Green Way
တိုင်ထောင်ပဲ စိုက်ပျိုးနည်း

တိုင်ထောင်ပဲ စိုက်ပျိုးနည်း

Green Way
Green Way Greenovator 09/01/2018

အမျိုးအစား

ပဲတောင့်ရှည်တွင် အပင်ပုမျိုး (နွယ်မဲ့မျိုး) နှင့် အပင်ရှည်မျိုး (နွယ်တက်)မျိုးဟူ၍ရှိပြီး အပင်ရှည်မျိုးကို တိုင်ထောင်စိုက်ကြသည်။ အတောင့်ရှည်မှာ (၂)ပေကျော်ထိရှိနိုင်ပြီး အရောင်အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍ ကွဲပြားသည်။ အစေ့အရောင်မှာ မျိုးအလိုက် အနီပြောင်၊ အနီရောင်နှင့် အပြာရောင်ရော ဟူ၍အမျိုးမျိုးရှိသည်။

ရေမြေရာသီဥတု

ပဲတောင့်ရှည်ကို မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ရသည်။ တိုတောင်းသောရာသီ၌ အချိန်တိုအတွင်း စိုက်ပျိုးလိုပါက သဲဆန်မြေတွင် စိုက်ပျိုးကြသည်။ မြေကောင်းလျှင် အထွက်ပိုကောင်းသည်။ အလွန်ချဉ်သောမြေတွင် ကောင်းစွာမဖြစ်ထွန်းပါ။ စိုက်ပျိုးရန် အကောင်းဆုံးမြေချဉ်ငံကိန်းမှာ (၆-၇) အတွင်းဖြစ်သည်။

အပူချိန် ၁၀ စင်တီဂရိတ်အောက်အေးပါက သီးပွင့်မှုကို နှောင့်နှေးစေသည်။ အလွန်ပူသောရာသီ (သို့) မိုးအလွန်များပါကလည်း အပွင့်အသီးကို ကြွေစေသည်။ အသင့်တော်ဆုံးအပူချိန်မှာ (၂၅-၂၂) ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်သည်။

မျိုးစေ့နှုန်းထား

အပင်ပုမျိုး - (၈ - ၁၀) ကီလိုဂရမ်/ တစ်ဧက

တိုင်ထောင်မျိုး - (၄ - ၅) ကီလိုဂရမ်/ တစ်ဧက

မြေသြဇာနှုန်းထား (တစ်ဧက)

နွားချေး- ၁၀တန်၊ ယူရီးယား- ၂၂၄ပေါင်၊ တီစူပါ- ၁၁၂ပေါင်၊ ပိုတက်ရှ်- ၅၆ပေါင်။

နွားချေး၊ တီစူပါ ပိုတက်ရှ်နှင့် ယူရီးယား(၁၁၂)ပေါင်ကို မစိုက်မီ မြေတွင်ထည့်ပြီး ကျန်ယူရီးယား(၁၁၂)ပေါင်ကို ပေါင်းလိုက် မြေဆွချိန်တွင် ထည့်ပေးရမည်။ တတ်နိုင်ပါက ဓာတ်မြေသြဇာများကို မျိုးစေ့စိုက်ချိန်တွင် အစေ့၏ ပတ်ပတ်လည် (၃) လက်မခန့်အကွာတွင် ချပေးပါ။ မဂ္ဂနီဆီယမ်နှင့် သွပ်ဓာတ်များချို့တဲ့ပါက အသီးတွင် ပရိုတင်းပါဝင်မှုလျော့နည်းစေသည်။ မဂ္ဂနီဆီယမ်ဓာတ်လိုအပ်ပါက အပင်၏ အောက်ပိုင်းအရွက်တို့၏ နှုတ်ခမ်းပတ်လည်၌ ဝါလာသည်ကို တွေ့ရမည်။

မြေပြုပြင်ခြင်း

ထွန်ရေးအလွန်ကောင်းအောင် မြေကိုပြုပြင်ရန်မလိုချေ။ ထွန်ရေးအသင့်အတင့်ရလျှင်စိုက်နိုင်သည်။ ရေမဝပ်သောမြေကို ရွေးချယ်ရမည်။

စိုက်ပျိုးခြင်း

မျိုးစေ့ချရာ၌ အစိုဓာတ်များလွန်းက ပုပ်သွားတတ်သည်။ ထို့ကြောင့် မိုးရွာပြီးနောက် နေသာနေ့တွင် နောက်မိုးမရွာနိုင်ဟု ယူဆနိုင်မှ ချစိုက်သင့်သည်။ တိုင်ထောင်ပဲကို အများအားဖြင့် တစ်တန်းနှင့် တစ်တန်း(၃)ပေခြားပြီး တစ်ပင်နှင့်တစ်ပင်

(၉ – ၁၂) လက်မခွာ၍ စိုက်နိုင်သည်။ စိုက်ပျိုးပြီးအပင်များ ရှည်လာသောအခါ အနည်းဆုံး (၇)ပေခန့်ရှည်သော ဝါးတိုင်(သို့) သစ်သားတိုင်များကို အပင်တိုင်း၏အခြေတွင် ထောင်ပေးသည်။ အချို့တိုင်များမြဲစေရန် တစ်တန်းထဲရှိ နီးကပ်သောအပင်များ၏ တိုင်ကို ကြက်ခြေခတ်ပေးပြီး တိုင်များဆုံရာ၌ စုချည်ပေးသည်။ ဂျပန်နိုင်ငံတွင် အခြားတစ်ဖက်တန်းရှိ နီးစပ်သောအပင်၏ တိုင်နှင့် ထိပ်တွင်ဆုံချည်ပေးသည်။ အမေရိကန်နိုင်ငံတွင် လေးပွင့်ဆိုင် ဝါးလေးလုံးကို အလယ်တွင် ဆုံစေ၍ တိုင်၏ထိပ်တွင် ကြိုးဖြင့်ချည်ပေးသည်။

ရေဝပ်ခြင်းကင်းစေရန် စိုက်တန်းတစ်ခုနှင့် တစ်ခုအကြားတွင် ရေနှုတ်မြောင်း (သို့) (၂)တန်းကြားတွင် တစ်မြောင်းပြုလုပ်ပေးနိုင်သည်။

ဝါးရှားသော ဒေသတွင် အပင်ရှည်မျိုးကို သက်ကြီးပြောင်းဖူးမျိုးနှင့်ရော၍ စိုက်ပျိုးကြသည်။ ပဲပင်တို့သည် တိုင်ထောင်စရာမလိုပဲ ပြောင်းဖူးပင်ကိုအမှီပြု၍ တက်ကြသည်။ အပင်ပုမျိုးကို တစ်တန်းနှင့် တစ်တန်း ( ၁.၅ -၂)ပေခြား၍ တစ်ပင်နှင့် တစ်ပင် (၂)ပေခွာစိုက်သည်။ ရာသီဥတု သင့်တင့်သောဒေသတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ ရေရရှိက အချိန်မရွေးစိုက်နိုင်သည်။

အပင်ပြုစုခြင်း

ပူ၍ စွတ်စိုသောရာသီဥတုတွင် ပေါင်းမြက်များ အထမြန်သောကြောင့် စတင်ပေါက်လာသည်နှင့် နှိမ်နှင်းပေးရမည်။ အထူးသဖြင့် အပင်ရှည်မျိုးသည် သက်တမ်းပိုရှည်သောကြောင့် ပေါင်းကိုကြိုတင်၍ မနှိမ်ထားက နောက်ပိုင်း တိုင်ထောင်ပြီးလျှင် ပေါင်းလိုက်ရခက်သည်။ ပေါင်းနှိမ်စဉ် ပဲပင်များ၏ အမြစ်များကို မထိခိုက်ရန် သတိပြုပါ။ ပဲပင်၏အမြစ်တွင် နိုက်ထရိုဂျင်ဖမ်းယူနိုင်သော ဘက်တီးရီးယားများ ခိုအောင်း၍ အပင်တွက် နိုက်ထရိုဂျင်ကို ရယူပေးခြင်းဖြင့် အကျိုးပြုစေသည်။

ရေသွင်းခြင်း

ပဲပင်တို့သည် ခြောက်သွေ့သောရာသီဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည်ခြောက်သွေ့နေပါက ရေပေးသွင်းရန်လိုအပ်သည်။ မိုးရာသီစိုက်ပျိုးပါက ရေဝပ်သောမြေ၊ မြေစေးတို့တွင် ရေနုတ်မြောင်းပြုလုပ်ထားရမည်။

ရိတ်သိမ်းခြင်း

ပဲသီးများကို အရွယ်မရောက်မီ အစေ့နုသေးသောအချိန်တွင် ဆွတ်ခူးရသည်။ ပန်းပွင့်ပြီး (၇-၁၀) ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ပဲသီးတောင့်များရင့်လာက အစေ့နေရာတွင်ဖောင်းကြွကာ အခွံသည် ပျော့သောကြောင့် စားသုံးသူများ မနှစ်သက်ကြချေ။ အပင်ပုမျိုး တစ်ဧကလျှင် (၈၀၀ - ၉၀၀)ပိဿာ၊ အပင်ရှည်မျိုး တစ်ဧက (၂၀၀၀) ပိဿာကျော်ထိထွက်ရှိနိုင်သည်။

Credit- စိုက်ပျိုးရေး သတင်းများ

 

Continue reading related topics, questions and articles.

Ko Pyae

Ko Pyae

10 months ago

45ရက်ပါ

u kyaw khaing win

u kyaw khaing win

1 year ago

တိုင်ထောင်ပဲကိုအပင်ဘယ်အရွယ်စားရောက်ရင်အညွှတ်ဖြတ်ရလဲ

Anonymous

Anonymous

3 years ago

hi

MAUNG NAING LIN TUN

MAUNG NAING LIN TUN

3 years ago

စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာလျှင် ပန်းပွင့်သလဲဗျ

Mg  Mg

Mg Mg

4 years ago

1လပိုင်း စိုက် လို့ရ ပါ သလား

You

Related articles

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?

Green Way Agtech • 1 answers

မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing

Green Way • 1 answers

ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။

TunLin • 3 answers

မိုးနှမ်းစိုက်ချင်လို့ပါခင်​ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက  ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ

Paing Lay • 1 answers

မိုးနှမ်းစိုက်ချင်လို့ပါခင်​ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက  ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ

Paing Lay • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....