ဆူးပုပ်ပင် စိုက်ပျိုးနည်း
မြန်မာပြည်အနှံ့တွင် တွေ့ရပြီး ကြော်ချက်စားသုံးနိုင်သည်။ ဟင်းရည်အဖြစ်လည်း ဖန်တီး စားသုံးနိုင်သည်။ ဆူးပုပ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဟူ၍ နှစ်မျိုးခွဲခြားထားသည်။
အပင်အရွယ်အစား သေးငယ်သည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကလေးသည် မကွေး၊ ကျောက်ပန်းတောင်း ကဲ့သို့ မြေလတ်ဒေသများတွင် အစိုက်များသည်။ ထိုဒေသများတွင် ဆူးပုပ်ကြီးထက် ဆူးပုပ်ကလေးကို ပို၍ အသုံးများသည်။
ဆူးပုပ်ကြီးမျိုးသည် ဆူးပုပ်ကလေးမျိုးထက် အပင်အရွယ်အစားနှင့် အရွက်အရွယ်အစားပိုကြီးသည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကလေးထက်ပို၍ ပြင်းသည်။ ပဲကြီးဟင်းချိုချက်ရာတွင် ဆူးပုပ်ကြီးကို အများဆုံးထည့်ချက်သည်။ ဆူးပုပ်ကြီးမျိုး (၃) မျိုးရှိပါသည်။ ဆူးကျဲမျိုး၊ ဆူးလတ်မျိုး ဆူးစိပ်မျိုး ဟူ၍ ဖြစ်သည်။
၁။ ရေမြေရာသီဥတု
ဆူးပုပ်သည် မြန်မာပြည်အနှံအပြား တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတု မရွေးသော အပင်ဖြစ်သည်။ ဆူးပုပ်သည် ရေဝပ်သည့် စိမ့်စွဲမြေမျိုးကို မနှစ်သက်ပါ။ မြေစေး၊ စနယ်မြေစေးကိုလည်း မနှစ်သက်ပါ။ မြေအောက်ပိုင်းတွင် ဂဝံမြေ၊ သဲမြေ၊ ကျောက်စရစ် အနည်းခံသောမြေပေါ်တွင် အပေါ်မြေသားထူက ကောင်းပါသည်။ ရေနုတ်အားကောင်းသော မြေမျိုးဖြစ်ရပါမည်။
၂။ စိုက်ခင်း မြေပြုပြင်ခြင်း
စိုက်ခင်းပြုလုပ်မည့် မြေနေရာသည်မြေရိုင်း ဖြစ်ပါက မိုးမကျမီ သစ်ငုတ်တူးခြင်း၊ သစ်ငုတ်များပြောင်အောင် ကောက်ခြင်းများ ပြုလုပ်ရပါမည်။ မိုးကျပြီးလျှင် ထယ်တစ်လွှာဝင်ပြီး ထွန်မွှေ၍မြေကိုပြန်ညှိထားရမည်။ စိုက်မြောင်းများကိုပေ(၄၀) အရှည်မြောင်းများ ဆွဲလေ့ရှိသည်။ စိုက်မြောင်းများကို တောင်နှင့်မြောက် ဆွဲလေ့ရှိသည်။
၃။ စိုက်ပျိုးခြင်း
မြောင်းဆွဲဖော်ထားသော စိုက်မြောင်းများတွင် အနက် (၈) လက်မခန့်နှင့် အကျယ် (၄-၆) လက်မခန့် ကျင်းကလေးများ တူးရမည်။ ကျင်းတစ်ခုနှင့် တစ်ခုကို (၆) ပေစီ ခြား၍ တူးရမည်။ မြေထုပ်စီးပင် ဖြစ်ပါက ကျင်းထဲတွင် (၄) လက်မခန့် မြုပ်၍စိုက်ပျိုးရပါသည်။ စိုက်ရာတွင် အပင်ကိုထောင်မတ်အောင် စိုက်ပြီးမြေပြန်ဖုံးပေးရမည်။ အပင်ခြေရေမဝပ်စေရန် (၆) လက်မခန့် အမြင့်ထိမြေပုံ၍ ဖိသိပ်ပေးရမည်။
၄။ မြေသြဇာ ကျွေးခြင်း
စိုက်ပြီး ၁၁ ရက်ခန့်တွင် ပေ ၄၀ အရှည်မြောင်းတစ်မြောင်းကို နွားချေး (၁) တောင်းမှ (၅-၆) တောင်းအထိ ထည့်သည် နွားချေးမြေသြဇာထည့်ပြီး ရေဝအောင် လောင်းပေးရသည်။
နိုဝင်ဘာ၊ ဒီဇင်ဘာလခန့်တွင် အပင်များကို နွားချေးမြေသြဇာ ထပ်ကျွေးရသည်။ ပေ ၄၀ မြောင်း တစ်မြောင်းကို တင်းတောင်းဖြင့် နွားချေး ၆ တောင်းခန့် ကျွေးရသည်။ နွားချေးကျွေးတိုင်းဘောင်ခတ်ပြီး မြက်များကိုရှပ်၍ ဘောင်တွင် မြှုပ်ပေးရသည်။
၅။ အပင်ပြုစုခြင်း
မြေထုပ်စီးပင် စိုက်ပြီး (၆) လ အကြာတွင် အပင်မှ အတက်ကြီးများ ထွက်လာမည်။ ယင်းအတက်ကြီးများ တစ်ပေခန့်မြင့်လာလျှင် ဖြတ်ပေးရမည်။ ထိုအတက်များသည်အရွက်နုထွက်လာမည့် ကိုင်းတက်များဖြစ်သည်။ ထိုအတက်များမှ အညွှန့်သစ်များ လိုက်လာလျှင်အောက်ဆုံးအရွက် တစ်လက်ကို ချန်၍ခူးယူစားသုံးနိုင်သည်။ အောက်ဆုံးတစ်လက် ချန်၍ စိုက်ပျိုးရခြင်းမှာ အညွှန့်သစ် ထပ်မံ ထွက်ရှိစေရန် ဖြစ်သည်။ ကိုင်းများစွာ ချိုင်ခြင်းကို မနှစ်သက်ပါ။ ကိုင်းချိုင်များပါက သေသည်ထိ ဖြစ်တတ်သည်။ သို့ရာတွင် ကိုင်းခြောက်များ၊ နာနေသော အကိုင်းများကို ဖြတ်တောက် ဖယ်ရှားပေးသင့်သည်။
၆။ မျိုးပွားနည်း
မျိုးပွားခြင်းဖြင့် မြေထုပ်စီးခြင်းကို သြဂုတ်လ၊ စက်တင်ဘာလအတွင်းတွင်ပြုလုပ်ကြသည်။ နောက်တစ်လခန့်တွင် မြေထုပ်စီးကိုင်းကို ဖြတ်ပြီး စိုက်ခင်းတွင်စိုက်ကြသည်။ မြေထုပ်စီးရန် အသက်တစ်နှစ်သားခန့်ရှိပြီး လက်သန်းလုံးမှ လက်ညှိုးလုံးခန့် ရှိ၍ စိမ်းစိုနေသော အကိုင်းကို မြေထုပ်စီးရန်ရွေးရသည်။
၇။ ခူးဆွတ်ခြင်းနှင့်အထွက်
မြေထုပ်စီးပင် စိုက်ပြီး (၆) လ ခန့်ရှိလျှင် ကိုင်းမကြီးများမှ ထွက်လာသော အညွှန့်များကိုအောက်ဆုံး အခက်တစ်ခု ချန်ခူးရမည်။ အညွှန့်သစ် ထွက်နိုင်ရန်အတွက် အရွက်တစ်လက်ချန်ရန် အရေးကြီးပါသည်။ အညွှန့်ခူးခြင်းကို တစ်ရက်ခူး (၃) ရက် အနားပေးခြင်းဖြင့်ဆောင်ရွက်နိုင်သည်။
ဆူးပုပ်ပင်သည် အပင်သက် (၂၅) နှစ်ခန့်တွင် အပင်အိုပြီး အထွက်နည်းလာတတ်သဖြင့် အပင်သစ်များ လဲလှယ်စိုက်ပျိုးပါက ပိုမိုကောင်းမွန်ပါသည်။
စိုက်ပြီးအပင်စတင် ခူးချိန်တွင် တစ်ဧက တစ်ကြိမ်ခူးရာတွင် တစ်စီးလျှင် (၂-၃) ညွှန့်ပါ အစီးပေါင်း (၄၀၀-၅၀၀) ခန့် ရသည်။ ဖေဖော်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ကြိမ်ခူးရာတွင် (၁၀၀၀-၁၅၀၀) အထိ ထွက်သည်။ ဇူလိုင်လနှင့် သြဂုတ်လတွင် ပြန်နားပြီး စက်တင်ဘာလအတွင်း တစ်ဧက တစ်ကြိမ်ခူးရာတွင် အစီး (၁၀၀၀-၁၅၀၀) ထွက်သည်။
ဒုတိယနှစ်တွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစီး (၂၀၀၀-၃၀၀၀) အထိ ထွက်နိုင်သည်။ တတိယနှစ်မှ နောက်ပိုင်းတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်း (၅၀၀၀) ခန့်အထိ ထွက်နိုင်သည်။
ကိုးကား - ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း
Continue reading related topics, questions and articles.
Topic 1
ဆူးပုပ်စိုက်ပျိုးနည်း
ဖြိုး
5 years agoဖွဲပြာ ပုံပေးဖို့ လိုသလား ကြိုက်ပါသလား
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026