Green Way
ချဥ်ပေါင်ဖူးယိုထိုးနည်း

ချဥ်ပေါင်ဖူးယိုထိုးနည်း

 လိုအပ်သောပစ္စည်းများ

ချဥ်ပေါင်ဖူး ၄ခွက်(ချဥ်ပေါင်ဖူးအမျှင်)

သကြား ၁ခွက်ခွဲ

သံပုရာသီး

မှတ်ချက်။ ။ မိမိနှစ်သက်ရာခွက်ဖြင့် ချဥ်ပေါင်ဖူးအမျှင် ၄ခွက်လျှင် သကြား ၁ခွက်ခွဲနှုန်း အသုံးပြုရန်။

ပြုလုပ်နည်း

-ချဥ်ပေါင်ဖူးကိုရေဆေးပြီး ရေစစ်ထားပါ။

-ထို့နောက် အစေ့ထုတ်ပြီး ချဥ်ပေါင်ဖူးများကို အမျှင်ပြုလုပ်ပါ။

-ခွက်တစ်ခုယူကာ ခပ်သိပ်သိပ်ထည့်ပါ။ ချဥ်ပေါင်မျှင် ၄ ခွက်လျှင် သကြား ၁ ခွက်ခွဲနှုန်းဖြင့် အိုးထဲသို့ထည့်ပါ။

-သံပုရာသီး နှစ်လုံးသုံးလုံးခန့်ကို အရည်ညစ်ပြီး အိုးထဲသို့ထည့်ကာ ရေအနည်းငယ်လောင်းထည့်၍ မီးဖြင့်အပူပေးပါ။

-ယိုများပစ်လာပါက ပန်းကန်တစ်ချပ်ပေါ်တွင် ယိုအနည်းငယ်တင်ကြည့်ပြီး ဟိုဘက်ဒီဘက်စောင်းကြည့်ပါ။ ယိုများမစီးကျဘဲ ပန်းကန်တွင်ကပ်နေပါက မီးဖိုပေါ်မှချပါ။

-သန့်ရှင်းသော ပုလင်းထဲတွင် ထည့်၍ စားသုံးနိုင်ပါပြီ။

ဖြိုးသဉ္ဇာကျော်

ကိုးကား

You Tube

https://www.youtube.com/watch?v=rO8hLOW9vSk

ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 

 

chu thinzar Tun

chu thinzar Tun

5 years ago

ဘယ်လိုလုပ်ရတာလဲ

ခင်ဇော်

ခင်ဇော်

5 years ago

စမ်းကြည့်ပါမယ်

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....