အိမ်မှာ အလွယ်တကူ ပန်းသီးပင် စိုက်ကြည့်ရအောင်
လောလောလတ်လတ် သင်စားလိုက်တဲ့ ပန်းသီးချိုချို တစ်လုံးရဲ့ အစေ့ကို ဖယ်ထုတ်ပြီး သင့်နောက်ဖေးခြံထဲမှာ စိုက်လို့ရနိုင်မလား ဆိုတာကို တွေးမိဖူးပါသလား။ စိုက်လို့ ရပါတယ်။ ပန်းသီးအစေ့ ကနေ စိုက်ပျိုးတာမို့ ဂရုစိုက်တစိုက်နဲ့ သည်းခံစိတ်ရှည်စွာ ပြုစုပေးဖို့တော့ လိုတာပေါ့။
ပထမအဆင့် အနေနဲ့ကတော့ မျိုးစေ့ အညှောင့်ဖောက်ဖို့ အတွက်ကတော့ ဆောင်းရာသီကို ကျော်ဖြတ်ပြီး မျိုးစေ့လေးဟာ ပေါက်ရောက်ရှင်သန်ရမှာ ဖြစ်တဲ့အတွက် အအေးဓာတ်ကို ကောင်းကောင်းထိတွေ့ ပေးဖို့လိုပါတယ်။ ဒီလိုအပ်ချက်အတွက်၊ ရေခဲသေတ္တာထဲ ထည့်ထားခြင်းဟာ အအေးဓာတ်ကို ထိတွေ့မှူ့ ပေးလိုက်လို့ရပါတယ်။
ပန်းသီးအပွင့်တွေဟာ ပွင့်ထီးဝတ်မှုန်ကူးမှူ့ကို မလုပ်တဲ့အတွက်ကြောင့် ပန်းသီးပင် စိုက်တဲ့အခါမှာ နှစ်ပင်ထက် ပိုပြီး စိုက်သင့်ပါတယ်။ ဒါကြောင့် မျိုးမတူတဲ့ ပန်းသီးပွင့်တွေ ဝတ်မှုန်ကူးနိုင်မှာ ဖြစ်ပါတယ်။ သင်စားနေတဲ့ ပန်းသီးစေ့ကိုဘဲ ယူယူ၊ မျိုးစေ့ အရောင်းဆိုင်ကဘဲဝယ်ဝယ် ရပါတယ်။ သိထားရမှာက ခုစိုက်ဖို့ ယူလိုက်တဲ့မျိုးစေ့ (က)ကနေ ဖြစ်လာတဲ့အပင် (ခ) ဟာ (က) အပင်က အသီး အရည်အသွေး မျိုး သီးလာလိမ့်မယ်လို့ မျှော်မှန်းလို့မရဘူးဆိုတာပါဘဲ။
နေရာဒေသ ရာသီဥတုကို ချိန်ဆပြီးမှ သင့်တော်မယ့် မျိုးစေ့ကို ကြိုးစားဝယ်ပါ၊ မဟုတ်ရင် အပင်သေ သွားနိုင်ပါတယ်။ အကြံပြုလိုတာကတော့ မျက်စိရှေ့အပင်က အသီးရဲ့ အစေ့ကို စိုက်တာထက် ပျိုးခြံက ပျိုးပြီးသား ပျိုးပင်ကို ဝယ်စိုက်သင့်ပါတယ်။ နောက်တစ်ခုကတော့ ပန်းသီးစေ့ကနေ ပန်းသီးပင် တစ်ပင်ကို စိုက်ဖို့ကြိုးစားတဲ့အခါ ပေသုံးဆယ်နီးနီးလောက်အမြင့်ထိ ကြီးထွားနိုင်တာမို့ နေရာ လုံလုံလောက်လောက် ရှိဖို့ လိုပါတယ်။ ပျိုးခြံကပျိုးပင်က အစေ့ကနေပျိုးတဲ့ အပင်ထက်စောစော သီးပွင့်ပါမယ်။ အစေ့ကနေ ပျိုးတဲ့ အပင်ဟာ ရှစ်နှစ်ကနေ ဆယ်နှစ်လောက် ကြာပါတယ်။
ပန်းသီးထဲက အစေ့တွေကို ထုတ်ပြီးတဲ့အခါ အစေ့ကို ခြောက်သွေ့အောင်လုပ်ပါ။ နေပူခြောက်ခံဖို့ မဟုတ်ပါဘူး။ ပါးစပ်နဲ့မှူတ်ပေးပါ အစေ့ခွံပေါ်မှာ စိုထိုင်းမှုှု့ မရှိတော့အောင် ဖြစ်ပါတယ်။ Snow towel သို့မဟုတ် paper towel နဲ့ ပန်းသီးစေ့တွေကို လေလုံအောင် ပတ်လို့ရတဲ့ ပလစ်စတစ် အိတ်ထဲကို ထည့်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ မှာထားပါ၊ ရှစ်ပတ် ထက်ပိုပြီးထားရပါမယ်။
ပူချိန်ကို ၄.၄ ဒီဂရီ မှ ၁၀ ဒီဂရီ ဆဲဆီးရပ်အထိ ထားပေးပါ။ ရှစ်ပတ်အတွင်း အညှောင့်နဲ့ အမြစ် ထိုးထွက် လာပါလိမ့်မယ်။ တကယ်လို့ မျိုးစေ့ဖောက်တာက ဆောင်းတွင်းဆိုရင် ရေခဲသေတ္တာထဲ က ထုတ်ထုတ်ပြီးခြင်း အပြင်ကရာသီဥတုနဲ့ လိုက်လျော်ညီထွေဖြစ်လျှင် ပိုမို အဆင်ပြေပါတယ်။ ပုဝါကို အမြဲတမ်း စိုနေအောင် မကြာခဏ စစ်ကြည့်ပေးပါ။ အစေ့က အညှောင့်နဲ အမြစ်သေးသေးလေး ထွက်လာပြီ ဆိုရင် ရေခဲသေတ္တာထဲက ထုတ်လိုရပါပြီ။
အပင်စိုက်အိုး အသေးတစ်လုံးထဲကို မြေချဉ်ငံဓာတ် အသင့်အတင့်ရှိတဲ့ မြေထည့်ပြီး မျိုးစေ့ပင်ပေါက်ကို ထည့်စိုက်ပါ။ ဘယ်မြေဆီမြေသြဇာမှ မထည့်ပါနဲ့။ ထည့်ချင်တယ် ဆိုရင်တော့ ကောင်းကောင်ဆွေးထားတဲ့ သစ်ရွက်မြေဆွေး ထည့်နိုင်ပါတယ်။ မျိုးညှောင့်နဲ့အမြစ်တွေ အကျိုးမဖိမိအောင် ညင်သာစွာ ထည့်စိုက်ပါ။ ရေပမာဏ အသင့်အတင့်လောင်းပါ။ ပြတင်းပေါက်ဘောင်လို နေရောင်ကောင်းကောင်း ရနိုင်သော နေရာမျိုးတွင် အခန်းအပူချိန်နှင့် ထားပါ။ ရက်သတ္တပတ်ပေါင်းများစွာ ကြာတဲ့အခါ အရွက်သေးသေးလေး များ ထွက်လာလိမ့်မယ်။ ရေပုံမှန်လောင်းပေးပါ။
အပင်ကို မြေကြီးပေါ် ချစိုက်တဲ့အခါ နေရောင်ပြည့်ပြည့်ဝဝ ရရှိဖို့လိုတယ်။ စိုစွတ်တာကို ကြိုက်ပေမယ့် ရေဝပ်တာကို မကြိုက်နှစ်သက်သောကြောင့် မြေချဉ်ငံဓာတ် ပုံမှန်ရှိတဲ့မြေ၊ ရေသွင်းရေထုတ်လွယ်ကူတဲ့မြေ ဖြစ်ရန်လိုပါတယ်။ ပင်ကြား တန်းကြားက ဆယ့်ငါးပေ ထားရပါမယ်။ ဆီးနှင်းကင်းလွတ်ပြီး နေရောင် နွေးနွေးနှင့် အပူချိန် သင့်တင့်သောနွေဦးရာသီ ကဲ့သို့ အချိန်မျိုးသည် စိုက်ပျိုးရန် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
အပင်၏ လေးပေပတ်လည်ကို ပေါင်းမြက်ပင်များ ရှင်းလင်းပေးဖို့လိုပါတယ်။ အပင် ရွှေ့စိုက်သောအခါ အမြစ်များ အကျိုးစေရန် သတိထားပြီး ရွှေ့စိုက်ပါ။ အပင်အမြစ်များ လောင်ကျွမ်းမှူ့ မဖြစ်စေရန်မြေဆီသြဇာ မထည့်ပေးသင့်ပေ။ ကောက်ရိုး၊ သစ်ရွက်၊ သစ်ခက်တွေနဲ့ အပင်ခြေပတ်လည်တွင် ဖုံးအုပ်ပေးပါ။ အစိုဓာတ်ကိုထိန်းသိမ်းရန်နှင့် ပေါင်းပင်နှိမ်နှင်းရန်အတွက် ဖြစ်ပါတယ်။
ဆယ်ရက်မှ ဆယ့်နှစ်ရက်အထိ အပင်အမြင့် ရှစ်လက်မလောက်ရှိချိ်န်တွင် ရေကို မဝပ်အောင် ပုံမှန် လောင်းပေးပါ။ မြေဟာ အမြဲစိုစွတ်နေစေရန် လိုအပ်ပါတယ်။ အပင်ကြီးလာသည်နှင့် ရေလောင်းခြင်းကိုလျော့နိုင်ပါတယ်။ နွေရာသီတွင် တစ်ပတ်ခြား သို့မဟုတ် နှစ်ပတ်ခြားရေလောင်းပေးရန် လိုအပ်ပါတယ်။
ပထမတစ်နှစ်အတွင်း အပင်မှရေ၏ စုပ်ယူမှူ့ကိုကောင်းမွန်စွာ စိုစွတ်အောင်လောင်းပေးပါ။ ရေပန်းရေမွှားများနှင့် မလောင်းပါနှင့်။ အဖျက်ပိုးများ မကျရောက်စေရန် ဂရုတစိုက်ပြီး စောင့်ကြည့် ပေးရန် လိုအပ်ပါတယ်။ ပန်းသီးသည် ပိုးမွှားကျရောက်မှူ့ အလွန် ဆိုးရွားပါသည်။ ထို့ကြောင့် ဘေ့ဘော ပမာဏရှိတဲ့ ဘောလုံးအနီရောင်ကို အပင်တွင် ချိတ်ဆွဲပါ။ ထိုဘောလုံးကို စေးကပ်စေသောကော်နှင့် သုတ်ထားပေးရန် လိုအပ်ပါသည်။
အပင်ကြီးလာတာနဲ့အမျှ တစ်နွေရောက်တိုင်း မြေဆီ ကျွေးလို့ရပါတယ်။ နောက်ဆုံးသော နှင်းကျချိန်ဖြစ်သည့် ဖေဖော်ဝါရီလလောက်တွင် အပင်၏ ဆယ်ပေပတ်လည်တွင် မြေဆီကို တစ်ကီလို၏ လေးပုံတစ်ပုံကို ကျွေးသင့်ပါတယ်။ ပေါင်းသတ်မြေသြဇာ မကျွေးသင့်ပါ။
အစပိုင်းနှစ်တွေမှာ ကိုင်းဖြတ်ခြင်းကို မပြုလုပ်ပါနှင့် သို့သော် ရောဂါကျရောက်သော ကိုင်းများ၊ ကိုင်းခြောက်များကို ဖြတ်ချပါ အဖူးသေးသေးလေးတွေကိုလဲ ခြွေချပါ။ အပင်သိပ်အကြီးသေးသရွေ့ အသီးကို မသီးခိုင်းသင့်ပေ။ အပင်၏ကိုင်းများဟာ အသီးအများဆုံးသီးနိုင်ဖို့ မြေပြင်နဲ့ ၃၅ ဒီဂရီ အနေအထားရှိအောင် ကြီးထွားသင့်ပါတယ်။ အပေါ်အရမ်းထောင်နေသော ကိုင်းတွေကို အောက်တစ်တစ်ကိုင်းနှင့် ပူးချည်ပြီး ထားခြင်းက မြေပြင်နဲ့ တစ်ပြေးညီ ဖြစ်သွားတဲ့အခါ အသီးများများ သီးနိုင်ပါလိမ့်မယ်။ ရက်သတ္တပတ် အနည်းငယ်လောက် ချည်ထားပေးရန် လိုအပ်ပါသည်။
အပင်မှာ အသီးတွေ အများကြီး သီးတာဟာအပင် ကို အရမ်းလေးလံစေပါတယ်။ အသီးတွေ တစ်နေရာမှာ စုပြုံ သီးစေခြင်းဟာ အသီးတွေအရမ်းသေးပြီး အရသာမရှိတဲ့ အသီးတွေကို သီးစေတာအတွက်ကြောင့် သီးကင်းတွေ ခြွေပေးဖို့လိုပါတယ်။ အပင်ကြီး ဖြစ်လာမယ့် အပင်ကိုလဲ နှစ်စဉ် အပင်ချိုင်ပေးဖို့လိုပါတယ်။ အပင်ကိုင်းရဲ့အောက်မှာ ထပ်ထွက်လာ တတ်တဲ့ ကိုင်းပွားတွေကိုလဲ ဖြတ်ချပေးပါ။ မြေကြီးနဲ့အပင်ရဲ့ အောက်ဆံကိုင်းဟာ ဆယ့်ရှစ်လက်မလောက် အနည်းဆုံး ကွာသင့်ပါတယ်။
Shwe Yee Linn
ညိမ်းထွန်း
1 year agoကျေးဇူးတင်ပါတယ်
ညိမ်းထွန်း
2 years agoပဲခူးတိုင်းအနောက်ဘက်ခြမ်းမှာစိုက်လိုရလားဗျာ
Ma Khaing Thazin Thinn
2 years agoပန်းသီး မျိုးများ
U Myo Myint Aung
2 years agoအပူပိုင်းမကွေးမှာစိုက်လို့ရလား
khunzawOo
3 years agoပျိုးပင်ရချင်ပါတယ်ခမျှ ဘယ်ကရနိုင်မလဲ လမ်းညွှန်ပြပေပါ
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Shwe-Yee-linn
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....