နှမ်း စိုက်ပျိုးနည်း
ယခုမှ နှမ်းစတင် စိုက်ပျိုးမည့်သူဟာ နှမ်းစိုက်ပျိုးနည်းစနစ်အားလုံးကို ကောင်းစွာသိရှိထားဖို့ လိုပါသည်။ နေရာဒေသကို လိုက်ပြီး စိုက်ပျိုးမှုပုံစံတခုနှင့် တခုကွဲပြားပါသည်။ စတင်စိုက်ပျိုးသည့် အချိန်ဟာ အရေးကြီးဆုံး အချိန်ပါ။ တောင်သူဟာ ညံ့ဖျင်းနေတဲ့ နှမ်းပင်များမှ အထွက်နှုန်းကောင်းအောင် ပြန်စိုက်ပျိုးတာကလွဲလို့ တခြားဘာမှ လုပ်လို့မရနိုင်ပါ။ နှမ်းစိုက်ပျိုးခြင်းဟာ နှမ်းပင်ကို ပေါင်းပင်များထက် အလင်းရောင်၊ အစိုဓါတ်နှင့် အာဟာရများ ပိုမိုရရှိစေကာ သန်စွမ်းသော အပင်ဖြစ်ရန် ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။
အတွေ့အကြုံနှင့် ပညာအရည်အချင်းရှိပါက ပိုမိုအောင်မြင်မည်ဖြစ်သည်။ တောင်သူဟာ တစ်ကြိမ်မှာ စိုက်ပျိုးရေး သဘောတရားများ လက်ခံရရှိသွားပြီဆိုပါက သီးနှံများလည်း ဖြစ်ထွန်းအောင်မြင်မည်။ ယုံကြည်မှု များလည်းရရှိကာ နည်းပညာနောက် တကောက်ကောက်လိုက်ပြီး မိမိစိုက်ခင်း၏ အပူချိန်၊ အစိုဓါတ် စသည်တို့ကို ပိုမိုဂရုစိုက်မိမည် ဖြစ်သည်။
အပူချိန်လိုအပ်ချက်
နှမ်းစေ့အပင်ပေါက်ရန် မနက်ခင်းပိုင်း မြေဆီလွှာအပူချိန်ဟာ အနည်ဆုံး(မြေမျက်နှာပြင်အောက် ၁လက်မ အနက်တွင်) ၂၀ ဒီဂရီစင်တီဂရိတ် ရှိဖို့လိုအပ်ပါတယ်။ နှမ်းပင်သက်တမ်းတလျှောက် ညပိုင်းအပူချိန်ဟာ ၄ ဒီဂရီစင်တီ ဂရိတ်အောက် ကျနေမယ်ဆိုရင် အထွက်နှုန်းမကောင်းနိုင်ပါ။
မြေအခြေအနေ
နှမ်းဟာ အတော်အတန်စေးသောမြေနဲ့ ဖွယ်တဲ့မြေတွေ၊ ရေဆင်းကောင်းတဲ့မြေမှာ ကောင်းစွာဖြစ်ထွန်းသည်။ မြေစေးတွေမှာဆို ဘောင်အမြင့်နဲ့ ရေပါးပါးသွင်းဖို့လိုပြီး ရေဆင်းကောင်းအောင် ဆောင်ရွက်ရပါမယ်။ မြေချဉ်၊ငံဓါတ်ကတော့ ၅-၈ အထိဖြစ်ပါတယ်။ ဝါပင်လောက်တော့ မြေငံဒဏ်ကို မခံနိုင်ပါ။
ပေါင်းသတ်ဆေး အကြွင်းအကျန်
နှမ်းဟာ ရွက်ပြန့်ပင် အမျိုးအစားဖြစ်သောကြောင့် မြက်ပင်များနှင့်မတူပါ။ နှမ်းမစိုက်ခင် အရင်သီးနှံများတွင် သုံးသော ပေါင်းသတ်ဆေးများဟာ နှမ်းကို သက်ရောက်မှုမရှိပေ။ ဂလိုင်ဖိုဆိတ်နှင့် တူးဖိုးဒီများကိုနှမ်းမစိုက်ခင် ကြိုတင်အသုံးပြုကြသည်။ အာနိသင်ကြာရှည်ခံသည့် ပေါင်းသတ်ဆေးများ မသုံးသင့်ပါ။
သီးလှည့်စိုက်ပျိုးခြင်း
နှမ်းဟာ ပြောင်း၊ နှံစားပြောင်း၊ မြေပဲ၊ ပဲပုတ်၊ ဂျုံ၊ ကြက်သွန်နီ၊ လူး၊ ဝါ စသည့်သီးနှံများနှင့် အဆင်ပြေစွာ သီးလှည့် စိုက်ပျိုးနိုင်သည်။
မြေပြုပြင်ခြင်း
ဘယ်လိုနည်းစနစ်မျိုးနဲ့ စိုက်ပျိုး စိုက်ပျိုး နှမ်းစေ့များဟာ သေးငယ်သောကြောင့် စိုက်ခင်းသည် ထွန်ရေးထယ်ရေး ကောင်းမွန်ဖို့ အထူးလိုအပ်ပါသည်။
ပင်ကြားတန်းကြား
စက်အသုံးပြုသော စိုက်ခင်းများသည် တန်းကြား ၁၅ လက်မမှ လက်မ ၄၀ ထိထားလေ့ရှိသည်။ နှမ်းကို အစေ့ချသော စက်ကိရိယာများကို အမေရိကန်တွင် အထူးအသုံးပြုသည်။ တန်းကြားကျယ်လေ ပေါင်းလိုက်လို့ ကောင်းလေ ဖြစ်သည်။ တန်းကြားဟာ ၁၅ လက်မလောက် မကျယ်တော့ဘူးဆိုလျှင် ဘယ်နှမ်းမျိုးကိုပဲစိုက်စိုက် အထွက်နှုန်းကတော့ သိသိသာသာ တက်လာမှာ မဟုတ်ပါ။
ဘောင်နှင့်စိုက်ခြင်း
ရေသွင်းနှမ်းများတွင် အများဆုံး အသုံးပြုသည်။ စိုက်တန်းဘောင်လေးတွေဟာ မြေအစိုဓါတ်ကို ထိန်းပေး ထားသည်။ ဘောင်မှာ အစိုဓါတ်များနေရင်တော့ အပေါ်ပိုင်းက မြေအနည်းငယ်ကို ဖယ်ရှားပေးရန် လိုအပ်သည်။ တန်းကြားမြောင်းငယ်လေးများဟာ ပိုလျှံသော ရေနှင့်အစိုဓါတ်များ အငွေ့ပြန်ရန် အထောက်ကူပြုသည်။
မထွန်ဘဲတိုက်ရိုက်စိုက်ပျိုးခြင်း
အစေ့ချကိရိယာဖြင့်စိုက် စိုက်၊ တန်းဆွဲအစေ့ချစိုက် စိုက်၊ မထွန်ဘဲစိုက်ပျိုးခြင်းဟာ မြေဆီလွှာအောက်မှာ တိမ်တိမ်လေးမှာရှိတဲ့ နှမ်းစေ့အား လုံလောက်သည့် အစိုဓါတ်ကို ရရှိစေသည်။ အခြေခံအားဖြင့် အားသာချက်များစွာရှိပါသည်။ မြေပေါ်ရှိ အပင်အကျွင်းအကျန်များသည် မြေဆီလွှာအောက်တွင် ရှိသော အစိုဓါတ်ကို ကြာရှည်စွာထိန်းပေးသည်။ ထို့ကြောင့် ဧကများစွာကို မခြောက်သွေ့ခင် ကောင်းစွာ စိုက်ပျိုးနိုင်သည်။
ဤစနစ်သည် မြေဆီလွှာ ရေငွေ့ပြန်ခြင်း၊ နှမ်းပင်ငယ်များအား သဲမှုန်များရိုက်ခက်ခြင်း၊ လေကြောင့် မြေဆီလွှာ တိုက်စားတို့ကို ကာကွယ်ပေးသည်။မထွန်ဘဲစိုက်ပျိုးခြင်းသည် နှမ်းစေ့လေးတွေအတွက် ခိုင်မာသော စိုက်ဘောင်များကို ဖြစ်စေပြီး ဖွယ်သော မြေများတွင် အစေ့များကို ဟိုရောက်ဒီရောက်မဖြစ်စေပါ။ မထွန်ဘဲ စိုက်တဲ့အခါ အပေါ်ယံမြေသားကို အများကြီး မတူးဆွမိဖို့ အရေးကြီးသည်။ နှမ်းစေ့ အညှောင့်ပေါက်လွယ်ကူရန်နှင့် နှမ်းပင်ငယ် အလင်းရောင် အလွယ်တကူ ရရှိရန် အပေါ်ယံရှင်းပေးခြင်းသာ ဖြစ်ပါသည်။
ပုံမှန်ထွန်ယက်စိုက်ပျိုးခြင်း
နှမ်းဟာ အမြစ်ဆင်းအားကောင်းသည့် အပင်ဖြစ်သောကြောင့် အမြစ်ဇုံတွင် မြေမာလွှာရှိနေပါက အထွက်လျော့မည်။ ထယ်ရေးနက်နက်ပြုလုပ်ဖြင့် ၎င်းမြေမာလွှာကို ချေဖျက်နိုင်မည်။ စိုက်ခါနီးမှ ကပ်ပြီး ထယ်ရေး နက်နက်ပြုလုပ်ခြင်းဟာ မကောင်းပါ။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏မြေလွှာထဲတွင် အစိုဓါတ် လုံးလောက်စွာ မရှိနိုင်သောကြောင့်ဖြစ်သည်။ တစ်မိုးကောင်းကောင်းလောက် စောင့်ရမည်။နှမ်းစေ့များဟာ သေးငယ်သောကြောင့် မြေလွှာအပ်ကြောင်းများအတွင်းသို့ အလွယ်တကူ ရောက်ရှိသွား နိုင်သည်။ ထို့ကြောင့် မျိုးစေ့ချပြီးချိန်တွင် သင့်လျော်သော ကိရိယာဖြင့် သေချာစွာ ဖုံးဖိရန် လိုအပ်သည်။
ထို့နောက် မြေဆီလွှာကို ယခင်စိုက်ပျိုးထားသော အပင်အကျွင်းအကျန်များနှင့် ဖုံးအုပ်ထားရမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ပေါင်းပင်များကို နှိမ်နှင်းပြီး၊ အစိုဓါတ်ကိုလည်း ထိန်းပြီးဖြစ်ပါသည်။ ထို့နောက် မိုးရွာသွန်းခြင်း၊ ရေအငယ်သွင်းပေးခြင်းသည် နှမ်းခင်းကို အကျိုးများစေသည်။ မြေဆီလွှာတွင် အနက်မည်မျှထိ အစိုဓါတ်ရှိသည်ကို သိခြင်းသည် အခရာကြသည်။
စိုက်ပျိုးခြင်းအယူအဆ
မည်သည့်နည်းစနစ်ဖြင့် စိုက်စိုက် အဓိကရည်မှန်းချက်ကတော့ နှမ်းစေ့တွေကို အစိုဓါတ်ရှိတဲ့ မြေဆီလွှာတွင် ထားဖို့ပါ။ တိမ်တိမ်စိုက်ရင်တော့ အပင်ပေါက်စောပြီး၊ အညှောင့်မပေါက်မီ အစေ့ လည်းခြောက်သွား တက်သည်။ မြေဆီလွှာတွင် အစိုဓါတ်ဟာ တစ်မတ်(သို့)သုံးမတ်လောက် အကွာတွင်ရှိနေနိုင်သောကြောင့် နှမ်းစေ့များကို အနက် သုံးမတ်မှ တစ်လက်မခွဲအတွင်း ချသင့်သည်။ နှမ်းစေ့ဟာ ပဲပုတ်၊ ပဲတီစိမ်း၊ မြေပဲ ကဲ့သို့ အပေါ်မှ မြေထူထူနှင့် တအားဖုံးဖိရန် မလိုအပ်ပါ။ စိုက်ချိန်မှာ လုံလောက်တဲ့ အစိုဓါတ်ရှိဖို့ အရေးကြီးပါသည်။
အနောက်နိုင်ငံများတွင် နှမ်းကိုအစေ့ချစက်ကြီးများဖြင့် စိုက်ပျိုးကြပြီး စက်များမှာ အမျိုးအစား စုံလင်လှသည်။ မည်သည့် အခြေအနေမှာပဲဖြစ်ဖြစ် တစ်ပေတွင် အစေ့ ၂၅စေ့မှ ၃၅စေ့ချကြသည်။ ၎င်းအစေ့မှ အပင် ၁၁ပင်မှ ၁၉ ပင်ပေါက်သည်။ တကယ်ရိတ်သိမ်းလို့ရတဲ့ အပင်ကတော့ ၅ပင်မှ ၁၀ပင် ထိသာ ရှိပါတယ် မြေဆီလွှာအပူချိန်ဟာ ၂၆ ဒီဂရီ စင်တီဂရိတ်လောက်ရှိမယ်၊ ပေါင်းသတ်ဆေးကင်းမယ်၊ အစိုဓါတ်လည်း လုံလုံလောက်လောက် ရှိမယ်ဆိုရင် တစ်ပေမှာ ၂၀-၃၀ စေ့ချရင် လုံလောက်ပါတယ်။ မျိုးစေ့ကို ထရိုင်ကိုဒါးမားနှင့် လူးနယ်ပြီး စိုက်ပျိုးပါ။
ပေါင်းသတ်ဆေး
အဓိကအားဖြင့် မစိုက်မီနှင့် စိုက်ပြီးဆိုပြီး နည်းနှစ်နည်းဖြင့် အသုံးပြုကြသည်။ မစိုက်မီအတွက် ဂလိုက်ဖိုဆိတ်ဆိုသော အပင်အားလုံးသေစေသည့် ပေါင်းသတ်ဆေးကို အသုံးများပြီး စိုက်ပျိုးပြီးချိန်တွင် ကလယ်သိုဒင်ကို ပန်းပွင့်ချိန်မှလွဲ၍ အသုံးပြုသည်။ ကလယ်သိုဒင်သည် မြက်များကိုသာ သတ်သည်။ ပေါင်းသတ် ဆေးများကို စနစ်တကျ အသုံးမပြုပါက သီးတောင့်မတင်ခြင်း၊ တင်သော်လည်း အတောင့်သေး အစေ့နည်း ဖြစ်မည်။
ကြားပေါင်းလိုက်ခြင်း
ပေါင်းသတ်ဆေးမရှိလျှင် ကြားပေါင်းလိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အပင်ပေါက်ပြီး (၃-၄)ပတ်တွင် စလုပ်သင့်သည်။ မိုးများလို့၊ ရာသီဥတုအေးလို့ အပင်ဝါသော အခါများတွင် ကြားပေါင်းလိုက်ပါက အပင်များ ပြန်လည် စိမ်းစိုမည်ဖြစ်သည်။ ကြားပေါင်းလိုက်သောအခါ သီးတောင့်များနှင့် ပန်းပွင့်များကို မတိုက်မိစေရန် ဂရုစိုက်ရမည်။
မြေဆီဩဇာခန့်ခွဲမှု
အထွက်နှုန်းကောင်းဖို့ဆိုလျှင် အန်၊ပီ၊ကေ အာဟာရ (၃)မျိုးလုံး ပြည့်စုံစွာထည့်ထားတဲ့ မြေဖြစ်ဖို့လိုပါတယ်။ ပီနဲ့ကေဟာ ချဉ်တဲ့မြေတွေမှာ ပိုပြီးအရေးကြီးပါသည်။ ဓါတ်မြေဩဇာများကို (၂)ကြိမ် ခွဲကျွေးပါ။ မြေပြင်ချိန်နှင့် သီးပွင့်မှုအစပျိုးချိန်တွေမှာ ကျွေးပါ။ မြေခံမှာပဲ ကျွေးမယ်ဆိုလျှင် တာရှည်ခံမြေဩဇာ (slow releases fertilizer)ကိုသာ အသုံးပြုသင့်သည်။ အစေ့ချရာ စိုက်ကြောင်းတွင် ဓါတ်မြေဩဇာများ တခါတည်း ထည့်သွင်းစိုက်ပျိုးခြင်း မပြုရပါ။ နှမ်းစေ့များ အပင်မပေါက်ခြင်း၊ ပျက်ဆီးခြင်းဖြစ်တက်သည်။ နှမ်းစေ့တွင် ပရိုတင်း (၂၅) ရာခိုင်နှုန်းပါဝင်သောကြောင့် အလေးချိန်ပေါင် (၁၀ဝဝ) တစ်ထောင်ရှိသော နှမ်းစေ့များတွင် နိုင်ထရိုဓါတ် (၁၈) ပေါင်မှ (၂၁) ပေါင်ထိပါဝင်နေမည်။ ရိတ်သိမ်းပြီး နှမ်းပင် လေးချိန်(ပေါင်) တစ်ထောင်တွင် နိုင်ထရိုဓါတ် ပေါင် (၃၀) ပါဝင်နေမည်။ ၎င်းအပင် အကျွင်းအကျန်များကို မြေတွင် ပြန်မြှပ်သင့်သည်။
ရေအသုံးချမှု
(၁)မိုးစိုက်(၂)လုံးဝရေသွင်းစိုက်(၃) မိုးနဲ့ရေသွင်းဆိုပြီး အခြေအနေ (၃)မျိုးရှိသည်။ အကောင်းဆုံး ကတော့ နံပါတ်(၃)နည်းပါ။ အမေရိကန်ရှိ နှမ်းစိုက်ဧကများ၏ ၈၅ ရာခိုင်နှုန်းဟာ မိုးကို အားကိုးပြီး စိုက်ပျိုးကြသည်။ မြေကြီးမှာ အစိုဓါတ်ရှိဖို့က လွန်စွာအရေးကြီးပါသည်။ ခြောက်သွေ့သော ဒေသများတွင် အစိုဓါတ်များ ထိန်းသိမ်းရန် မြေပေါ်တွင် အပင်အကျွင်းအကျန် တစ်မျိုးမျိုးဖြင့် အုပ်ထားသင့်သည်။ နှမ်းဟာ ဝါ၊ပြောင်း၊နှံစားပြောင်း၊မြေပဲ၊ ပဲပုတ်တို့လောက်တော့ ရေမလိုအပ်ပါ။ ဒါကြောင့် အစိုဓါတ်အများကြီး မရှိရင်တော့ နှမ်းကိုသာစိုက်လိုက်ပါ။နှမ်းမစိုက်ပျိုးခင် စိုက်ခင်းကို ရေများများကြို သွင်းထားခြင်းက အကောင်းဆုံးစနစ်တခုပါ။ သွင်းသည့်အခါ ရေသွင်းမြောင်းအဆုံးတွင် ပိတ်ထားပြီး စိုက်ခင်းကိုရေများ စိမ့်ဝင်အောင် လုပ်ပါ။ မြေအခြေအနေပေါ် မူတည်၍ ထပ်မံဖြည့်သွင်းရမည့် ရေပမာဏနှင့် အကြိမ်ရေ ကွာခြားသွားမည်။
ဒုတိယအကြိမ်ရေသွင်းခြင်းကို စိုက်ပျိုးပြီး ၄-၅ပတ်ခန့်အကြာတွင် ဆောင်ရွက်ပါ။ ရေကို ပါးပါးနှင့် မြန်မြန်သွင်းပေးပါ။ ၁၀-၁၅ရက်စီခြားပြီး နောက်ထပ် တစ်ကြိမ်(သို့)နှစ်ကြိမ်ရေ သွင်းပါ။ ရေသွင်းရမည့် အချိန်များတွင် မိုးရွာပါက ရေသွင်းစရာ မလိုအပ်ပါ။ရေလို မလိုကို သိရန် အပင်ကိုကြည့်ပါ။ နေ့ခင်းကြောင်တောင်မှာ အရွက်တွေ ညှိုးနေတယ်ဆိုပြီး စိတ်ပျက်မသွားပါနဲ့ ။ နေ့လည် (၂)နာရီလောက်ထိ ညှိုးနေရင်တော့ အပင်ကမကြာခင် ရေလိုအပ်တော့မှာပါ။
ဒီအချိန်မှာ မြင့်တဲ့အပင်တွေရဲ့ အမြစ်ဟာရှည်ရှားသောကြောင့် မြေအောက်ထဲမှ အစိုဓါတ်များကို စုပ်ယူနိုင်ပါသည်။ နောက်ဆုံးပန်းပွင့်သည့် အဆင့်တွင် ရေသွင်းခြင်းကို ရပ်တန့်ရမည်။ အစိုဓါတ်များဟာ မြေဆီလွှာ အပေါ်ပိုင်းတွင်သာရှိပါက နှမ်းပင်၏အမြစ်များသည် အောက်သို့များများမဆင်းတော့ပါ။ အကယ်၍ အပေါ်ယံသာရှိသော အစိုဓါတ်လည်း ခန်းခြောက်သွားပါက အမြစ်များလည်း ရေမဝဖြစ်ကာ နှမ်းပင် သေသွားမည်။ စိုက်ခင်းများဟာ မစိုက်ခင် မိုးကောင်းကောင်း ရွာသော်လည်းကောင်း၊ ရေနိုင်နိုင် သွင်းထားလျှင်သော်လည်း စိုက်ပျိုးပြီး ရက်ပေါင်း (၃၀)လောက်တွင် နောက်ထပ် ရေဖြစ်ဖြစ်၊ မိုးဖြစ်ဖြစ်တစ်မျိုးတော့ လိုအပ်မည်။
ဒီထက်နောက်ကျသွားရင်ဖြင့် အထွက်နှုန်းမကောင်းနိုင်တော့ပါ။ နှမ်းခင်းကို ဘောင်နဲ့ရေသွင်းခြင်း၊ အပေါ်မှ ရေဖျန်းစက်ဖြင့် ရေသွင်းခြင်းဆိုပြီး (၂)မျိုးရှိရာ ဘောင်နဲ့ရေသွင်းခြင်းဟာ အကောင်းဆုံးပါ။
ရိတ်သိမ်းခြင်း
ရိတ်သိမ်းချိန်ကို သေချာစွာ သိရှိခြင်းသည် သီးနှံအထွက် ကောင်းစေသည်။ အကောင်းဆုံး နှမ်းသိမ်းရမည့် အချိန်သည် အစိုဓါတ် ရာခိုင်နှုန်း (၆) အောက်သို့ ရောက်လျှင် ရောက်ခြင်း ရိတ်သိမ်းခြင်းပါပဲ။ ဒါဟာ အရေးကြီးတဲ့ အချိန်ဖြစ်ပြီး ပေါ့ဆလို့မရပါ။ နှမ်းမှာ ဆီပါဝင်မှု ရာခိုင်နှုန်း ၅၀ ရှိပြီး အစိုဓါတ်ကတော့ ၆ ရာခိုင်နှုန်းရှိပါတယ်။ ဒီအစိုဓါတ်ဟာ ပြောင်းမှာရှိတဲ့ အစိုဓါတ် ၁၂ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ နှမ်းဟာ အစိုဓါတ် ၆ ရာခိုင်နှုန်းရောက်ဖို့က မခက်ခဲပါ။ နည်းနည်းစိတ်ရှည်ဖို့ လိုပါတယ်။ တကယ်လို့ ゞင်းအစိုဓါတ်ရောက်အောင် မစောင့်ဘဲ ရိတ်သိမ်းခဲ့ ရင်တော့ နှမ်းလည်းမကောင်းသလို၊ ဈေးကောင်းလည်း မရနိုင်ပါ။
နှမ်းသိမ်းပြီးနောက် စိုက်သောအခြားသီးနှံများရမည့် အကျိုးများ
၁။ ရေ - နှမ်းသည် အပင်များမခြောက်မီ ရက်ပေါင်း (၃၀) အလိုတွင် ရေလိုအပ်ချက်ကို အနည်းဆုံးသို့လျော့ချ သွားသောကြောင့် အခြားသီးနှံများအတွက် အစိုဓါတ်ကို ပိုမိုရရှိစေသည်။
၂။ ဝါမြစ်ပုပ်ရောဂါ - နှမ်းသိမ်းပြီးဝါစိုက်ပါက မြစ်ပုပ်ရောဂါကျရောက်မှု သက်သာမည်ဖြစ်သည်။
၃။ မြစ်ဖုနီမတုတ် - နှမ်းပင်သည် အမြစ်ဆင်းအားကောင်းသော အပင်ဖြစ်ပြီး အမြစ်များမှလည်း သဘာဝပိုးသတ်ဆေး ထုတ်လွှတ်ကာ ပဲပုပ်၊ မြေပဲနှင့်ဝါ မြစ်ဖုနီမတုတ်များကို နှိမ်နင်းသည်။
၄။ မြေဆီလွှာတည်ဆောက်မှု - နှမ်းပင်သည် မြေဆီလွှာတည်ဆောက်မှုတွင် အထူးကောင်းမွန်သော အပင်ဖြစ်သည်။ အမြစ်ဆင်းအား ကောင်းမွန်ကာ မာသောမြေများကို ကောင်းစွာ ထိုးခွဲနိုင်သည်။ မြေစာကောင်းမွန်စေသလို အစိုဓါတ်ထိန်းအားလည်း ကောင်းသောမြေများ ဖြစ်လာစေသည်။ တောင်သူဟာ ယာခင်းထဲတွင် လမ်းလျှောက်ကြည့်ခြင်းဖြင့် နောက်သီးအတွက် ထယ်ရေး၊ ထွန်ရေး ဘယ်လောက်ပဲ လိုမယ်ဆိုတာ သိသွားမည်ဖြစ်သည်။
Continue reading related topics, questions and articles.
Topic 1
နှမ်းစိုက်ပျိုးနည်း
Applicable farm inputs (Ad)
Than Min Htet
1 year agoဘယ်နမ်အမျိုအစာစိုက်သင်လည်ဗျ
ကိုသန်းလိူင်
2 years agoေကျးဇူးသိပြီး ကျေးဇူးတင်တယ်ဆရာ
Nan Aye Aye Aung
3 years agoမျိုးစေ့က ဘယ်မှာဝယ်လို့ရလဲရှင့်
Than Myo Hlaing
3 years agoပါဝင်ဆွေးနွေးမည်
Phyo Lay
3 years agohi
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ko khun
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....