Green Way
ဒေသခံအဏုဇီဝပိုးမွေးမြူနည်း

ဒေသခံအဏုဇီဝပိုးမွေးမြူနည်း

Green Way
Green Way 08/12/2017

အဏုဇီဝပိုးအေၾကာင္း

အဏုဇီဝ၏ အဓိပ္ပာယ်မှာ အဏု= သေးငယ်သော၊ ဇီဝ= သက်ရှိ သေးငယ်သော သက်ရှိလေးများကို ဆိုလိုပါသည်။ ထိုသက်ရှိများသည် သစ်ပင်များ၊ လူများကို မည်သို့ အကျိုးပြုနေသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ အဏုဇီဝပိုးများတွင် မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်(စ်) များ ပါဝင်သည်။

အဏုဇီဝပိုးတွင် အကျိုးပြု အဏုဇီဝ နှင့် အကျိုးမဲ့ အဏုဇီဝဟူ၍ နှစ်မျိုးရှိသည်။ အကျိုးမဲ့ အဏုဇီဝ ဆိုသည်မှာ အပင်နှင့် သက်ရှိများကို ပျက်စီးသော၊ ဆိုးကျိုးပေးသော အဏုဇီဝ ဖြစ်သည်။ အပင်ရောဂါ ဖြစ်စေသော ပိုးများမှာ အကျိုးမဲ့ အဏုဇီဝ ပိုးများ ဖြစ်သည်။ ဥပမာ စပါးရွက်ညိုပြောက်ရောဂါ (မှို)၊ ပဲမိုဇိတ်ရောဂါ (အရွက်များ အကွက်လိုက် မညီမညာ ဝါလာခြင်း) ဗိုင်းရပ်ပိုး။

အကျိုးပြု အဏုဇီဝပိုးများ ဆိုသည်မှာ အပင်များ၊ သက်ရှိများကို ကောင်းကျိုးပြုပေးသော အဏုဇီဝပိုးများ ဖြစ်သည်။ ထိုအဏုဇီဝများသည် သစ်ရွက်များကို မြန်မြန်ဆွေးမြေ့ပြီး မြေသြဇာ ပြောင်းလဲပြုလုပ်ပေးခြင်း၊ ရောဂါပိုးမွှားများကို ကာကွယ်ပေးခြင်း၊ သစ်ရွက်များ၏ အစာချက်လုပ်မှုကို ကူညီပေးခြင်း၊ မြေကြီး တည်ဆောက်မှုကို ကောင်းမွန်စေခြင်း၊ မြေကြီးတွင်းမှ အပင်စားသုံး၍ မရသော အဟာရများကို စားသုံးနိုင်သည့် ပုံစံ ပြောင်းလဲပေးခြင်း၊ အပင်ကို ထိခိုက်စေသော အဆိပ်အတောက် များကို စားသုံးပေးပြီး အကျိုးပြုနိုင်သည့် အဟာရများ ပြန်လည် ဖြည့်စွမ်းပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးသည်။

အကျိုးပြု အဏုဇီဝ (Effective Microbe= EM) အကြောင်းကို အသေးစိတ် ပြန်လည် ရေးသားသွားပါမည်။

ေဒသခံအဏုဇီဝပိုးး(Indigenous Micro Organizm (IMO))

ဒေသခံ အဏုဇီဝ ဆိုသည်မှာ မိမိတို့ ဒေသတွင် နေထိုင်အသက်ရှင်နေသော သို့မဟုတ် မိမိဒေသ ရေမြေပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော အဏုဇီဝပိုးများကို ဆိုလိုပါသည်။ တစ်ခါတစ်ရံ မြို့၊ ဆိုင်များနှင့် အလှမ်းဝေးသည့် နေရာများတွင် အသင့်ပြုလုပ်ဖန်တီးထားသော အကျိုးပြုအဏုဇီဝရည် (အီးအမ်) ရနိုင်ရန် ခက်ခဲပါသည်။ ထိုအချိန်မျိုးတွင် ဒေသခံ အဏုဇီဝပိုးကို စုဆောင်း မွေးမြူပြီး အသုံးပြု နိုင်ပါသည်။ Green Way အနေဖြင့် လည်း ဒေသခံ အဏုဇီဝပိုးကို စုဆောင်းမွေးမြူဖို့ အကြံပြု တိုက်တွန်းလိုပါသည်။ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော ဂျပန် စိုက်ပျိုးရေးကျောင်း (OISCA ) သင်တန်းကျောင်းသည်လည်း ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးနေသည့် အီးအမ်ကို အသုံးမပြုဘဲ ဒေသခံ အဏုဇီဝကိုသာ အသုံးပြုကြောင်း သိရပါသည်။

ဒေသခံအဏုဇီဝပိုးများကိုသဘာဝသစ်တောတွင်းရှိသစ်ရွက်ခြောက်များမှ ဖွဲနုဖြင့် မွေးမြူရယူနိုင်သည်။ များသောအားဖြင့် ဒေသခံ အဏုဇီဝပိုးများ ကို မြေကြီး ဖွဲ့စည်းပုံ ကောင်းမွန်လာစေရန်၊ မြေဆွေး၊ သစ်ရွက်ဆွေး အမှိုက်ဆွေးပြုလုပ်ရန် နှင့် ဘိုကာရှီ ပြုလုပ်ရာတွင် အသုံးပြုသည်။

အခြေခံ သဘောတရားမှာ မိမိဒေသအတွင်းရှိ အကျိုးပြု အဏုဇီဝပိုးများကို ထုတ်ယူ သုံးစွဲခြင်းဖြစ်သည်။ အဏုဇီဝပိုးများကို မည်သို့ရယူမည်ဆိုသည် မှာ အရေးပါလှပါသည်။ ထုတ်ယူသည့် နည်းလမ်းမှာ အမျိုးမျိုး ကွာခြားနိုင်ပါသည်။

အချို့မှာ ထမင်းဆုပ်ကို အသုံးပြု၍ ထုတ်ယူကြပါသည်။ ထမင်းဆုပ်ကို စက္ကူဖြင့် အုပ်ပြီး သစ်ရွက်ပုံ၊ ကောက်ရိုးပုံ၊ သစ်တောထဲရှိ သစ်ရွက်ပုံတွေအောက်တွင် ထားကြသည်။ ၅-၆ ရက်ခန့်ကြာသော ထမင်းဆုပ်တစ်ခုလုံး မှိုမျှင်ဖြူများနှင့် ဖုံးလွမ်းနေသည်ကို တွေ့မြင်ရမည်။ ထိုထမင်းဆုပ်ကို ယူပြီး သကြားကြမ်း ဖျော်ထားသော အရည် သို့မဟုတ် ထန်းလျက်ရည်တွင် ထည့်စိမ်ထားပြီး တစ်ပတ်ကြာပါက အဏုဇီဝဆေးရည် အဖြစ် အသုံးပြုနိုင်သည်။

ထိုအဏုဇီဝဆေးရည်ကို အပင်တိုက်ရိုက် ဖြန်း၍သော်လည်းကောင်း၊ မြေဆွေးပုံ ပြုလုပ်ရာတွင် လည်းကောင်း အသုံးပြုနိုင်သည်။ အပင်ကို တိုက်ရိုက် ဖြန်းပါက အပင်အမျိုးအစားပေါ်တွင် မူတည်၍ ဆေးရည်ပြင်းအား အလျော့အတင်း ပြုလုပ်ပေးရမည်။ ယေဘုယျအားဖြင့် လေးဂါလံ ဆေးဖျန်းပုံး တစ်ပုံးလျှင် ဆေးရည် ရေနွေးကြမ်း ပန်းကန်တစ်လုံး ထည့်ပြီး ဖျန်းပေးရမည်။

နောက်တစ်နည်း အနေဖြင့် တောထဲ သစ်ပင်အောက်မှ မဲနက်သော မြေကြီး သို့မဟုတ် သစ်ပင်ကြီးအောက်၊ သစ်ရွက်ပုံအောက်မှ မြေကြီးကို ယူပြီး ဖွဲနု၊ ထန်းလျက်ရည်၊ ရေအနည်းငယ်တို့ နှင့် ရောနယ်ကာ ဆာလာအိတ် နှင့် ထုပ်ပြီး ၁-၂ ပတ်ခန့်ထားကြသည်။ မှိုဖြူမျှင်များ ထွက်လာပါက ထန်းလျက်ရည်ထဲသို့ ၁-၂ ပတ်ခန့် စိမ်ပြီး အဏုဇီဝဆေးရည် အဖြစ် အသုံးပြုကြသည်။

Green Way သင်တန်းများတွင် အသုံးပြုသော နည်းမှာ OSICA သင်တန်းကျောင်းမှ နည်းပညာကို အခြေခံထားသည်။ မြေကြီးကို တစ်နေရာမှ မယူဘဲ အနည်းဆုံး နေရာ (၆) နေရာ(များလေ ပိုကောင်းလေ) မှ ယူပြီး အဏုဇီဝပိုးကို ပွားများယူပါသည်။ အပြည့်အစုံကို ဒေသခံအဏုဇီဝ မျိုးစေ့ထုတ်ယူခြင်း ခေါင်းစဉ်ဖြင့် ဝက်ဆိုဒ်၏ နည်းပညာ စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။

Continue reading related topics, questions and articles.

Than Swe

Than Swe

6 months ago

မဂ်လာပါ တိုက်ရိုက်ဆက်သွယ်မေးမြန်းချင်ပါတယ်ခင်ဗျ

Win Pa Pa Phyoe

Win Pa Pa Phyoe

7 months ago

နှည်းနှစ်နည်းမှာဘယ်ဟာကQualityပိုကောင်းလဲသိချင်ပါတယ်ရှင့်

ဦးခင်ရှိန်

ဦးခင်ရှိန်

2 years ago

ဒေသအဏုဇီဝဖမ်းယူချင်ပါသည်

Taeri Hnin

Taeri Hnin

2 years ago

EM ကဘာအတွက်ကောင်းတာလဲ

You

Related questions

နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့် အကြံပေးကြပါဦးခင်ဗျ ဆရာသမားတို့.. ကုန်ကျစရိတ်အရ နှစ်မျိုးထဲက တစ်မျိုးဆိုရင် ဘယ်အရာကိုပိုချသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ကြပါဦးခင်ဗျ...

အောင်မျိုးသူ • 1 answers

ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြားမှိုဆေး ရောဖျန်းလို့အဆင်ပြေလားလဲ ပြောပြပေးပါအုံး အကို

Aung Lay • 2 answers

ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား

Sawdohhtoo Sawsaw • 1 answers

ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား

ဝင့်ဝါခိုင် • 2 answers

မြေကြီးPh တိုင်းတဲ့စက္ကူ ရန်ကုန်ကဘယ်ဆိုင်တွေမှာရလဲဗျသိရင်ညွန်ပေးကြပါအုံး

Tazar Naing • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....