အရည်အသွေးကောင်းမွန်တဲ့ ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ချက်များ
၁။ မျိုးကောင်းမျိုးသန့် ရွေးချယ်ပါ။
အရည်အသွေးကောင်းမွန်တဲ့ ကြက်သွန်ထွက်ဖို့ ပထမဆုံး မျိုးစေ့ကောင်းကို ရွေးချယ်ဖို့ အထူးလိုအပ်ပါတယ်။ ဆောင်းကြက်သွန်စိုက်ခင်းတွေမှာ မျိုးစေ့ကို ပျိုးထောင်စိုက်တာအပြင် စောစောပေါ်စေဖို့ ဇော်မွှား ခေါ် ဇကာကျ ခေါ် ကြွမ်းကြွင် ခေါ် ဥအသေးစားကိုလည်း ကြိုစိုက်ထားနိုင်ပါတယ်။
၂။ မြေအရည်အသွေး သတိပြုပါ။
- ကြက်သွန်စိုက်ရန် အသင့်တော်ဆုံးစံမှာ ၆.၂ မှ ၆.၈ အတွင်း ဖြစ်ပါတယ်။
- သို့သော် သစ်ဆွေးဓာတ် (မြေဆွေး) များတဲ့ မြေဆိုရင်တော့ စံ ၅ ဒသမရှိသည့်တိုင် မြေဆွေးက စံကိုထိန်းညှိပေးနိုင်တဲ့အတွက် စိုက်ပျိုးနိုင်ပါတယ်။
- မြေရဲ့စံဟာ ၅.၀ လောက်ရှိနေရင် ၆.၀ လောက်မြင့်လာစေရန် ထုံးတည့်ပြီးစိုက်ရန်လိုပါမယ်။ ထုံးထည့် ပေးခြင်းဖြင့် မြေပေါ်ပိုင်းရှိ ကြက်သွန်နီအရွက်များမှာ မသိသာပေမယ့် ဥအရွယ် ပိုမိုကြီးထွားလာစေကာ အထွက်တိုးလာစေပါတယ်။ (မြေရဲ့ အချဉ် - အငန်ဓာတ် (စံ) ဟာ ဥအရည်အသွေးနဲ့ အထွက်နှုန်းကောင်းဖို့ အရေးကြီးတဲ့ အချက်ပါ။)
၃။ မြေဩဇာကောင်းမွန်ရေးနဲ့ ပေါင်းကင်းစင်ရေး
ကြက်သွန်နီအမြစ်များဟာ မြေပေါ်ပိုင်းမှာသာရှိနေကြတဲ့ အမြစ်တိမ်တဲ့မျိုးဖြစ်လို့ မြေဩဇာထက်သန် ကောင်းမွန်ရန်လိုသလို ပေါင်းမြက်ကင်းစင်ရေးဟာလည်း အထူးအရေးကြီးပါတယ်။
စိုက်တန်း အပင်အကွာအဝေးမှာ ဒေသအလိုက် အနည်းငယ် ကွဲပြားပေမယ့် ဒေသအခေါ် တစ်ထွာသုံးပင် စိုက်ကြတာများလို့ အပင်ငယ်စဉ် လက်ပေါင်းလိုက်ပေးနိုင်ပါတယ်။ အပင်ကြီးထွဦးမှု အကောင်းဆုံးဖြစ်နေချိန် ပေါင်းကောင်းစွာနှိမ်နင်းရန် အထူးအရေးကြီးပါတယ်။
(သင့်တော်ရာ ပေါင်းသတ်ဆေးများကို တွဲဖက်သုံးသင့်သော်လည်း သတိထားကိုင်တွယ်ပက်ဖျန်းရန် အရေးကြီးပါတယ်။)
၄။ မြေဩဇာကျွေးခြင်း
ကြက်သွန်နီစိုက်ခင်းမှာ နိုက်ထရိုဂျင်မြေဩဇာကျွေးရင် ဥအထွက်ကောင်းကြောင်းတွေ့ရပေမယ့် များသွားရင် တော့ ဥအထားမခံသလို ဥရင့်ဖို့လည်းကြာတတ်ပါတယ်။
မြေဆွေးများများနဲ့ နိုက်ထရိုဂျင်မြေဩဇာများကို ပူးပေါင်းကျွေးပေးရင် အရွက်အရေအတွက် အပင်အမြင့်နဲ့ ဥအရွယ်ကြီးထွားကောင်းမွန်လာစေနိုင်ပါတယ်။
သဘာဝမြေဆွေးအမျိုးမျိုးရှိရာ ဥပမာ - နွားချေး၊ ဆိတ်ချေး၊ တမာကြိတ်ဖတ်၊ တီကျစ်စာ စသည်ကို ယှဉ်ကျွေးပါက တီကျစ်စာဟာ ဥအရွယ်အစားအကြီးဆုံးနဲ့ အလေးချိန်အများဆုံး ရစေနိုင်တာကို တွေ့ရတဲ့အတွက် ကြက်သွန်နီကို အော်ဂဲနစ်စနစ်နဲ့ စိုက်မယ်ဆိုရင် တီကျစ်စာကို အများဆုံး ထည့်သွင်းစိုက်သင့်ပါတယ်။ (ကြက်သွန်စိုက်ခင်းမှာ နိုက်ထရိုဂျင်အကျွေးများရင် ဖူးတံထွက်လာတာမျိုး မလိုလားအပ်တဲ့ လက္ခဏာတွေ ဖြစ်စေတတ်ပါတယ်။
၅။ ရေလောင်းခြင်း
ကြက်သွန်နီစိုက်ပျိုးရေးမှာ ဥအရည်အသွေးနဲ့ ဥအထွက်ကောင်းရေးအတွက် ရေဟာအထူးအရေးပါတဲ့ အချက်ဖြစ်ပါတယ်။ စိုက်စနစ်ပေါ်မူတည်ပြီး ရေပေးသွင်းမှု အမျိုးမျိုးကို သုံးနေကြပါတယ်။
အပင်ပိုင်းကြီးထွားနေစဉ် ရေမပြတ်ရေး အစာအာဟာရဓာတ် လုံလောက်စွာရရေးကို အထူးသတိထားရန် လိုအပ်သလို ပေါင်းကောင်းစွာနှိမ်နင်းထားနိုင်ဖို့ လိုပါမယ်။
စိုက်တဲ့မျိုးနဲ့ အပင်ရေဝင်ဆံ့မှု စိုက်စနစ်ကလည်း ဥအရွယ်အကြီးအသေးကို ဆုံးဖြတ်နိုင်သော်လည်း အပင်ပိုင်းကြီးထွားနေစဉ် အရွက်အရေအတွက်များများထွက်ပြီး အရွက်ပိုရှည်ရှည်ထွက်နိုင်ရင် အစာပိုချက်နိုင်မှာဖြစ်လို့ ဥဆင်းပြီးနောက် အစာများများစုနိုင်ကာ ဥအရွယ်ကြီးမားလာစေမှာဖြစ်ပါတယ်။ (ကြက်သွန်နီစိုက်ခင်းအတွက် ရေအရည်အသွေးကောင်းရန် လိုပါတယ်။ ရေငန်ကိုမသုံးသင့်ပါ။)
Source - Internews နှင့် စိုက်မွေးဆည်ဝန်ကြီးဌာန
ပန်ဖလက်ရယူရန် - http://bit.ly/2NQ33Ig
Continue reading related topics, questions and articles.
Topic 1
ကြက်သွန်နီစိုက်ပျိုးနည်း
Applicable farm inputs (Ad)
အောင်သန့်ဇင်
2 years agoရခုိင်မှာစိုက်လို့ရလား
ကျော်သီဟ
3 years agoပျိုးပင်ဘယ်နှစ်ရက်သားဆိုရင်စိုက်လို့ရလဲဗျ
tun hlaing win
3 years agoပေါင်းသတ်ဆေး ပြောပေးပါ
သန်းဌေးအောင်
5 years agook
Thiha
5 years ago၁ဧကနိုက်ထရိုဂျင်ဘယ်လောက်ပေးရင်ကောင်းလဲ့ဗျ
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Content provider
UNESCO-LIFT
ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from internews
See all
ဆပ်ပြာပေါက်မြေ မြေဆီလွှာ ပြုပြင်နည်း
30/07/2018
ဒီရေတောတွေဟာ ဘာကြောင့် လိုအပ်သလဲ?
18/07/2018
တောင်သူများ အတွက် ချေးငွေဆိုင်ရာ သိကောင်းစရာများနှင့် ချေးငွေပုံစံများ
18/07/2018
သင့်မွေးမြူရေးခြံက ကျွဲ၊ နွားတွေ ခွာနာ လျှာနာ ကင်းဝေးစေဖို့
17/07/2018
ကျေးလက်ဒေသအတွက် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လက်တွေ့အသုံးချဖွယ်ရာအချို့
17/07/2018
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....