ပီလောပီနံ စိုက်ပျိုးနည်း
ယေဘုယျအားဖြင့်ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး ကဲ့သို့သော အဓိကထား စားသုံးသည့် အစားအစာတစ်ခုဖြစ်သည်။ ပြုတ်၍သော်လည်းကောင်း ကြော်၍သော်လည်းကောင်း အဓိကထားစားသုံးကြသော သီးနှံဖြစ်သည်။
စားသုံးမှုသည်အဓိကစားသုံးမှုအပြင် အခြားစားသုံးမှုဖြစ်သည့် အခြောက်ခံ၍ အမှုန့်ပြုလုပ်ပြီး ကြာရှည်သိုလှောင်ထားနိုင်ရန်နှင့် သွားရေစာများပြုလုပ်ရာတွင်လည်း ကျယ်ပြန့်စွာ အသုံးပြုကြသည်။ မျိုးစိတ်ပေါင်း လေးဆယ်နှင့်အထက်ရှိသော ပီလောပီနံသည်အများအားဖြင့် အဆိပ်အတောက်ကင်းစွာ စားသုံးနိုင်သော မျိုးစိတ်များသာဖြစ်သည်။
သင့်တင့်လျောက်ပတ်သော ပတ်ဝန်းကျင်အခြေအနေများ
မြေအမျိုးအစား ။ ။ ရေမဝပ်သော၊ ရွံ့မြေအမျိုးအစား မဟုတ်သောမြေများတွင်ကောင်းစွာဖြစ်ထွန်းနိုင်သည်။ ရေသွင်းရေထုတ်ကောင်းမွန်ရန်လိုအပ်ပြီး မစိုက်ပျိုးခင်မြေပြင်ရာတွင်ဂရုစိုက်ရန်လိုအပ်သည်။ မစိုက်ခင်လေးလအလိုတွင်မဖောက်ထုံး ပိဿာခြောက်ထောင်ကို တစ်ဧကတွင်ထည့်ခြင်းဖြင့် ပိုမိုအထွက်နှုန်းကောင်းမွန်အောင်မြေကို ပြုပြင်ထားနိုင်သည်။ ရေဝပ်၍ ရွံ့ဆန်သောမြေများတွင်မူ အချဉ်ဓာတ်များ၍ အက်စစ်ဓာတ်ပေါက်နေပြီး အလူမီနီယံ များပြား၍ အပင်ကြီးထွားမှု့နှောင့်နှေးစေပြီး အမြစ်ဥများဖြစ်ပေါ်မှု့ကို အဟန့်အတား ဖြစ်စေသည်။မြေချဉ်ငန်ဓာတ်မှာ ၅-၅.၅ ရှိရမည်။ မျိူးအပေါ်မူတည်၍လည်း ရေဝပ်ဒဏ်ခံနိုင်သောမျိုး၊ ရေနစ်ဒဏ်ခံနိုင်သောမျိုးဟူ၍ ရှိသေးသည်။
စိုက်ရာသီတစ်ရာသီလုံး မိုးကောင်းစွာရရန်လိုအပ်သည်။ အရိပ်ရခြင်းကို လုံးဝမနှစ်သက်ပါ။ နေရောင်ခြည်ကောင်းစွာရရန်လိုအပ်သည်။ အရိပ်အောက်တွင်စိုက်ပျိုးပါက အထွက်နှုန်းလျော့ကျသည်။ ၂၅ မှ ၃၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်သည်အကောင်းဆုံး အသင့်တော်ဆုံး အပူချိန်ဖြစ်သည်။
စိုက်နည်းစနစ်
မြေပြင်ရာတွင်ပေါင်းမြက်ကို ရှင်းလင်းပါ။ ထယ်ထိုးထွန်မွှေ တစ်ကြိမ်ပြီးပါက ထုံးထည့်ပါ။ ထပ်မံ၍ ထယ်ထိုးထွန်မွှေပါ။ စုစုပေါင်း ထယ်ထိုးထွန်မွှေ သုံးကြိမ်ပြုလုပ်ရမည်။ ပြီးလျှင်အရှည်လိုသလောက်ဘောင်များဆွဲပါ။ ဘောင်အမြင့် ၉ လက်မ နှင့် ၁၅ လက်မ ကြားတွင်ရှိရမည်။ တစ်ဘောင်နှင့်တစ်ဘောင်သုံးပေကွာရမည်။ တောင်ပေါ်တွင်စိုက်ပါက ကွန်တိုလိုင်းတစ်လျောက်ဘောင်ဖော်ပါ။
ရှစ်လမှ တစ်နှစ်သုံးလထိအောင် ကောင်းစွာကြီးထွားသော အပင်မှကိုင်းကို ပင်စည်အလည်လောက်တွင် အဆစ်ပေါင်း ကိုးဆစ်မှ ဆယ့်နှစ်ဆစ်ထိပါသော ကိုင်းအရှည် ဆယ့်တစ်လက်မ ကိုင်းလေးများ ဖြတ်ပါ။ ဖြတ်ရာတွင် အသုံးပြုသော ကတ်ကြေး၊ လွှတို့ကို အိမ်သုံးအရောင်ချွတ်ဆေး တစ်ရာရာခိုင်နှုန်း ဖျော်ထားသော ဆေးရည်ထဲသို့ တစ်ပင်မှ တစ်ကိုင်ဖြတ်ပြီးတိုင်း စိမ်၍ ဆေးပါ။ ဖြတ်ပြီးသား ကိုင်းများကိုမူ မှိုသတ်ဆေး၊ မြေအောင်းသတ်ဆေးများနှင့်စိမ်၍ ထားပါ။
စိုက်ပျိုးပုံ
စိုက်မြောင်းများတွင် ခပ်စောင်းစောင်းအနေအထားတွင်ထား၍ တစ်ကိုင်းနှင့်တစ်ကိုင်း နှစ်ပေခွာ၍ စိုက်ပျိုးပါ။ မြေပေါ်တွင် အတက်သုံးတက်မှလေးတက်ထိ ဖော်၍စိုက်ပါ။ မတ်လမှ ဧပရယ်လဆန်းထိနောက်ဆုံး ထား၍စိုက်ကြသည်။ မစိုက်မီ ပေါင်းသတ်ဆေး အသုံးပြုနိုင်ပါက စိုက်ပြီး တစ်လကြာလျှင် ပေါင်းနှိမ်ရာတွင် သက်သာမည်။ ပေါင်းသတ်ဆေး မသုံးပါက တစ်လတစ်ကြိမ် ပေါင်းနှိမ်ပေးရသည်။
မြေဆီ
စိုက်ပြီးတစ်လခွဲအကြာတွင် N:P:K နိုက်ထရိုဂျင် ဖော့စဖောရပ် ပိုတက်ဆီယမ် ၁၂း၂၄း၁၂ ကို တစ်ဧကလျှင် တစ်ရာ့ငါးပိဿာကို ထည့်ပေးပါ။ ပြီးလျှင် စိုက်ပြီး လေးလကြာတွင် N:P:K နိုက်ထရိုဂျင် ဖော့စဖော်ရပ် ပိုတက်ဆီယမ် ၁၆း၈း၂၄ ကိုပိဿာတစ်ရာကျွေးပါ။ လက်မှန်းနှင့်ဆိုလျှင် တစ်ပင်ကို လက်တစ်ဆုပ်သာလျှင်ကျွေးသည်။ မြေဆီထည့်ရာတွင် အပင်ခြေနှင့် လက်သုံးလုံးခွာပြီး လက်နှစ်ဆစ် အနက်တွင်းသေးသေးယက်၍ ထည့်ပါ။ ကျွေးပြီးသုံးလခွဲကြာလျှင် အပင်ပိုမိုတုတ်ခိုင်လာသည်ကို သိသိသာသာတွေ့ရပြီး ဥ စဥ ပြီဖြစ်သည်။
ပိုးမွှားနှင့်ရောဂါ
သရစ်နှင့်မွှားများက ရာသီဥတု ခြောက်သွေ့လျှင် ပိုမိုကျရောက်တတ်သဖြင့် ရာသီဥတုပေါ်မူတည်၍ သင့်တော်သော မွှားသတ်ဆေးများသုံးပါ။ ဆိုးရွားစွာ ကျရောက်လေ့မရှိသော်လည်း ကျရောက်ခဲ့ပါက အမြစ်ထိုးပိုးအတွက် ပင်လုံးပြန့် အာနိသင်ရှိသော ဓာတုဗေဒ ဆေးကို အသုံးပြုပါ။
လောင်မီးကျရောဂါအတွက်ပုံမှန်သုံးနေကျသော ဆေးများကို အသုံးပြုနိုင်သည်။ Chinch bugs များကျရောက်ခဲ့ပါက မီးထောင်ချောက်များ ချခြင်းကသာလျှင်ကောင်းစွာ နှိမ်နင်းနိုင်မည်ဖြစ်သည်။
ဥများဖော်ခြင်း
စိုက်ပြီး ရှစ်လမှ တစ်နှစ်ကြာတွင် ဥများကို တူးယူနိုင်သည်။ မတူးခင် နှစ်လအလိုတွင် အရွက်ရင့်များကို ဖြတ်တောက်ပေးပါက ပုံမှန်မဖြတ်ထားခြင်းထက် ဆယ်ရာခိုင်နူန်း အထွက်ပိုများသည်။ ဥမဖော်မှီ ပေါင်းမနှိမ်ရပါ။ စိုထိုင်းဆကောင်းစွာ ထိန်းသိမ်းသော ဂုန်နီအိတ် ဂုန်လျော်အိတ်များဖြင့် ထုပ်ပိုးသယ်ယူခြင်းသည် ပီလောပီနံ ဥများ၏ လတ်ဆတ်မှုကိုကောင်းစွာ ကြာရှည်ခံစေသည်။
သန့်ဇင်ဟန်
2 years agoဥတွေဖော်ပြီး အခွံနွာ အခြောက်လှန်း အမှုန့်ကြိတ်တဲ့ လုပ်ငန်းစဉ်အကြောင်းလေးလည်း သိလိုပါတယ်
သန့်ဇင်ဟန်
2 years agoခုနှစ် ပေါက်ဈေးလေး သိပါရစေ
Anonymous
2 years agoပီလောပီနံဥ တွေ တစ်ခင်းလုံးနီးပါး ပုပ်နေပါတယ် ဘယ်လိုလုပ်ရပါ့မလဲ အကြံပြုပေးပါဦး
ရန်ရှင်းအောင်း
3 years agoတောင်ယာမြေမှာဘယ်လိုစိုက်ရမှမသိဘူးသိရင်ပြောပြပေးပါလားခဗျာ
ရန်ရှင်းအောင်း
3 years agoစိုက်ချင်ပါတယ်
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Shwe-Yee-linn
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....