity in Drylands: A Review of Causes, Effects, Monitoring, and Restoration Measures. Front. Environ. Sci., 11 August 2021. Sec. Soil Processes vol. 9 – 2021. Available webpage: https://www.frontiersin.org/articles/10.3389/fenvs.2021.712831/full

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

3
ကိုဇော်မင်းထက်

ကိုဇော်မင်းထက်

2 years ago

လိုအပ်တာများကို ဓာတ်ပုံရိုက်ယူထားပါသည် ခင်ဗျာ

ဒေါက်တာ အိဖြူဝင်း

ဒေါက်တာ အိဖြူဝင်း

2 years ago

ဟုတ်ကဲ့ မေးခွန်းမေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် App ကို မသုံးဖြစ်တော့ အခုမှသိလို့ ဖြေတာနောက်ကျတဲ့အတွက် sorry ပါရှင့် လေ့လာကြည့်တဲ့ သုတေသနစာတမ်းတွေအရ ဂျစ်ပဆန်ကို တစ်ဟက်တာ ၂.၅ တန်နှုန်းထား (တစ်ဧက -၁၀၀၀ ကီလို) နဲ့ မြေပြင်ချိန်မှာ ထည့်ရန်၊ ဂျစ်ပဆန်ထည့်ပြီး ထွန်ဖြင့် ခပ်ပါးပါးလိုက်ပြီး ဖုံးပေးခြင်းအားဖြင့် ဆုံးရှုံးမှုလျော့နည်းစေကြောင်း ဖော်ပြထားပါတယ်ရှင့်

ကိုဇော်မင်းထက်

ကိုဇော်မင်းထက်

2 years ago

ဆားပေါက်မြေကို ဂျစ်ပဆန် တစ်ဧက ကို ဘယ်လောက်ထည့်ရသလဲ ခင်ဗျာ။ဘယ်အချိန်မှာထည့်ရသလဲ ခင်ဗျာ

You

Related questions

နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့် အကြံပေးကြပါဦးခင်ဗျ ဆရာသမားတို့.. ကုန်ကျစရိတ်အရ နှစ်မျိုးထဲက တစ်မျိုးဆိုရင် ဘယ်အရာကိုပိုချသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ကြပါဦးခင်ဗျ...

အောင်မျိုးသူ • 1 answers

ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြားမှိုဆေး ရောဖျန်းလို့အဆင်ပြေလားလဲ ပြောပြပေးပါအုံး အကို

Aung Lay • 2 answers

ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား

Sawdohhtoo Sawsaw • 1 answers

ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား

ဝင့်ဝါခိုင် • 2 answers

မြေကြီးPh တိုင်းတဲ့စက္ကူ ရန်ကုန်ကဘယ်ဆိုင်တွေမှာရလဲဗျသိရင်ညွန်ပေးကြပါအုံး

Tazar Naing • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....