ကုန်းကန်စွန်း၊ ရေကန်စွန်း၊ ထိုင်ဝမ်ကန်စွန်းစိုက်ပျိုးနည်း
မြန်မာလူမျိုးများ ကြိုက်နှစ်သက်သော ဟင်းသီးဟင်းရွက်ဖြစ်သည်။ ရှေးနှစ်များစွာကပင် မြန်မာပြည်တွင် စိုက်ပျိုးလာကြပြီး အောက်မြန်မာပြည်ဒေသတွင် အနှံ့အပြားစိုက်ပျိုုးသည်။
မြေပြုပြင်နည်း
ထယ် ၂ စပ်ထိုးပြီး၊ ထွန် ၆-၈ စပ်မွှေပါ။ ရေသိုလှောင်ထိန်းသိမ်းနိုင်သော မြေဖြစ်လျှင် ကန်စွန်းစိုက်ရန်သင့်တော်ပါသည်။ တောင်ပေါ်ဒေသ၌ ဆောင်းတွင်းစိုက်ရန်မဖြစ်နိုင်ပါ။ ထွန်ရေးညက်လျှင် ကန်သင်းဖော်၍ အကွက်ဖော်ပါ။ ထို့နောက်ရေသွင်းပြီးဆက်၍ ထွန်မွှေပါ။ အခင်းသစ်တွင် မြေပြင်ချိန်၌ နွားချေး (၁၀ - ၁၅) စီးထည့်သွင်းပြီး မြေကြီးကို မစိုက်ခင်နှပ်ထားသင့်ပါသည်။
ရေကန်စွန်းစိုက်ပျိုးခြင်း
ကန်စွန်းကို အညွှန့်ဖြတ်ကာ စိုက်ကပို၍ရှင်သန်သည်။ အဆစ်အနည်းဆုံး ၄ဆစ်ပါက ကိုင်းများကို ၈ - ၁၀ လက်မ အရှည်ခန့်ဖြတ်ယူ၍ စိုက်ကျင်းတစ်ကျင်းလျှင် ၂ - ၃ ပင်စိုက်ပါ။ စိုက်ရာတွင် စပါးစိုက်သကဲ့သို့ လက်ဖြင့်အောက်ခြေပိုင်းကို မြေထဲသို့ အဆစ် ၂ဆစ်ထိဝင်အောင် ထိုးစိုက်ပါ။ တန်းကြား၊ ပင်ကြား ၁၂ x ၁၀ လက်မထား၍ စိုက်ပါ။ မိုးတွင်း၌ စိုက်ပါက အပင်ခြေတွင် တုတ်စိုက်ပြီးချည်ထားပေးရန် လိုသည်။

မျိုးစေ့နှုန်း
တစ်ဧကလျှင် ကန်စွန်းပင် ဖြတ်ပိုင်း ၁၀၀၀၀ - ၁၅၀၀၀၀ အထိလိုအပ်သည်။
အပင်ချစိုက်ပြီးလျှင် ပြီးချင်း ၃ လက်မအနက်ရအောင် ရေသွင်းပေးပါ။ အခင်းထဲတွင် ရေ ၃ - ၆ လက်မရှိနေစေရန် ထိန်းသိမ်းပါ။ နွေရာသီပူပြင်းပါက တစ်ပတ်တစ်ကြိမ် ရေလဲပေးသည်။ သို့မှသာ စိုက်ခင်းရှိရေများ ပူလာခြင်းကြောင့် အပင်ကိုထိခိုက်ခြင်းမှ ကာကွယ်နိုင်မည်။ စိုက်ပြီး ၁ လ အတွင်း ပေါင်းမြက်ပေါက်ပါက ရှင်းပေးပါ။ ထို့နောက်ရွက်ဖြန်းအားဆေးပက်ဖြန်းပေးပါ။
ခူးယူခြင်း
ရိတ်ခါနီးတွင် ရေကို အခင်းအတွင်း ၅ လက်မသို့ လျှော့ချပြီး၊ ကန်စွန်းညွှန့်များကို ရိတ်သိမ်းရမည်။ ကျန်နေသော ကန်စွန်းငုတ်များသည် ရေပေါ်တွင် ၂ - ၃ လက်မပေါ်နေရမည်။ ကန်စွန်းပင်များကို စိုက်ပြီး ၆၀ - ၁၂၀ ရက်ကြာလျှင် ရိတ်သိမ်းနိုင်သည်။ တစ်ဧကလျှင် ကန်စွန်းပိဿာချိန် ၅၀၀ - ၁၀၀၀ အထိထွက်နိုင်သည်။ ရိတ်သိမ်းပြီး ၁ - ၂ ရက်အတွင်းရောင်းရပါမည်။
ထိုင်ဝမ်ကန်စွန်း၊ ကုန်းကန်စွန်း စိုက်ပျိုးခြင်း
မြေကိုထွန်ယက်ပြီး ၃ ပေအကျယ်၊ အရှည်သင့်တင့်စွာထား၍ ၄ လက်မအမြင့် ဘောင်များပြုလုပ်ပါ။ ဘောင်ပေါ်တွင် အစေ့များကို ပင်ကြား၊ တန်းကြား (၄ x ၆) လက်မထား၍ တစ်ကျင်းလျှင် မျိုးစေ့ ( ၂ - ၃) စေ့ခန့်ကို လက်မဝက်အနက်မြုပ်၍ စိုက်ပါ။ ကျင်းများကို မြေဖြင့်ဖုံး၍ ကောက်ရိုး သို့မဟုတ် စပါးခွံ ၂ လက်မခန့် အပင်ရင်းမှဖြတ်၍ စားသုံး၊ ရောင်းချနိုင်သည်။ အပင်များဖြတ်ပြီး နွားချေးမြေဆွေးစသည်တို့ကို ထည့်ပေးလျှင် နောက်ထပ် (၇ - ၁၀ ) ရက်အတွင်း ထပ်မံခူးယူနိုင်သည်။ ကန်စွန်းရွက်ကို ၃ - ၄ ကြိမ်ခူးဆွတ်ပြီးလျှင် နောက်ထပ်အသစ် ပြန်စိုက်နိုင်သည်။ အရွယ်အစား (၃ x ၂၀) ပေဘောင်တစ်ဘောင်အတွက် မျိုးစေ့ နို့ဆီတစ်ဘူးလိုအပ်သည်။
"ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းလမ်းညွှန်" စာအုပ်မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း
Applicable farm inputs (Ad)
မျိုးသူ
3 years agoစာအုပ်မှာချင်လို့ပါ
မောင်မောင်
3 years agoကိုရဲ့စိုက်ပျိုးထားတဲ့အပင်းတွေကြာရှည်အောင်ဘယ်လိုလုပ်မလဲ
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026