စပျစ်သီးခြောက် ပြုလုပ်နည်း
လိုအပ်သော ပစ္စည်းများ
စပျစ်သီး
အိုး
ပိတ်စဖြူ
စကာစိပ်
စကာကျဲ
ပြုလုပ်နည်း
စပျစ်သီးအခိုင်မှ အရွယ်တူညီညာပြီး လတ်ဆတ်သော စပျစ်သီးများကို အညှာမပါစေရန် သတိပြု၍ ချွေပါ။ သေးငယ်လွန်းသော အသီးဖျင်းများကို ဖယ်ရှားပါ။ ချွေပြီးသော စပျစ်သီးများကို ရေဆေးပါ။ ရေဆေးပြီးနောက် စပျစ်သီးများကို စတီးအိုးတစ်ခုအတွင်းသို့ ထည့်ပါ။ ၎င်းအိုးထဲတွင် ရေကို စပျစ်သီးမြုပ်ရုံ တစ်လက်မခန့် လောင်းထည့်ပါ။ ထို့နောက် အိုးကို ၃ -၄ မိနစ်ခန့် မီးပူပေး၍ ဆူပွတ်လာသည်အထိ ပြုတ်ပါ။ ဆူပွတ်လာပြီးနောက် စပျစ်သီးများ ရေပေါ်တွင် ပေါလောပေါ်လာပါက မီးပိတ်လိုက်ပါ။ သို့မဟုတ်ပါက စပျစ်သီး အပေါ်ယံရှိ အရေခွံများ လန်ထွက်လာလိမ့်မည်။
မီးပိတ်ပြီးသည်နှင့်တပြိုင်နက် စကာတစ်ခုပေါ်သို့ အိုးကို လောင်းချ၍ ရေပူများကို ထုတ်ပစ်ပါ။ ပြုတ်ပြီးသော စပျစ်သီးများကို ဝါဂွမ်းပိတ်စ တစ်ထည် ပေါ်သို့ ဖြန့်ချ၍ ပိတ်စအနားသားများဖြင့် စပျစ်သီးပေ့ါ်ရှိ ရေများ ခြောက်သွေးသွားစေရန်အတွက် ညင်သာစွာ သုတ်ပေးပါ။
ထို့နောက် စပျစ်သီးများကို နေရောင်အောက်တွင် ထားရှိရန် အကွက်အနည်းငယ်ကျဲသော စကာ (mesh) တစ်ခုကိုအသုံးပြု၍ စကာပေါ်တွင် ပိတ်စဖြူ တစ်ထည် (ဝါဂွမ်းသား)ကို ခင်းပါ။ ၎င်းပိတ်စအပေါ်တွင် စပျစ်သီးများကို ဖြန့်ထားပါ။ ပြီးနောက် ဖြန့်ထားသော စပျစ်သီးများအပေါ်တွင် နောက်ထပ် ပိတ်စဖြူတစ်ထည် (ဝါဂွမ်းသား) ဖြင့် ဖုံးအုပ်လိုက်ပါ။ ထို့သို့ပြုလုပ်ပြီးပါက စပျစ်သီးများ ခြောက်သွေ့သွားစေရန် နေရောင်အောက်တွင် (၂)ရက်ခန့် ထားရှိပါ။ (၂)ရက်အကြာတွင် စပျစ်သီးခြောက်များကို ရရှိပါပြီ။ အကယ်၍ စပျစ်သီးခြောက်သွေ့ရန် အနည်းငယ် လိုအပ်ပါက နောက်ထပ်တစ်ရက် နေရောင်အောက်တွင် ထားရှိနိုင်ပါသည်။
သက်ထားဇင်
Source: https://www.facebook.com/watch/?v=685317798642670
( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Thet Htar Zin
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....