ရွှေပဲသီး စိုက်ပျိုးနည်းအဆင့်ဆင့်
အဖြူရောင်ပန်းပွင့်ရှိသည့် ရွှေပဲသီးကို အင်္ဂလိပ်အမည် Garden pea ဟုခေါ်ဆို၍ သိပ္ပံအမည်မှာ Pisum sativum ဖြစ်သည်။
ခရမ်းရောင်အပွင့်ရှိသော ရွှေပဲသီးမှာမူ အင်္ဂလိပ်အမည် Field pea ဖြစ်ပြီး၊ သိပ္ပံအမည်မှာ Pisum arvense ဖြစ်သည်။
ပဲမျိုးရင်းဝင်အပင်တစ်မျိုးဖြစ်ပြီး တစ်နှစ်ခံသစ်ပျော့ပင် အမျိုးအစား ဖြစ်သည်။ မျိုးရိုးဗီဇ ကွဲပြားရာဒေသများမှာ မြေထဲပင်လယ်ဒေသ၊ အာရှအလယ်ပိုင်း၊ အရှေ့ပိုင်း နှင့် Abyssinia တို့ဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်း ရွှေပဲသီးအများဆုံး စိုက်ပျိုးထုတ်လုပ်သောနိုင်ငံဖြစ်ပြီး အိန္ဒိယမှာမူ ဒုတိယ စိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်သည်။ ရွှေပဲသီးတွင် အမျှင်ဓာတ်၊ ပရိုတင်းဓါတ်၊ ကာဘိုဟိုက်ဒရိတ်၊ ဗီတာမင်ဘီ၊ ဖောလိတ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နှင့် သံဓာတ်ကဲ့သို့သော သတ္တုဓာတ်များစွာပါဝင်သော်လည်း အဆီဓာတ်၊ ကိုလက်စထရော နှင့် ဆိုဒီယမ်ပမာဏ အနည်းငယ်သာပါဝင်ခြင်းကြောင့် ကျန်းမာရေးအတွက် သင့်လျော်သည့် သီးနှံတစ်မျိုးဖြစ်သည်။
မျိုးကွဲများ
သီးနှံသက်တမ်း၊ အပင်အမြင့်၊ ကိုင်းဖြာမှုပုံစံ၊ အတောင့်အရွယ်အစား၊ တစ်တောင့်ပါအစေ့နှင့် စားသုံးမှု အရည်အသွေးတို့အပေါ် မူတည်ပြီး ရွှေပဲသီးမျိုးကွဲများစွာရှိသည်။ အသက်ရက် (၆၅) ရက်၊ (၈၅ - ၉၀) ရက်နှင့် (၁၁၀) ရက်တို့တွင် ခူးဆွတ်နိုင်သော သက်တမ်းတိုမျိုး (Early type) ၊ သက်လတ်မျိုး (Mid-Season type) နှင့် သက်တမ်းရှည်မျိုး (Late main season type) ဟူ၍ မျိုးကွဲ (၃) မျိုးရှိသည်။
အပင်အနိမ့်အမြင့်ကိုလိုက်၍ အပင်ပုမျိုး၊ အပင်လတ်မျိုးနှင့် အပင်ရှည်မျိုးဟူ၍လည်း မျိုးကွဲ (၃) မျိုး ခွဲခြားနိုင်သည်။
ယေဘုယျအားဖြင့် အပင်ပုမျိုးသည် သက်တမ်းတိုပြီး အပင်လတ်မျိုးမှာ သက်လတ်ဖြစ်ကာ အပင်ရှည်မျိုးများမှာမူ သက်တမ်းရှည်ကြာလေ့ရှိသည်။
စိုက်ပျိုးဖြစ်ထွန်းရာ မြေအမျိုးအစား
မြေချဉ်ငံကိန်း pH (၆ - ၇.၅) အတွင်း စိုက်ပျိုးဖြစ်ထွန်းသည်။ ရွှေပဲသီးသည် ရေစီးဆင်းမှုကောင်းပြီး မြေစေးဆန်သည့် မြေအမျိုးအစားကို ကြိုက်နှစ်သက်ကာ pH မြင့်သော မြေ၌လည်း စိုက်ပျိုးနိုင်သည်။ မြေဆီလွှာ pH နိမ့်ပါက မစိုက်ပျိုးမီ (၃) လခန့် ကြိုတင်၍ ထုံးထည့်သွင်းရပါမည်။
ရာသီဥတု
အေးမြသောရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးပိုင်းဒေသများတွင် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းလေ့ ရှိသည်။ မျိုးစေ့အညှောက်ပေါက်ရန် အသင့်တော်ဆုံး အပူချိန်မှာ (၂၂) ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ အပူချိန်မြင့်မားပါက အပင်ပေါက်ငယ်များ ပျက်စီးစေနိုင်သည်။ အပင်ဖြစ်ထွန်းမှုအစောပိုင်းကာလတွင် နှင်းကျရောက်မှုကို ခံနိုင်ရည် ရှိသော်လည်း ပန်းပွင့်ချိန်နှင့်အသီးဖြစ်ထွန်းချိန်များတွင် ဆိုးရွားသောဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိချေ။ အပင်ကြီးထွားရန်အတွက် အသင့်တော်ဆုံးအပူချိန်မှာ (၁၀ - ၁၈.၃) ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ အပူချိန် (၃၀) ဒီဂရီစင်တီဂရိတ်အထက် မြင့်တက်ပါက ဝတ်မှုန်ကူးခြင်းကို ထိခိုက်စေရုံသာမက ရင့်မှည့်မှုစော၍ အသီးအရည်အသွေးကျဆင်းကာ အထွက်နှုန်းလျော့ကျစေနိုင်သည်။ အပင်သက်တမ်းတစ်လျှောက် မိုးရေချိန် (၄၀၀ - ၅၀၀) မီလီမီတာ ရှိရမည်ဖြစ်ပြီး လိုအပ်ပါက ရေပေးသွင်းနိုင်သည်။

မြေပြုပြင်ခြင်း
ထယ် (၁) စပ်၊ ထွန် (၁ - ၂) စပ်ခန့်ဖြင့် မြေပြုပြင်ခြင်း ဆောင်ရွက်ရပါမည်။ စိုက်ဘောင်ဖော်၍ တိုက်ရိုက်မျိုးစေ့ချ စနစ်ဖြင့်လည်း စိုက်ပျိုးလေ့ရှိသည်။
စိုက်ပျိုးခြင်း
သက်တမ်းတိုမျိုးများကို (၃၀ x ၅ - ၁၀) စင်တီမီတာ၊ သက်လတ်မျိုးများကို (၄၅ x ၁၀) စင်တီမီတာနှင့် သက်တမ်းရှည်မျိုးများကိုမူ (၁၅၀ x ၁၂၀) စင်တီမီတာ အကွာအဝေးဖြင့် စိုက်ပျိုးရပါမည်။ မျိုးစေ့အတိမ်အနက်မှာ (၂.၅ - ၅) စင်တီမီတာဖြစ်ပြီး အပင်ပေါက်နှုန်းကောင်းမွန်စေရန် ရေ (သို့မဟုတ်) 10 ppm (0.001%) ပြင်းအား ရှိသော GA3 (Gibberellic acid) တွင် တစ်ညစိမ်၍ စိုက်ပျိုးရမည်ဖြစ်သည်။
မြေဩဇာ အသုံးပြုခြင်း
တစ်ဧကလျှင် ကောင်းစွာဆွေးမြည့်သော သဘာဝမြေဩဇာ (၁၀) တန် (သို့မဟုတ်) တီစူပါ (၃၂) ကီလိုဂရမ်နှင့် ပိုတက်ရှ် (၂၈) ကီလိုဂရမ်တို့ကို နောက်ဆုံးအကြိမ်မြေပြင်ချိန်အတွင်း ထည့်သွင်းပါ။ နိုက်ထရိုဂျင်မြေဩဇာကို မျိုးစေ့မှအပင်ပေါက်ပြီး တစ်ပါတ်အကြာတွင်လည်းကောင်း၊ နောက်တစ်လအကြာတွင်လည်းကောင်း (၂၅) ကီလိုဂရမ်နှုန်းဖြင့် (၂) ကြိမ် ထည့်သွင်းပေးရပါမည်။ နိုက်ထရိုဂျင်မြေဩဇာကို ပင်စည်မှ (၇ - ၈) စင်တီမီတာ အကွာ၊ (၂.၅) စင်တီမီတာအနက်ရှိသော ကျင်းငယ်လေးများအတွင်း ထည့်သွင်းပြီး မြေဖုံးပေးခြင်းဖြင့် လေလွင့်ဆုံးရှုံးမှု နည်းပါးစေနိုင်သည်။
ရေသွင်းခြင်း
အခြားပဲမျိုးရင်းဝင်အပင်များကဲ့သို ရေဝပ်ခြင်း၊ ရေငတ်ခြင်းဒဏ်ကို ခံနိုင်ရည်မရှိပေ။ မျိုးစေ့ချစိုက်ပျိုးချိန်အတွင်း အစိုဓါတ်လွန်ကဲပါက မျိုးညှောက်ပေါက်မှု ထိခိုက်စေနိုင်ပြီး ပန်းပွင့်ချိန်၊ သီးတောင့်စတင်ဖြစ်ပေါ်ချိန်နှင့် အစေ့အဆံတည်ချိန်များအတွင်း အစိုဓါတ်လုံလောက်မှုရှိစေရန် အရေးကြီးသည်။ မြေအမျိုးအစားအလိုက် ရေပေးသွင်းခြင်း လုပ်ဆောင်ရမည်ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းဒေသများတွင် ရေပန်းစနစ်ဖြင့် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။
အပင်ပြုစု စောင့်ရှောက်ခြင်း
အပင်ကြီးထွားမှုအစောပိုင်းကာလတွင် လက်ပေါင်းလိုက်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး ယူရီးယားမြေဩဇာ ထည့်သွင်းကာ မြေတောင်မြှောက်ခြင်း လုပ်ဆောင်ရမည်။ အပင်အမြင့် (၁၅) စင်တီမီတာခန့်တွင် အရှည် (၇) ပေ ရှိသော ဝါး (သို့မဟုတ်) သစ်သားတိုင်များဖြင့် တိုင်ထောင်ပေးရပါမည်။
ခူးဆွတ်ခြင်း
ရွှေပဲသီးအရောင်သည် အစိမ်းရင့်ရောင်မှအစိမ်းဖျော့ရောင်သို့ ပြောင်းချိန်တွင် ခူးဆွတ်ရမည်ဖြစ်သည်။ ရာသီဥတုနှင့် အပူချိန်အပေါ်မူတည်ပြီး (၂ - ၃) ရက်ခြား တစ်ကြိမ် ခူးဆွတ်နိုင်သည်။
ပိုးမွှားရောဂါများ
ရွက်ထွင်းပိုး၊ ပျ၊ သီးလုံးဖောက်ပိုး နှင့် ပင်စည်ထိုးယင်များသည် အဓိကဖျက်ပိုးများဖြစ်ကြပြီး ဖားဥမှို၊ သံချေးမှို၊ အမြစ်ပုပ်၊ အသီးပုပ်နှင့် ပင်ညှိုးရောဂါများ ကျရောက်လေ့ရှိသည်။
မှော်ဘီသူ (စိုက်ပျိုးရေး)
OWSD-Myanmar
ကျမ်းကိုးအညွှန်း_
Kumari, T., & Deka, S. C. (2021). Potential health benefits of garden pea seeds and pods: A review. Legume science, 3(2), e82.
T Wafullah, N. (2021). Production Technology of Vegetables and Flowers.
OWSD-Myanmarမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
နည်းပညာမိတ်ဖက်အဖွဲ့
OWSD-Myanmar
OWSD-Myanmar သည် Organization for Women in Science for the Developing World (OWSD) ၏ အထောက်အပံ့ဖြင့် ၂၀၁၈ ခုနှစ်မှစတင်၍ လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းတစ်ခုအဖြစ် လည်ပတ်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် webinar များ၊ demonstration plot များတည်ထောင်ခြင်း၊ သင်တန်းများ၊ Farmer Field School များ၊ Field Day များ၊ coaching နှင့် mentoring session များမှတစ်ဆင့် နည်းပညာဆိုင်ရာအကြံဉာဏ်များကို မျှဝေပံ့ပိုးပေးခဲ့ပါသည်။ နိုင်ငံအတွင်းတွင်လည်း UNDP Myanmar၊ UNDP Indonesia၊ USAID၊ Catholic Relief Services (CRS)၊ Acted နှင့် အခြားအဖွဲ့အစည်းများမှ ထောက်ပံ့ငွေများဖြင့် climate-smart agriculture၊ climate-resilient farming methods၊ regenerative agriculture၊ agroecology practices နှင့် best management practices တို့ကို အဓိကထားသော လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အများအပြား ဆောင်ရွက်ခဲ့ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မလျှော်ဘဲနဲ့ဖြူတာရောမရှိဘူးလား။
Thein Soe Min • ဖြေကြားချက် 0 ခု
ခရမ်းချဉ်အညွန့်ဖျားတွေအဲလိုဖြစ်နေလို့ပါ နောက်တပုံကပိုးလည်းတွေ့နေလို့ပါ မနေ့ မက်ဇလယ်ဇိ မင်ဂိုဇက်ဖျန်းထားပါတယ် မိုးလည်းများပါတယ် ဆေးဖျန်းပြီး အချိန်တနာရီဘဲရလိုက်ပါတယ် မိုးရွာလိုက်လို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 0 ခု
စပါးပင်ကမထဘူးဖြစ်နေတာ ဘယ်လိုလုပ်ရမလဲခင်ဗျ ဘာဖြစ်လို့လဲမသိဘူး
Naing Lin • ဖြေကြားချက် 1 ခု
ဆူးပြောင်းပြန်(ခ)နိုင်ငံခြားဆူးကို အမြစ်ပြတ်အောင်ဘယ်လိုနှိမ်းနင်းလို့ရလဲဗျ။ နည်းလမ်းရှိရင် ဝေမျှကြပါဦး
ကိုကျော်ရဲထက် • ဖြေကြားချက် 0 ခု
လက်ဖက်အထွက်နှုန်းတိုးစေရန်စိုက်ပျိုးတဲ့နည်းလမ်းများပြည့်စုံစွာရှင်းပြပါ
Bora • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026
More from Wah Wah Lwin
အားလုံး