ဒေသခံအဏုဇီဝပိုး စနစ်တကျမွေးမြူနည်း (IMO cultivation)
ဒေသခံ အဏုဇီဝ မျိုးစေ့ထုတ်ယူခြင်း
ဒေသခံ အဏုဇီဝ အကြောင်းကို အရင်ဆုံး ဒီလင့်မှာ ပြန်ဖတ်ရှုနိုင်ပါတယ်။ အခုတော့ ဒေသခံအဏုဇီဝ ကို မွေးမြူတော့မယ်ဆိုရင် လုပ်ဆောင်ရမယ့် အချက်ကို တင်ပြသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဒေသခံ အဏုဇီဝ မျိုးစေ့တွေကို စုဆောင်းဖို့လိုပါတယ်။ မျိုးစေ့လို့ သုံးရခြင်းမှာ နေရာတွေ အများကြီကနေ အဏုဇီဝ နည်းနည်းချင်းစီ စုပြီး ပြန်ပွားရမှာမို့ သုံးလိုက်တာပါ။ နေရာများများက အဏုဇီဝတွေကို စုဆောင်းနိုင်လေ မိမိလုပ်မယ့် အပင်အားဆေး၊ ပိုးနှင်ဆေး၊ မြေဆွေးပုံ ပုံခြင်း စတဲ့ လုပ်ငန်းတွေမှာ ပိုကောင်းလေ ဖြစ်ပါတယ်။ ရယူရမယ့် နေရာတွေကတော့
စီးဆင်းနေသော ရေမြောင်းထဲ/ဘေးမှ မြေကြီး
-
ဝါးပင်အောက်မှ မြေကြီး
-
ယာမြေ
-
လယ်မြေ
-
သစ်တောမြေ သို့မဟုတ် သစ်ပင်ကြီးအောက်မှ မြေကြီး
-
တစောင်းပင်အောက်မှ မြေကြီး သို့မဟုတ် ရေငတ်ဒဏ်ခံနိုင်သည့် အပင်အောက်မှ မြေကြီး
-
သစ်ရွက်ခြောက်၊ ကောက်ရိုးထဲတွင် ထမင်းဆုပ်ထည့်ပြီး မွေးမြူခြင်း
-
သစ်သီးခွံများပေါ်တွင် မွေးမြူခြင်း
-
ဆန်ဆေးရည်တွင် မွေးမြူခြင်း
မှတ်ချက်။ ။ အဏုဇီဝပိုး ရှိနိုင်သည်ဟု ထင်ရသည့် နေရာများမှ မိမိ စိတ်ကူး ရှိသလို စုဆောင်းနိုင်ပါသည်။
၁။ မြေကြီးများကို စုဆောင်းသည့်အခါ အဏုဇီဝ ပေါကြွယ်သည့် အပေါ်ယံမြေကြီးကို ယူပေးပါ။ စုဆောင်းလာသည့် မြေကြီး တစ်မျိုးစီကို မြေကြီးနို့ဆီဗူး နှစ်ဗူး နှင့် ဖွဲနု တစ်ဗူး (၁း၂) ဖြင့် ရောပြီး အစိုဓာတ် ၄၀% (လက်ဖြင့် ဆုပ်ကြည့်ပါက အလုံးမပျက်သည့် အနေအထား) ရအောင် နယ်ပြီး အိတ်ထဲ ပုံးထဲတွင် ထည့်ကာ အရိပ်တွင် ထားပါ။ နယ်သည့်နေရာတွင် ထန်းလျက်ရည်၊ သကာရည် အနည်းငယ်ထည့်၍ နယ်လိုက နယ်နိုင်ပါသည်။
၂။ ဆန်ဆေးရည်ကို ဗူးထဲထည့်ပြီး အရိပ်တွင် ထားပါ။ အဏုဇီဝပိုး ပေါက်ပွားမှု များစေရန် ထန်းလျက်ရည် သကာရည် ထည့်နိုင်ပါသည်။
၃။ သုံးရက်ခန့် ကြာပြီးနောက် စုဆောင်းမွေးမြူထားသော မြေကြီးများ၊ အသီးခွံများ၊ ထမင်းလုံးများ (အဏုဇီဝ မျိုးစေ့များ) ကို ပြန်စစ်ကြည့်ပါ။ မှိုမျှင်များ တက်နေသည်ကို တွေ့နိုင်ပါသည်။ တက်နေသော မှိုအရောင်များ ပေါ်မူတည်ပြီး သုံးသင့်သော အဏုဇီဝများကို ခွဲခြားပြီး ယူပါ။ မှိုသည် အဖြူရောင်ဖြစ်နေပါက ကောင်းသော အဏုဇီဝများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အမဲရောင် မှိုများ ပေါက်နေသော မြေကြီးများကို မယူပါနှင့်။
၄။ စုဆောင်းထားသော ကောင်းမွန်သည့် အဏုဇီဝမျိုးစေ့များကို စုပေါင်းပြီး ရောနယ်ပေးပါ။
၅။ လွှစာ (၃ ပိဿာ)၊ ဖွဲနု (၂ ပိဿာ)၊ နှမ်းဖတ် (၂ ပိဿာ) နှင့် အဏုဇီဝ မျိုးစေ့ (၂ ပိဿာ) တို့ကို ရောမွှေပေးပါ။ အစိုဓာတ် ၄၀% ခန့်ရအောင် ပြုလုပ်ပေးပါ။ ရေအစား အဏုဇီဝပိုး မွေးမြူထားသည့် ဆန်ဆေးရည်ကို အသုံးပြုပေးပါ။
၆။ ရောနယ်ပြီးပါက ပုံး သို့မဟုတ် အိတ်ထဲထည့်ပြီး အရိပ်ထဲတွင် ထားပေးပါ။ ၂ပတ်ခန့် ကြာပါက မှိုမျှင်များ တက်လာပြီး အပူကျသွားပါမည်။ ထိုအခါ အရိပ်ထဲတွင် လေသလပ်အခြောက်ခံပြီး ၆ လခန့်အထိ သိမ်းဆည်းထာနိုင်ပါသည်။ သို့မဟုတ် မိမိ အသုံးပြုလိုသည့် နေရာများတွင် အသုံးပြုနိုင်ပါသည်။
၇။ ဒေသခံအဏုဇီဝ အရည်အဖြစ် အသုံးပြုလိုပါက အထက်ပါ အဏုဇီဝမြေကြီးကို သန့်ရှင်းသော အဝတ်တွင် သေချာထုတ်ပြီး ထန်းလျက်ရည်၊ သကာရည်ထဲတွင် ထည့်စိမ်ထားပါ။ တစ်ပတ်ခန့်ကြာပါက အဏုဇီဝ အရည်အဖြစ် စတင်အသုံးပြုနိုင်ပါသည်။
ကိုးကား - Green Way သင်ရိုးစာအုပ်
Continue reading related topics, questions and articles.
Topic 1
ဒေသခံအဏုဇီဝ (IMO)
ဦးမင်း
1 year agoအရည်အဖြစ်သုံးမယ်ဆို အနုဇီဝမြေကြီးပမာဏ နဲ့ ရေပမာဏအချိုးလေးသိချင်ပါတယ်ဗျ ထညက်ရည်ထည့်ရမှာလား ထည့်ရမယ်မယ်ဆိုရင် အချိုးအဆလေးသိချင်ပါတယ်
Related questions
နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့် အကြံပေးကြပါဦးခင်ဗျ ဆရာသမားတို့.. ကုန်ကျစရိတ်အရ နှစ်မျိုးထဲက တစ်မျိုးဆိုရင် ဘယ်အရာကိုပိုချသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ကြပါဦးခင်ဗျ...
အောင်မျိုးသူ • 1 answers
ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြားမှိုဆေး ရောဖျန်းလို့အဆင်ပြေလားလဲ ပြောပြပေးပါအုံး အကို
Aung Lay • 2 answers
ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား
Sawdohhtoo Sawsaw • 1 answers
ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား
ဝင့်ဝါခိုင် • 2 answers
မြေကြီးPh တိုင်းတဲ့စက္ကူ ရန်ကုန်ကဘယ်ဆိုင်တွေမှာရလဲဗျသိရင်ညွန်ပေးကြပါအုံး
Tazar Naing • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026