Green Way
စပါးစိုက်ရန် မြေပြုပြင်ခြင်းနည်းလမ်းများ

စပါးစိုက်ရန် မြေပြုပြင်ခြင်းနည်းလမ်းများ

Green Way
Green Way Greenovator 19/05/2020

    ကျွန်တော်တို့တောင်သူဦးကြီးများအနေဖြင့် စပါးစိုက်ပျိုးရာတွင် အခြေခံကျသော နည်းလမ်းတစ်ခုမှာ စိုက်ပျိုးမည့်မြေဆီလွှာကို ပြုပြင်ခြင်းနည်းလမ်းပင်ဖြစ်သည်။ စပါးစိုက်ပျိုးသည့်အခါ တိုက်ရိုက်အခြောက်ကြဲစနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ၊ တိုက်ရိုက်အစိုကြဲစနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးသည်ဖြစ်စေ၊ ပျိုးထောင်ရွှေ့ပြောင်းစိုက်ပျိုးသည်ဖြစ်စေ မြေညီမှသာ စပါးအထွက်ကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ကုန်ကျစရိတ်များပြားခြင်း၊ သီးနှံ ဈေးကွက်မတည်ငြိမ်ခြင်း၊ လုပ်သားရှားပါးခြင်း စသည့်အကြောင်းအရာများကြောင့် တစ်ဧက သီးနှံအထွက်တိုးရန်အတွက် မြေကို စနစ်တကျ ပြုပြင်ပြင်ဆင်ခြင်းသည် အရေးကြီးသောအချက်ဖြစ်သည်။ သို့မှသာ မကုန်သင့်သည့် ကုန်ကျစရိတ်များကို လျော့ချနိုင်ပြီး မိသားစုဝင်ငွေတိုးအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည် 

စပါးစိုက်မည့်မြေဆီလွှာကို ပြုပြင်ခြင်းနည်းလမ်းများတွင် လိုက်နာဆောင်ရွက်သင့်သည့် အချက်များမှာ.....

၁။ ရေမြေဒေသပေါ်မူတည်၍ မိုးကြိုထယ် (သို့) နွေထယ်ရေးခံခြင်းများ လုပ်ဆောင်သင့်သည်။

၂။ နွေထယ်ရေးခံခြင်းအားဖြင့် မြေဆီလွှာ၏ဖွဲ့စည်းမှုကို ကောင်းမွန်စေပြီး မြေအတွင်းအစိုဓါတ်၊ လေဝင်လေထွက်နှင့် အာဟာရဓါတ်ဆုံးရှုံးမှုကို ထိန်းထားပေးနိုင်သည်။

၃။ လယ်ကွက်အတွင်းရှိ ကောက်ရိုးနှင့် ရိုးပြတ်များကို ဖြစ်နိုင်လျှင် ရောဂါပိုးကျရောက်သည်မှလွဲ၍ မီးရှို့ခြင်းကို ရှောင်ရှားသင့်ပါသည်။              

၄။ နွေထယ်ရေးခံသည့်အခါတွင် မိမိလယ်မြေအနေအထား အချဉ်ငံပေါ်မူတည်၍ ထုံး (သို့) ကျောက်မှုန့်မြေဩဇာကို မြေခံအဖြစ် ထည့်ထားသင့်ပါသည်။ 

၅။ မိုးကြိုထယ်ရေး ခံထားပေးခြင်းအားဖြင့် သီးနှံပင်အကြွင်းအကျန်များကို မြေအတွင်းသို့ နစ်မြုပ်စေပြီး ဆွေးမြေ့စေသဖြင့် သီးနှံပင်များအတွက်လိုအပ်သော အာဟာရဓါတ်များ ရရှိစေသည်။

၆။ ပုံမှန်မိုးရေရချိန်တွင် ထွန်စက်ကြီး (သို့) ကိုယ်ပိုင်ထွန်စက်များဖြင့် ပထမထယ်ရေးခံပေးပြီး လယ်ကန်သင်းများကို ရေလုံအောင် ပေါက်ညှိပေးသင့်ပါသည်။

၇။ ထိုပထမထယ်ရေးခံသည့်အချိန်တွင် မြေခံအဖြစ် သဘာဝမြေဩဇာ မြေဆွေးနှင့် ဓါတုမြေဩဇာအဖြစ် ကွန်ပေါင်းတစ်အိတ် သို့ တီစူပါအိတ်ဝက်နှင့် ပိုတက်အိတ်ဝက်တို့ကို ထည့်သွင်းပေးသင့်သည်။

၈။ မိမိလယ်ထဲသို့ ဓါတုမြေဩဇာမထည့်သွင်းခင် မြေဆီလွှာကို ဓါတ်ခွဲစမ်းသပ်ခြင်းများပြုလုပ်ပေးသင့်သည်။

၉။ သို့မှသာ လိုအပ်သော ဓါတ်မြေဩဇာပမာဏ ချိန်ဆ၍ ထည့်သွင်းပေးခြင်းဖြင့် ကုန်ကျစရိတ်ကိုလည်း လျော့ချနိုင်မည်ဖြစ်ပါသည်။

၁၀။ ကျေးဇူးရှင် တောင်သူဦးကြီးများအနေဖြင့် မြေဆီလွှာကို ဓါတ်ခွဲရာတွင် အခက်ခဲရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ 

၁၁။ ဒုတိယထယ်ရေးမခံမီ မိမိစိုက်ပျိုးမည့်စပါး မျိုးညှောင့်ပေါက်နှုန်းပေါ်မူတည်ပီး ဆောင်ရွက်ပေးရပါမည်။

၁၂။ ဒုတိယထယ်ရေးခံသည့်အခါတွင် (Roller) ခုတ်စက်ဖြင့် ပထမအကြိမ် ဝင်ကြည့်ပါ။

၁၃။ ပထမအကြိမ် ခုတ်စက်ဖြင့် ဝင်ရုံမျှနှင့် မြက်ခေါင်းများ မကုန်စင်လျှင် နောက်တစ်ကြိမ် ထပ်ဝင်ပေးပါ။

၁၄။ လယ်ကွက်ထဲရှိ မြက်ခေါင်းများနှင့် မလိုအပ်သော အမှိုက်သရိုက်များ ကုန်စင်မှသာ ကြဲခင်းဖြင့် စိုက်လျှင်သော်၎င်း၊ စိုက်ခင်းဖြင့် စိုက်လျှင်သော်၎င်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်လျှင်သော်၎င်း ပေါင်းမြက်များကို နှိမ်နင်းရာတွင် သက်သာပေလိမ့်မည်။

ဉီးပြည့်ဖြိုးသူ (B.Agr.Sc)

ကမ်းရိုးတန်းဒေသ တောင်သူလယ်သမားဖွံ့ဖြိုးရေးအဖွဲ့ (ဘီးလင်းမြို့နယ်၊ မွန်ပြည်နယ်)

Continue reading related topics, questions and articles.

ဦးနန်းကြိုင်

ဦးနန်းကြိုင်

4 years ago

မွေသွဇာကွှွှေပုံကွေးနညျးလေးသိခွငျပါတယျ

kyaw thu

kyaw thu

5 years ago

မြေဆီလွှာကိုဘယ်မှာသွားဓာတ်ခွဲရမလည်း

You

Related articles

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?

Green Way Agtech • 1 answers

မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing

Green Way • 1 answers

ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။

TunLin • 3 answers

မိုးနှမ်းစိုက်ချင်လို့ပါခင်​ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက  ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ

Paing Lay • 1 answers

မိုးနှမ်းစိုက်ချင်လို့ပါခင်​ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက  ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ

Paing Lay • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....