စိုက်ပျိုးမြေတွေမပျက်စီးဖို့နဲ့ မြေဆီလွှာကောင်းမွန်စေမယ့် နည်းလမ်းများ
အပင်တွေ သီးနိုင်၊ ပွင့်နိုင်၊ အထွက်နှုန်းများများ ရနိုင်ဖို့ဆိုတာ မျိုးကောင်းမျိုးသန့် ရွေးချယ် စိုက်ပျိုးဖို့ လိုအပ်သလို အပင်ရှင်သန်ကြီးထွားရန် သင့်လျော်သော မြေ၊ ရေ၊ အာဟာရနှင့် ပတ်ဝန်းကျင် ရှိဖို့လည်း အရေးကြီးပါတယ်။ အဲဒါကြောင့် အပင်ရဲ့ ဗီဇအစွမ်းရှိသလောက် အထွက်နှုန်းရရန် ရေခံမြေခံကောင်းဖို့နဲ့ ကောင်းမွန်စွာပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။
ပန်းပင်ပဲစိုက်စိုက်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဆေးဖက်ဝင်ပင်၊ ကောက်ပဲသီးနှံပင်တွေ စိုက်စိုက်၊ အလှစိုက်မြက်ခင်းလေးပဲစိုက်စိုက် အာဟာရဓါတ်ကြွယ်ဝသော စိုက်ပျိုးမြေဟာ ကနဦး လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ မြေကြီးဆိုတာ အပင်အတွက် အာဟာရများ ထုတ်လုပ်ပေးရာ သက်ရှိ စက်ယန္တရားကြီးတခုပေါ့။
အဲဒါကြောင့် စိုက်ပျိုးမြေ မြေဆီလွှာကောင်းမွန်စေဖို့ အထူးသဖြင့် ရေရှည်ကောင်းမွန်သော စိုက်ပျိုးမြေဖြစ်စေဖို့ နည်းလမ်းတချို့ကို မျှဝေလိုက်ပါတယ်။
၁။ သစ်ဆွေးဓါတ် organic matter ထည့်ပေးပါ။
မြေစေး၊ သဲဆန်တဲ့မြေ၊ အာဟာရဓါတ်နည်းသောမြေ၊ ကျစ်မြေ၊ ရေစီးမကောင်းသောမြေ ဘယ်လိုမြေ အမျိုးအစားပဲဖြစ်ဖြစ် သစ်ဆွေးဓါတ် organic matter ထည့်ပေးခြင်းဟာ မြေဆီအာဟာရ တိုးတက် ကောင်းမွန်စေသော နည်းလမ်းကောင်းတခုပဲဖြစ်ပါတယ်။ သစ်ရွက်ဆွေးမြေဩဇာထည့်ပေးခြင်းဟာ မြေတွင်းအောင်းအကျိုးပြု အဏုဇီဝပိုးမွှားတွေကို တိုးစေပြီး မြေဆီလွှာကို ကောင်းမွန်စေပါတယ်၊၊ သစ်ရွက်ဆွေးမြေဩဇာအပြင် နွားချေး၊ ကြက်ချေး၊ ရိုးပျက်၊ သစ်ရွက်ခြောက်များဟာလဲ မြေအာဟာရကို တိုးတက်ကောင်းမွန်စေရုံသာမက မြေ၏ရေထိန်ထားနိုင်မှုကိုလဲ ကောင်းမွန်စေပါတယ်။
၂။မြေငွေ့ထိန်းအုပ်ပေးခြင်း Mulching
Mulching လုပ်ပေးခြင်းဟာ မြေအစိုဓါတ်၊ အာဟာရဓါတ်ကို ထိန်းပေးရုံသာမက မြေဆီလွှာ တိုက်စားခြင်းကို ကာကွယ်ပေးပါတယ်။ ဒီလိုနည်းလမ်းကျင့်သုံးခြင်းဖြင့် ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း၊ မြေဩ ဇာကျွေးခြင်းတွေကို လျော့နည်းစေပါတယ်။ နုတ်နုတ်စင်းထားတဲ့ မြက်ပင်လေးတွေ၊ ၃-၄ လက်မခန့် ဖြတ်တောက်ထားသော ပဲပင်များ ကို Mulchingပြုလုပ်ရာမှာ အသုံးပြုနိုင်သလို ဆွေးမြေ့နေသော သစ် ရွက်တွေ၊ သစ်သားအပိုင်းအစသေးသေးလေးတွေလဲ သုံးလို့ရပါတယ်။ မိမိရဲ့ စိုက်ခင်း(သို့) စိုက်ပျိုးသီးနှံ များနှင့် သင့်လျော်ရာ ရွေးချယ်အသုံးပြုသင့်ပါတယ်။
၃။မြေဖုံးသီးနှံများ စိုက်ပျိုးပါ
မြေဖုံးပင်များစိုက်ပျိုးပေးခြင်းဟာ မြေဆီလွှာအာဟာရကို ကောင်းစေတယ်၊ အစိုဓါတ်ထိန်းပေးတယ်၊ အကျိုးပြု မြေအောင်းအဏုဇီဝပိုးများ၊ တီကောင်များ အရေအတွက်ကို တိုးစေပြီး မြေကြီး ဖွဲ့စည်း တည်ဆောက်ပုံကို ကောင်းမွန်လာစေပါတယ်။ မြေကြီးရဲ့ ရေစုပ်ယူနိုင်မှုကို ပိုမိုကောင်းမွန်စေပါတယ်၊၊ ဒါ့အပြင်မြေဖုံးပင်များစိုက်ပျိုးပေးခြင်းဟာ မြေကျစ်ခြင်းကို လျော့ကျစေပါတယ်။
မြေဖုံးသီးနှံတွေအဖြစ်တော့ ပြောင်း, လူး, ဆတ်,မုယောစပါး စတဲ့ နှံစားပင်တွေဖြစ်စေ/ ပဲယင်း, ပဲလွန်း တို့လို ပဲမျိုးစုံကိုလဲ စိုက်ပျိုးလို့ရပါတယ်။ ဒီလို မြေဖုံးသီးနှံစိုက်ရတဲ့ ရည်ရွယ်ချက်က အဓိကသီးနှံပင်တွေ မစိုက်ထားတဲ့အချိန် မြေကြီးကို နေ/ရေ/လေ တို့ တိုက်ရိုက်မကျဖို့ အဖုံးအကာအဖြစ် စိုက်ပျိုးခြင်း ဖြစ်ပါ တယ်။ မြေကြီးပေါ်မှ အပင်တွေ ဖုံးအုပ်နေခြင်းအားဖြင့် မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေခြင်း/ မြေတွင်း ရေသိုလှောင်ထားနိုင်မှု ပိုမိုကောင်းမွန်လာခြင်း/မြေဆီဩဇာ ပိုမိုကောင်မွန်လာခြင်း/ မြေတွင်း အဏုဇီဝသက်ရှိများ တိုးပွားလာခြင်း စတဲ့ အကျိုးကျေးဇူးများစွာကို ဖြစ်ပေါ်စေပါတယ်။
၄။ အပင်မျိုးစိတ် အမျိုးမျိုးစိုက်ပျိုးပါ
အပင်မျိုးစုံ စိုက်ပျိုးပေးတာဟာ မြေဆီလွှာအတွက် အကျိုးများစွာ ဖြစ်စေပါတယ်။ ရေသောက်မြစ်ပါတဲ့ အပင်တွေဟာ (မုံလာဥနီ၊ မုံလာဥဖြူ၊ ကန်စွန်းဥ၊ မျောက်ဥ၊ ဝဥ၊ ပီလောပီနံ၊ ရွက်စားမုံလာပင်၊ တရုတ် နံနံ) မြေကျပ်ခြင်းကို သက်သာစေပါတယ်။ မြစ်မွှားများတဲ့ အပင်တွေ အမြစ်နက်နက်ထိမဆင်းတဲ့ အပေါ်ယံလွှာအမြစ်ဖွဲ့စည်းပုံ ရှိတဲ့ အပင်တွေ (စပါး၊ဂျုံ၊ပြောင်းလူး၊ဆပ်၊နှံစားပြောင်း) ကတော့ မြေဆီ လွှာတိုက်စားမှုကို ကာကွယ်ပါတယ်။ ပဲမျိုးဝင်ပင်တွေဟာ မြေဆီလွှာအတွက် နိုက်ထရိုဂျင်ဓါတ် ဖြည့်ပေးပါတယ်..။
၅၊၊ ပိုးသတ်ဆေးများ၊ ဓါတုမြေဩဇာများ သုံးစွဲမှုလျော့ချပါ။
ပိုးသတ်ဆေး၊ ဓာတုမြေဩဇာတွေ သုံးစွဲမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ ပိုးသတ်ဆေး ဓါတ်ကြွင်းတွေဟာ မြေဆီလွှာအကျိုးပြုသော မြေတွင်းအောင်းအကောင်တွေ အဏုဇီဝပိုးမွှားတွေကို အန္တရာယ်ဖြစ်စေခြင်း၊ ဓါတုမြေဩဇာများ သုံးစွဲမှုလွန်ကဲမှုကြောင့် မြေဆီလွှာပျက်စီးခြင်းများ ဖြစ်ပေါ်စေတာမို့ ပိုးသတ်ဆေး၊ ဓါတုမြေဩဇာများ သုံးစွဲမှုကို လျှော့ချပေးသင့်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဦး
4 years agoကျေးဇူးပါ
Related questions
နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့် အကြံပေးကြပါဦးခင်ဗျ ဆရာသမားတို့.. ကုန်ကျစရိတ်အရ နှစ်မျိုးထဲက တစ်မျိုးဆိုရင် ဘယ်အရာကိုပိုချသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ကြပါဦးခင်ဗျ...
အောင်မျိုးသူ • 1 answers
ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြားမှိုဆေး ရောဖျန်းလို့အဆင်ပြေလားလဲ ပြောပြပေးပါအုံး အကို
Aung Lay • 2 answers
ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား
Sawdohhtoo Sawsaw • 1 answers
ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား
ဝင့်ဝါခိုင် • 2 answers
မြေကြီးPh တိုင်းတဲ့စက္ကူ ရန်ကုန်ကဘယ်ဆိုင်တွေမှာရလဲဗျသိရင်ညွန်ပေးကြပါအုံး
Tazar Naing • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Nan Su San
See all
ပျားကုထုံး အပန်းဖြေအိမ်..
25/07/2023
လက်ဖက်ခြောက်ကို ရေအေးနဲ့ စိမ်…သောက်လျှင်
13/07/2023
ဂျပန်နိုင်ငံတွင် အစစအရာရာ ဈေးတက်လိုက်ပြီး သက်ပြည့်ပင်စင်အသက်ကိုလည်း ၅ နှစ်တိုး
01/04/2022
ညသိပ်ရေနွေး သောက်သင့်လား
31/03/2022
Black Soldier Fly ကို အသုံးချခြင်း (သို့) “အစားအသောက်အလေအလွင့်” မှ “အပင်အာဟာရ”သို့
29/03/2022