Green Way
ပြောင်း စိုက်ပျိုးခြင်း

ပြောင်း စိုက်ပျိုးခြင်း

Green Way
Green Way ACARE 24/09/2018

စိုက်ပျိုးချိန် - မိုးရာသီ မေလ (၁၅)ရက် ဇွန်လပထမပတ်အတွင်းစိုက်ပျိုးရန်။

မိုးနှောင်းကာလ - မျိုးစေ့ကို မိုးရာသီတွင် ၂.၅ လက်မအနက်၊ ဆောင်းရာသီတွင် ၂-၂.၅ လက်မအနက်စိုက်ပြီး မြေကြီးဖြင့်ဖုံးပါ။ တန်းကြား ၂.၅ ပေနှင့် ၉ လက်မစိုက်ပါ။

မြေပြုပြင်ခြင်း - ထယ် ၁ စပ်၊ ထွန် ၂-၃ စပ်၊ နောက်ဆုံးမြေညှိခြင်း၊ မြေမပြင်ခင် သဘာဝမြေဩဇာကို တစ်ဧက လှည်း ၅-၁၀ စီး

မြေဩဇာကျွေးခြင်း

- တစ်ဧကနှုန်းထား ယူရီးယား ၅၆ ပေါင်၊ တီစူပါ ၁၁၂ ပေါင်၊ ပိုတက် ၅၆ ပေါင်ကို စိုက်ချိန်တွင်ကျွေးပါ။

- စိုက်ပျိုးပြီး ၁၅ - ၂၀ ရက်အတွင်း တစ်ဧက ယူရီးယား ၅၆ ပေါင်    နှင့် ၃၅ - ၄၀ ရက်အတွင်း နောက်ထပ် ယူရီး ယား ၅၆ ပေါင်ကိုကျွေးပါ။

အပင်မှုန်းခြင်း

- စိုက်ပြီး ၁၀-၁၅ ရက်သား (အရွက် ၄-၆ရွက်) တွင် တစ်ကျင်းကို တစ်ပင်ချန်ပြီး အပင်မှုန်းရပါမည်။

ပေါင်းနှိမ်နင်းခြင်း

- လက်ပေါင်းလိုက်ခြင်း (သို့) လက်တွန်းပေါင်းလိုက် ကိရိယာဖြင့် ပေါင်းရှင်းခြင်း။

- အပင်မှုန်းပြီး ၁၀-၁၅ရက်သားတွင်တစ်ကြိမ်၊ ၃၅-၄၀ ရက်သားတွင်တစ်ကြိမ် ကြားပေါင်းလိုက်ခြင်း။

- ရိတ်သိမ်းသည့်တိုင်အောင် နှစ်လခြားတစ်ကြိမ် ပေါင်းရှင်းခြင်း။

- စိုက်ပြီး ၃-၅ ရက်တွင် Atrazine pre-emergence ပေါင်းသတ်ဆေးကို တစ်ဧက ၀.၁၀ ကီလိုဂရမ် (ထမင်းစားဇွန်း ၁၀ ဇွန်း)  နှုန်းဖြင့် ဖျန်းပြီးနောက် ၂၀ - ၂၅ ရက်သားတွင် တူးဖိုးဒီ ပေါင်းသတ်ဆေးကို တစ်ဧကလျှင် ၀.၄၀ ကီလိုဂရမ် (ထမင်းစားဇွန်း ၄၀ ဇွန်း) နှုန်းထားဖြင့် ဖျန်းပေးရမည်။ ၃၀-၃၅ ရက်သားတွင် လက်ပေါင်းတစ်ကြိမ် လိုက်ပေးရမည်။

- အတန်းလိုက်စိုက်ခင်းတွင်လည်း စိုက်ပြီး ၃-၅ ရက်တွင် Atrazine pre-emergence ပေါင်းသတ်ဆေးကို တစ်ဧက ၀.၂၅ ကီလိုဂရမ် (ထမင်းစားဇွန်း ၂၅ ဇွန်း) နှုန်းဖြင့် ဖျန်းပြီး ပဲပင်ဖြင့် ကြားညှပ်စိုက်ပျိုးပါက Atrazine ကိုမသုံးပဲ Pendimethalin pre-emergence ကို စိုက်ပျိုးပြီး ၃-၅ ရက်သားတွင်  တစ်ဧက ၀.၇၅ ကီလိုဂရမ် (ထမင်းစားဇွန်း ၇၅ ဇွန်း) နှုန်းဖြင့် ဖျန်းပေးရမည်။

ကျရောက်တတ်သောရောဂါများ

ပြောင်းရွက်ခြောက်ရောဂါ 

ကာကွယ်နှိမ်နင်းနည်း

- ပရိုကော်နယ်ဇော၊ ကာဗာဒါဇင် စသည့်မှိုသတ်ဆေးများကို အသုံးပြုပါ။

ရိုင်ဇိုတိုးနီးယားရွက်ခြောက်ရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

- ဘာဗင့်စတင်၊ ဘန်လိတ် စသည့်မှိုသတ်ဆေးများကို အသုံးပြုပါ။

- ပြောင်းပန်းခိုင်မထွက်ခင် အောက်ခြေရွက်များကို ခြွေပေးပါ။

- နွားချေးမြေဩဇာကျွေးပါ။

- ထရိုင်ခိုဒါးမားမှိုကို အသုံးပြု၍ နှိမ်နင်းပါ။

ပြောင်း မှိုသီး(စမတ်)ရောဂါ/ ပြောင်းပင်ပုရောဂါ

- သီးလှည့်စိုက်စနစ်ကို အသုံးပြုပါ။

- မြေအောက်နက်နက်ရောက်အောင် မျိုးစေ့ချခြင်းမှ ရှောင်ပါ။

ပြောင်းပင်တို၊ ပုကားရောဂါ

ကာကွယ်နှိမ်နင်းနည်းများ

- ပေါင်းရှင်းပါ။

- ပျပိုးနှိမ်နင်းနိုင်သည့် မာလာသီယွန်၊ အဆီဖိတ် စသည့် ပိုးသတ်ဆေးများ အသုံးပြုပါ။

* ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ သီးလှည့်စိုက်စနစ်ကို အသုံးပြုပါ။

စိုက်ပျိုးသောမျိုးများ

စီပီ ၈၈၈

အသက်ရက် - ၁၂၀ရက်

အထွက်နှုန်း  - ၄၅၀ - ၅၀၀ ကီလိုဂရမ် (၂၇၀-၃၀၀ ပိဿာ)

ထူးခြားချက် - ရေငတ်ဒဏ်ခံ၊ ရာသီမရွေးစိုက်နိုင်

စီပီ ၃၀၁

အသက်ရက် - ၁၁၀ ရက်

အထွက်နှုန်း  - ၄၈၀ ကီလိုဂရမ် (၂၉၀ ပိဿာ)

ထူးခြားချက် - ရေမဝပ်သော ဒေသတွင် စိုက်ပျိုးနိုင်၊ ရာသီမရွေးစိုက်နိုင်

သကြားပြောင်း (သို့) ပြောင်းချို

အသက်ရက် - ၇၀-၇၅ရက်

အထွက်နှုန်း - ၁၆၀၀ - ၁၈၀၀ ပင်

ထူးခြားချက် - အပင်သန်စွမ်း၊ အရသာကောင်း၊ ရောဂါဒဏ်ခံ

ပြောင်းစေး

အသက်ရက် - ၆၅-၇၀ရက်

ထူးခြားချက် - ပြည် - အောင်လံ၊ ပြလို့တို့တွင် အများဆုံးစိုက်

ရိတ်သိမ်းခြင်း

မောင်းညိုချိန် ပြောင်းဖူးခွံ အဝါရောင်ပြောင်းချိန်၊ ပြောင်းဖူးရိုးတံနှင့် အခွံကြားအစပ် အညိုရောင်ကွင်းလေးပေါ်ချိန်တွင် ရိတ်သိမ်းပေးရမည်။

ခြွေလှေ့ခြင်းနှင့် သိုလှောင်ခြင်း

နေရောင်အောက်တွင် ဖျာ၊ မိုးကာ (သို့) တလင်းပြင်တွင်ဖြန့်ကာ အစိုဓာတ် ၁၁ ရာခိုင်နှုန်းအောက်ရောက်အောင် အခြောက်လှန်းပေးရမည်။

Source - ACARE

 

Continue reading related topics, questions and articles.

Nay Lin

Nay Lin

1 year ago

ဘောင်တင်တာ ဘယ်နှစ်ရက်သားမှ တင်ရတာလည်းခင်ဗျ ။ ရေသွင်းစိုက်ရင်ရော ဘယ်နှုန်းလောက် သွင်း စိုက်ရလည်းခင်ဗျ

U Kyaw Htay

U Kyaw Htay

1 year ago

အဖုဖော်ပြတဲ့အထွက်နှုန်းက တစ်ဧကလား တစ်ထုပ်အထွက်နှုန်းလား

ဦးမြင့်ဌေး

ဦးမြင့်ဌေး

2 years ago

သကြားပြောင်း ဘယ်အချိန်စိုက်ပါသလဲ

Mg Win

Mg Win

2 years ago

တစ်ဧကမျိုးဘယ်လောက်ကုန် ၁၀ လပိုင်းစိုက်လို့ရသေးလား ခင်ဗျာတောင်ကုန်းစိုက်လို့ရပါသလား

စိုင်းဇော်ဟန်

စိုင်းဇော်ဟန်

3 years ago

တစ်ကျင်းကို တစ်ပင်ချန်ပြီး အပင်မှုန်းတယ်ဆိုတာ နားမလည်လို့ ရှင်းပြပါဦး

You

Related articles

ACARE

Content provider

ACARE

 ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ရည်ရွယ်ပြီး စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်နေပါသည်။ ဗီဇအရင်းအမြစ်များဖွံ့ဖြိုးမှု၊ ရိတ်သိမ်းချိန်လွန်နည်းပညာ၊ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်မြှင့်တင်ခြင်းဆိုင်ရာ အရေးပါသည့် နယ်ပယ် လေးခု ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဘွဲ့လွန်ပညာရေး အရည်အသွေးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှု အစီအစဉ်သည် တောင်သူများနှင့် တောင်သူကဏ္ဍနှင့် ပါဝင်ပတ်သက်နေသူများထံ အကျိုးရှိသည့် အသုံးချနည်းပညာရပ်များ ထိထိရောက်ရောက် ပြန်နှံ့သွားစေမည့် လုပ်ဆောင်များ အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ အကျိုးပြုနည်းပညာရပ်များနှင့် သတင်းအချက်အများကို ရပ်ရွာတွင်ထားရှိသည့် ကွန်ပျူတာဖန်သားပြင်နှင့် ဖုန်းအက်ပလီကေးရှင်းမှ တောင်သူများအလွယ်တကူ ရရှိစေမည် ဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွက်တိုးရေး၊ ထိရောက်သည့် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှု၊ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှုမှတစ်ဆင့် နည်းပညာဖြန့်ဖြူးရေး၊ ဘွဲ့လွန်ပညာရေးမှတစ်ဆင့် စွမ်းဆောင်ရေ မြှင့်တင်ရေး၊ တက္ကသိုလ်ပညာသင်ကြားရေး စသည်တိုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ဆောင်ချက်များမှ မြန်မာနိုင်ငံအတွက် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုမြှင့်ခြင်း၊ စိုက်ပျိုးရေးမှ ဝင်ငွေများ တိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများ တိုးပွားလာခြင်း နှင့် စွမ်းဆောင်ရည် ပြည့်ဝသည့် စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးရန် များစွာအထောက်အကူပြုလာမည် ဖြစ်ပါသည်။

Related questions

မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?

Green Way Agtech • 1 answers

မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing

Green Way • 1 answers

ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။

TunLin • 3 answers

မိုးနှမ်းစိုက်ချင်လို့ပါခင်​ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက  ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ

Paing Lay • 1 answers

မိုးနှမ်းစိုက်ချင်လို့ပါခင်​ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက  ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ

Paing Lay • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....