စူပါဘိုကာရှီ(super bokashi)
Super bokashi ဆိုသည်မှာ ဓာတုမြေသြဇာနေရာတွင် အကျိုးရှိရှိ ကောင်းစွာအစားထိုးအသုံးပြုနိုင် သော မြေဆွေးမြေသြဇာတစ်မျိုးဖြစ်သည်။ လယ်ယာမြေများတွင်ရှိသော မြေဆီလွှာတည်ဆောက်ပုံနှင့် မြေဆီလွှာအနေထားများကိုလည်း ပို၍ကောင်းမွန်စေသည်။ ကုန်ကျစရိတ်သက်သက်သာသာဖြင့် ပြု လုပ်နိုင်ပြီး နှစ်ပတ်အကြာတွင် စတင်အသုံးပြုနိင်ပါသည်။ မိုးနှောင်းကာလတွင် တစ်ဧအတွက် ရိုးရိုး ဓာတုမြေသြဇာ ၅၀ရာခိုင်နှုန်းနှင့် ဘိုကာရှီမြေသြဇာ ရောနှောအသုံးပြုခြင်းအားဖြင့် အထွက်ရာခိုင်နှုန်း ကို ၁၅ရာခိုင်နှုန်းထိ တိုးတက်စေနိုင်ပါသည်။
ဘိုကာရှီသည် ဂျပန်ဘာသာစကားအရ ဆွေးမြည့်နေသော အော်ဂဲနစ်ပစ္စည်းများဟု အဓိပ္ပာယ်ရပါသည်။ super bokashi ဆိုသည်မှာ မူလအဏုဇီဝပျော်ရည် (IEM) နှင့် ဘိုကာရှီပေါင်း၍ အဆင့်မြှင့်ထားခြင်း ဖြစ်သည်။
Super bokashi ၏အကျိုးကျေးဇူးများ
- မြေဆီလွှာအတွင်းရှိ အဟာရဓာတ်များ တဖြည်းဖြည်းတိုးတက်စေသည်။
- မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဖြစ်စေတတ်သော အဟာရဆုံးရှုံးမှုကို ထိန်းသိမ်းပေးသည်။
- ကောင်းမွန်၍ အရည်အသွေးပြည့်မှီသော သာဝမြေသြဇာ ရရှိစေသည်။
- ဓာတုမြေသြဇာအသုံးပြုမှုကို လျော့ချပေးနိုင်ပါသည်။
- စားသုံးမှုအရည်အသွေးကို တိုးတက်စေသည်။
- သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ကျန်းမာရေးအတွက် လုံခြုံမှုရှိစေသည်။
- မြေဆီလွှာတည်ဆောက်ပုံနှင့် မြေဆီလွှာအနေအထားကို ကောင်းမွန်စေသည်။
- အမြစ်ဖွံ့ဖြိုးမှုကို အားပေးသည်။
- ရောဂါကျရောက်မှုဒဏ် ခံနိုင်ရည်ရှိစေသည်။
- အထွက်နှုန်းနှင့် အစာအဟာရများကို တိုးတက်စေသည်။
အခက်အခဲများ
- ဆွေးမြည့်ခြင်းဖြစ်စဉ်ကို ကောင်းစွာနားလည်ရန် လိုအပ်သည်။
- တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများနှင့် လတ်ဆတ်သောကုန်ကြမ်းပစ္စည်းများ ရနိုင်ရန်ခက်ခဲသည်။
Super bokashi ဘယ်လိုပြုလုပ်နိုင်မလဲ
အောက်ပါ ကုန်ကြမ်းပစ္စည်းများအား စုဆောင်းပါ။
အုပ်စု-(၁)
- EM အပြင်း တစ်ဆ
- သကာရည် (သို့) တင်လဲရည် တစ်ဆ
- ရေ ၉၈ ဆ
အုပ်စု-(၂)
- ဖွဲနု တစ်ဆ
- နွားချေး(သို့) ကြက်ချေး (သို့) ဝက်ချေး ၂ဆ
- စပါးခွံ (သို့) လွှစာမှုန့် (သို့) အုန်းဆံမှုန့် ၂ဆ
ပြုလုပ်ပုံအဆင့်ဆင့်
- မူလEM ပျော်ရည်နှင့် အုပ်စု ၁ တွင်ပါဝင်သော ပစ္စည်းများအားပြင်ဆင်ပါ။
- ကြမ်းပြင်ပေါ်တွင် အခင်းတစ်တစ်ခုခင်း၍ အုပ်စု ၂ တွင်ပါဝင်သော ပစ္စည်းများအား ရောမွှေပါ။
- အခင်းပေါ်တွင် ပြုလုပ်ထားသောအရောအနှောများပေါ်သို့ မူလEM အဏုဇီဝပျော်ရည် လောင်းထည့် ပါ။
- ပါဝင်ပစ္စည်းများကို နှံစပ်သွားအောင် ရောမွှေပေးရန် လိုအပ်သည်။
- မြေကြီးကိုလုံး၍ မြေအစိုဓာတ်အား စစ်ဆေးပေးရမည်။ မြေလုံးကွဲထွက်မသွားသော မြေကြီးအစို ဓာတ် (၃၅ - ၄၀ ရာခိုင်နှုန်း) ရှိချိန်သည် ကောင်းမွန်သော အနေအထားဖြစ်သည်။
- မြေလုံးကွဲထွက်နေသေးပါက EM ထပ်လောင်း၍ ပြန်ပြင်ပေးရမည်။
- ထို့နောက်super bokashi ပြုလုပ်ပုံအဆင့်ဆင့် ပြီးမြောက်ပီဖြစ်သည်။
- ၎င်းတို့ကို လေလုံအိတ်( သို့မဟုတ်) PPC အိတ်ထဲသို့ထည့်၍ အရိပ်အောက်တွင် ထားပေးရမည်။
- လေးရက်မြောက်အတွင်း အိတ်ထဲသို့လက်ထည့်၍ အပူချိန် စစ်ဆေးပေးရမည်။ အိတ်အတွင်း လက် ထည့်ကြည့်ချိန် ပူလွန်းနေပါက ၁၀ မိနစ်ခန့် အိတ်ကိုပြန်ဖွင့်ထားပေးရမည်။
- super bokashi သည် ဆောင်းရာသီဆိုလျှင် ပြုလုပ်ပီး ၁၅ ရက် ကြာတွင် အသုံးပြုနိုင်ပြီး နွေရာသီ တွင် ၇ ရက်ကြာပီးနောက် အသုံးပြုနိုင်ပါသည်။
- ပြုလုပ်ပီးနောက် အသုံးမပြုသေးဘူးဆိုပါက အရိပ်အောက်တွင် အခြောက်ခံထားသင့်ပါသည်။ ပြီး နောက် အိတ်အတွင်းသို့ ပြန်ထည့်ပြီး ၆လကြာ သိုလှောင်ထားနိုင်ပါသည်။
- စပါးစိုက်ခင်းအတွက် သော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်းအတွက် သော်လည်းကောင်း တစ်ဧကလျှင် ၁တင်းခွဲ (အိတ်၂၀) ခန့် အသုံးပြုနိုင်ပါသည်။
Min Thu Thu Ko
Source - Soil Fertility Management (Delta Technical Sheet)
Continue reading related topics, questions and articles.
Topic 1
ဘိုကာရှီ မြေသြဇာ
Topic 2
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
Applicable farm inputs (Ad)
khun Nge
1 year agosuper bokashi လုပ်ဖို kg ဖော်ပြပါ ဆရာတို့
U hlaing
2 years agoEMဘယ်မှာဝယ်လို့ရလည်း
Soe thu Phyo
3 years agoစပါးခင်ထဲကိုယူရီးယားမြေဩဇာနဲ့အတူကျဲပက်ပြီထည့်ပေးလို့ရလား
Aung Ko Latt
4 years agoEMနဲ့ တင်လဲရည် တို့ကိုမသိလို့ ဘာကိုပြောတာလဲရှင်းပြပေးပါလား
Aung Lay
4 years agoဟုတ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့် အကြံပေးကြပါဦးခင်ဗျ ဆရာသမားတို့.. ကုန်ကျစရိတ်အရ နှစ်မျိုးထဲက တစ်မျိုးဆိုရင် ဘယ်အရာကိုပိုချသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ကြပါဦးခင်ဗျ...
အောင်မျိုးသူ • 1 answers
ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြားမှိုဆေး ရောဖျန်းလို့အဆင်ပြေလားလဲ ပြောပြပေးပါအုံး အကို
Aung Lay • 2 answers
ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား
Sawdohhtoo Sawsaw • 1 answers
ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား
ဝင့်ဝါခိုင် • 2 answers
မြေကြီးPh တိုင်းတဲ့စက္ကူ ရန်ကုန်ကဘယ်ဆိုင်တွေမှာရလဲဗျသိရင်ညွန်ပေးကြပါအုံး
Tazar Naing • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မင်းသူသူကို
See all