ကိုက်လန်စိုက်ပျိုးနည်း
ကိုက်လန် ဆိုတာကတော့ အမြည်းကောင်း အဲ့လေ စားတဲ့ သောက်တဲ့အချိန်မှာ ကြော်စားကြတဲ့ ဟင်းကောင်းတစ်ခွက်ပါပဲ။ သူ့မှာ ဗီတာမင်စီနဲ့ အန်တီအောက်စီဒင့်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါပါတယ်။ ပြီးတော့ စိုက်ပျိုးမြန်တဲ့ ကြီးမြန်တဲ့ အပင်လေးတွေဖြစ်ပါတယ်။ မနက်တိုင်း စားသင့်တယ်ဆိုတော့ ကိုယ်တိုင်စိုက်ထားမယ် စိုက်စားကြမယ်လေ..
စိုက်ပျိုးဖို့အတွက်
မြေအမျိုးအစား၊မျိုးနဲ့ ရာသီဉတု။ ။ မျိုး က (၂) မျိုးရှိပါတယ်။ ပန်းအဖြူရောင်ပွင့်တဲ့ မျိုးနဲ့ အဝါရောင်လေးတွေ ပွင့်တဲ့မျိုးဆိုပြီး ဖြစ်ပါတယ်။ အပင်အမြှင့်ကတော့ (၁၉)လက်မလောက်အထိ ရှည်နိုင်ပါတယ်။ စိုက်ရတာလွယ်ပါတယ်။ ဒါပေမဲ့ အေးတဲ့ ရာသီဥတုကို ပိုပြီးတော့ ကြိုက်နှစ်သက်ပါတယ်။
မြေသား။ ။ ရေကောင်းကောင်းထုတ်နိုင်တဲ့ အဆွေးဓာတ်ကြွယ်ဝတဲ့ မြေသားကို ကြိုက်နှစ်သက်ပါတယ်။ မြေကြီးက ချဉ်တတ်တယ်ဆိုရင်တော့ ထုံးထည့်ပြီး ပြင်ပေးထားပါ။ သူက ကွင်းပြင်လိုမျိုး လေလည်းရ နေလည်းရတဲ့ အနေအထားကို ပိုပြီးတော့ ကြိုက်ပါတယ်။
မျိုးစေ့ချတာ။ ။ (၁၈)လက်မစီကွာတဲ့ မြောင်းလေးတွေလုပ်ပြီးတော့ တစ်လက်မ အနက်မှာ မျိုးစေ့တွေကို (၈)လက်မကနေ (၁)ပေလောက်ခြားပြီး ချပေးရမှာပါ။ (၁၀)ရက်ကနေ (၁၅)ရက် နေရောင်ရပြီး ရေရတဲ့အခါ အပင်လေးတွေပေါက်လာပါပြီ။
အပင်မှုန်းခြင်း။ ။ အပင်လေးတွေ ၃ လက်မလောက် မြှင့်လာတဲ့အခါမှာ အပင်တွေကို (၈)လက်မခြားဖြစ်အောင် သေချာမှုန်းပေးပါ။ ပင်ကြားက (၈)လက်မနဲ့တန်းကြားက (၁၈)လက်မ ဖြစ်သွားမှာပါ။
မြေဖုံးခြင်းနှင့် ရေလောင်းခြင်း။ ။ ရေကို ပုံမှန်လောင်းပေးဖို့ လိုအပ်ပါတယ်။ ကောက်ရိုး မြက်ခြောက် စတာတွေနဲ့ မြေဖုံးပေးထားရပါမယ်။ အစိုဓာတ်ကို ပိုမိုထိန်းနိုင်အောင် ဖြစ်ပါတယ်။ ပူတဲ့ရာသီဥတုချိန်ဆိုရင် ရေများများလောင်းပေးဖို့ လိုအပ်ပါတယ်။ နဂိုကတည်းကမှ ကြီးမြန်တဲ့အပင်တွေဖြစ်တာကြောင့် ရေလိုအပ်မှုက များပါတယ်။
ရောဂါပိုးမွှား။ ။ ရွက်လိပ်အိမ်ပိုး၊ ရွက်စားပိုးတွေ ကျတတ်ပါတယ်။ ပျပိုး၊ ရွက်ဖျက်ပိုးတွေကျတတ်ပြီးတော့ နည်းနည်းပူနွေးစိုစွတ်တဲ့ ရာသီဉတုမှာ စိုက်ပျိုးတယ်ဆိုရင် ဖားဉမှိုရောဂါတွေဖြစ်တတ်ပါတယ်။
ရိတ်သိမ်းခြင်း။ ။ ရက် (၆၀) ကနေ (၇၀)လောက်ဆိုရင် ရိတ်သိမ်းလို့ရပါပြီ။ ရက်မမှတ်မိရင် ပထမဆုံး ပန်းပွင့်တဲ့အချိန်လေး ပြီးတဲ့အချိန်ကို ရိတ်သိမ်းရမှာပါ။
ထပ်မံရိတ်သိမ်းခြင်း။ ။ ဒုတိယအကြိမ်အတွက်ပါ ရိတ်ချင်တယ်ဆိုရင်တော့ အပေါ်ဖက် (၈)လက်မလောက်က အပိုင်းကိုပဲ သန့်ရှင်းတဲ့ဓားထက်ထက်နဲ့ ဖြတ်ပြီး ရိတ်ပေးတာမျိုး လုပ်လို့ရပါတယ်။
ခုပဲ ရှိတဲ့မြေလေးကို ပြင်ဆင်ပြီးတော့ ကိုယ်တိုင် စိုက်ပျိုးလိုက်ကြတာပေါ့။
ထွန်းဝင်းကျော်
https://www.gardeningknowhow.com/edible/vegetables/chinese-kale/growing-chinese-broccoli.htm
https://www.rhs.org.uk/advice/grow-your-own/vegetables/chinese-broccoli
Continue reading related topics, questions and articles.
Topic 1
မြေပြန့်ဒေသဆောင်းသီးနှံ
Topic 2
ကိုက်လန်စိုက်ပျိုးနည်း
PO PO Khaing
1 year agoပျိုးရက်ဘယ်လောက်ကြာပါသလဲ
Phyo Thandar Kyaw
3 years agoမျိူးစေ့ထိန်းသိမ်းတာလေးပြောပေးပါ
Anonymous
4 years agoခုချိန်စိုက်ရင်မိုးပိနိုင်လားဗျ
ဦးမောင်မောင်ကျော်
4 years agoပိုးမကျအောင် ဘယ်လိုကာကွယ်ဆေးများ သုံးစွဲရပါမလဲဗျ
Ko Zaw Htet
4 years agoဆောင်းတွင်းမှာ ပျိုးပြီးစိုက်တာ နေဒဏ်ကြောင့် သေတာ များနေလို့
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းဝင်းကျော်
See all
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
မောင်နီနဲ့ ရွှေသီးတဲ့ မြေကြီးအထိအတွေ့
03/06/2026
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
02/06/2026
ရွှံ့စေးမြေမှာစိုက်ပျိုးမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ
26/05/2026
ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ
22/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....