Green Way
တစ်နှစ်ထက်တစ်နှစ် ဓာတ်မြေသြဇာပိုထည့်နေရတာ ဘာကြောင့်လဲ?

တစ်နှစ်ထက်တစ်နှစ် ဓာတ်မြေသြဇာပိုထည့်နေရတာ ဘာကြောင့်လဲ?

Thein Soe Min
Thein Soe Min Greenovator 05/12/2025
00:00
00:00

ကမ္ဘာ့မြေဆီလွှာနေ့ အထူးဆောင်းပါး

လွန်ခဲ့တဲ့ ၁၀-၂၀ နှစ်လောက်က အချိန်ကာလတစ်ခုကို မှတ်မိကြသေးလား? အဲဒီတုန်းက ကိုယ့်လယ် တစ်ဧကကို ယူရီးယား တစ်အိတ်လောက် ကျွေးလိုက်ရင် စပါးက ရိပ်မနိုင်အောင် ဖြစ်ထွန်းခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ တစ်အိတ်နဲ့အားမရလို့ နှစ်အိတ်၊ သုံးအိတ် တိုးကျွေးတာတောင် အရင်လို ရလာဒ်က အားရစရာမဖြစ်တော့ပါဘူး။

ဒီလိုဖြစ်ရတာ "ဓာတ်မြေသြဇာတွေ အစွမ်းမရှိတော့လို့လား? ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ မြေကြီးကပဲ မြေသြဇာကို လက်မခံတော့တာလား?"

အဖြေမှန်ကတော့ - ကျွန်တော်တို့ရဲ့ မြေကြီးထဲမှာ "ကာဗွန် (Soil Carbon)" ကုန်ခမ်းသွားလို့ပါပဲ။

မြေကြီးထဲက ကာဗွန်ဆိုတာ ဘာလဲ?

ရိုးရိုးရှင်းရှင်း ပြောရရင် မြေကြီးထဲက ကာဗွန်ဆိုတာ သစ်ရွက်ဆွေး၊ တိရစ္ဆာန်ချေး၊ ကောက်ရိုး စတဲ့ သဘာဝပစ္စည်းတွေ ဆွေးမြည့်ပြီး ကျန်ခဲ့တဲ့ အရာ (Organic Matter) ပါပဲ။

ဒါကို မြင်သာအောင် ပြောရရင် မြေကြီးထဲက ကာဗွန်ဆိုတာ "သံလိုက်တုံး" လေးတွေနဲ့ တူပါတယ်။ ကျွန်တော်တို့ ထည့်လိုက်တဲ့ ဓာတ်မြေသြဇာ (N, P, K) တွေက အပေါင်းဓာတ်ဆောင်ပါတယ်။ ကာဗွန်က အနှုတ်ဓာတ်ဆောင်ပါတယ်။ ဒါကြောင့် ကာဗွန်ရှိတဲ့ မြေကြီးဟာ ဓာတ်မြေသြဇာတွေကို သံလိုက်လို ဖမ်းဆွဲထားနိုင်ပါတယ်။

  • ကာဗွန်ရှိရင် - မိုးရွာလည်း မြေသြဇာ ပါမသွားဘူး။ နေပူလည်း အငွေ့ပျံတာ သက်သာတယ်။ အပင်က လိုအပ်တဲ့အချိန်မှ အဲဒီမြေသြဇာကို ယူစားလိုက်ရုံပါပဲ။
  • ကာဗွန်မရှိရင် - သံလိုက်မရှိတဲ့ သစ်သားတုံးလိုပါပဲ။ မြေသြဇာထည့်လိုက်ပေမဲ့ ဆွဲထားမယ့်သူ မရှိတော့ ရေလာရင် ပါသွားရော။ ဒါကြောင့် နှစ်တိုင်း မြေသြဇာဖိုးတွေ ပိုကုန်ပြီး အရာမထင် ဖြစ်နေရတာပါ။

ကာဗွန် ဘာကြောင့် ကုန်သွားတာလဲ? (တရားခံ ၃ ဦး)

အရင်ခေတ်က မြေကောင်းခဲ့ပေမဲ့၊ အခု ဘာလို့ ကာဗွန်တွေ ကုန်သွားတာလဲ? အဓိက အကြောင်းရင်း (၃) ချက် ရှိပါတယ်။

  1. မီးရှို့ခြင်း: ကောက်ရိုးတွေ၊ ရိုးပြတ်တွေကို မီးရှို့လိုက်တာဟာ မြေကြီးထဲ ထည့်ရမယ့် ရွှေ (ကာဗွန်) တွေကို မီးရှို့လိုက်တာနဲ့ အတူတူပါပဲ။
  2. ထယ်ထိုးလွန်းခြင်း: မြေကြီးကို ခဏခဏ ထယ်ထိုးလေ၊ မြေအောက်က ကာဗွန်တွေ လေနဲ့ထိ နေနဲ့ထိပြီး အငွေ့ပျံလေ လွတ်ထွက်သွားဖို့ လွယ်ကူလေပါပဲ။
  3. ဓာတုဆေး လွန်ကဲခြင်း: ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အလွန်အကျွံသုံးတော့ မြေကြီးထဲက ကာဗွန်ကို ဖန်တီးပေးမယ့် အကျိုးပြု ပိုးမွှားလေးတွေ သေဆုံးကုန်ပါတယ်။

မြေကြီးကို ဘယ်လို ပြန်ကုစားမလဲ?

အကြောင်းရင်းသိပြီဆိုတော့ ပြန်ပြုပြင်ဖို့မခက်ပါဘူး။ ကာဗွန်ပြန်ရဖို့၊ ရာသီဥတုဒဏ်ခံနိုင်ဖို့၊ ရေငတ်ဒဏ်ခံနိုင်ဖို့၊ မြေသြဇာဖိုး သက်သာဖို့ ဒီနည်းလမ်းတွေကို သုံးစွဲနိုင်ပါတယ်။

  • မြေမလှပ်ပါနဲ့: ရိုးပြတ်တွေကို မီးမရှို့ဘဲ မြေဖုံး (Mulching) လုပ်ပါ။ သီးနှံရိတ်သိမ်းပြီးပြီးချင်း ရိုးပြတ်တွေကို ထယ်ထိုးမြေမြုပ်ပါ။ အီးအမ်လိုမျိုး မြန်မြန်ဆွေးမြေ့စေတာတွေကို ထည့်သွင်းအသုံးပြနိုင်ပါတယ်။
  • သစ်စိမ်းမြေသြဇာ ထည့်ပါ : သီးနှံမစိုက်တဲ့အချိန် ပိုက်ဆံလျှော်လို သစ်စိမ်းမြေသြဇာပင် စိုက်ပြီး ထယ်ထိုးမြှုပ်နှံပါ။ ပဲမျိုးရင်းဝင်သီးနှံဖြစ်လို့ ကာဗွန်အပြင် နိုက်ထရိုဂျင်လိုအဟာရဓာတ်များစွာပါ ထပ်ဆောင်းရမှာဖြစ်ပါတယ်။
  • ဇီဝမီးသွေး (Biochar) သုံးပါ: ဒါကတော့ အထိရောက်ဆုံး လက်နက်ပါပဲ။ စပါးခွံမီးသွေး (သို့) ဇီဝမီးသွေးဟာ မြေကြီးထဲမှာ နှစ်ချီ မပျက်စီးဘဲ နေနိုင်ပါတယ်။ သူက ရေမြှုပ်တစ်ခုလို ရေကို စုပ်ယူထိန်းသိမ်းပေးသလို၊ အကျိုးပြုပိုးမွှားလေးတွေ ခိုအောင်းဖို့ 'ဟိုတယ်' လည်း ဖြစ်စေပါတယ်။ (အကြံပြုချက်: မီးသွေးကို ဒီအတိုင်းမထည့်ဘဲ နွားချေးရည် (သို့) EM နဲ့ စိမ်ပြီးမှ ထည့်ရင် အကောင်းဆုံးပါ)

ကိုယ့်မြေကြီး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ? (လက်တွေ့စမ်းသပ်နည်း)

ဓာတ်ခွဲခန်း ပို့စရာမလိုဘဲ ရေခွက်တစ်ခွက်နဲ့ အခုပဲ စမ်းသပ်ကြည့်လိုက်ပါ။

  1. ဖန်ခွက်အကြည် တစ်လုံးထဲ ရေထည့်ပါ။
  2. ကိုယ့်လယ်ထဲက မြေကြီးခဲ အခြောက်တစ်ခဲကို ရေထဲ ထည့်လိုက်ပါ။
  3. ရလဒ် (၁): ရေထဲရောက်တာနဲ့ မြေခဲက ချက်ချင်း ဖွာခနဲ ပြိုကျသွားပြီး ရေနောက်သွားရင်... ဒါ ကာဗွန်မရှိတဲ့ မြေ ပါ။ (မြေကြီးကို စုစည်းထားပေးမယ့် 'ကော်' မရှိတော့လို့ ရေထိတာနဲ့ ကွဲကုန်တာပါ)
  4. ရလဒ် (၂): မြေခဲက ရေထဲမှာ မပြိုဘဲ ပုံစံမပျက် တည်ရှိနေရင်၊ ရေပူဖောင်းလေးတွေ စီခနဲ ထွက်နေရင်... ဒါ ကာဗွန်ရှိတဲ့ မြေကောင်း ပါ။

"ဓာတ်မြေသြဇာဆိုတာ အပင်ရဲ့ 'အစားအစာ' ဆိုရင်၊ ကာဗွန်ဆိုတာ အပင်ရဲ့ 'အိမ်' ပါပဲ။" အိမ်မကောင်းရင် အစားကောင်းကောင်း ကျွေးလည်း အပင်က မနေနိုင်ပါဘူး။ ဒါကြောင့် ဓာတ်မြေသြဇာ တစ်မျိုးတည်းကိုပဲ အားမကိုးဘဲ မိမိတို့ရဲ့ မြေကြီးကို ကာဗွန်ပြန်ဖြည့်တင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

 

Continue reading related topics, questions and articles.

27
မဇင်နွယ်ဖြိုး

မဇင်နွယ်ဖြိုး

1 month ago

CaO ထည့်ရင်ရော မြေပြင်တာရော အပင်အတွက်ရော အဟာရ ရနိုင်မလား ရှင့်

Myo Myint Myat Phyoe

Myo Myint Myat Phyoe

1 month ago

ကျေးဇူးအထူးတင်ပါတယ်ဗျာ

ကိုကောင်းမြတ်စိုး

ကိုကောင်းမြတ်စိုး

2 months ago

အသိပညာပေးတဲ့အတွက်ကျေးဇူးပါနော်

ကိုကောင်းမြတ်စိုး

ကိုကောင်းမြတ်စိုး

2 months ago

အခုလိုအသိပညာတေမျှဝေပေးလို့ကျေးဇူးတင်ပါတယ်ဗျ

Pyae Phyo Maung

Pyae Phyo Maung

4 months ago

ကျေးဇူးတင်ပါတယ်ဗျာ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့် အကြံပေးကြပါဦးခင်ဗျ ဆရာသမားတို့.. ကုန်ကျစရိတ်အရ နှစ်မျိုးထဲက တစ်မျိုးဆိုရင် ဘယ်အရာကိုပိုချသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ကြပါဦးခင်ဗျ...

အောင်မျိုးသူ • 1 answers

ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြားမှိုဆေး ရောဖျန်းလို့အဆင်ပြေလားလဲ ပြောပြပေးပါအုံး အကို

Aung Lay • 2 answers

ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား

Sawdohhtoo Sawsaw • 1 answers

ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား

ဝင့်ဝါခိုင် • 2 answers

မြေကြီးPh တိုင်းတဲ့စက္ကူ ရန်ကုန်ကဘယ်ဆိုင်တွေမှာရလဲဗျသိရင်ညွန်ပေးကြပါအုံး

Tazar Naing • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....