မတ်ပဲကို ဒီလိုစိုက်ပါ။
မြန်မာ့ စိုက်ပျိုးရေးတွင် မတ်ပဲမှာ အရေးကြီး သီးနှံ တစ်မျိုး ဖြစ်သည်။ ဤသီးနှံမှာ ယခု အချိန်တွင် ကျော်ကြားနေသော ခါတော်မှီ အပင်တချို့ကဲ့သို့ ပေါ်ပင် သီးနှံ မဟုတ်ပါ။ အာဟာရ တန်ဖိုး မြှင့်မားသော သီးနှံ ဖြစ်၍ နောက်နှစ်ပေါင်းများစွာ အလေးထား စားသုံးနေရမည့် သီးနှံ ဖြစ်သည်။ မြန်မာ့ မတ်ပဲ ၇၀ ရာခိုင်နှုန်းကို အိန္ဒိယက ဝယ်ယူနေသည်။ မကြာမှီ အမေရိကန်နှင့် အနောက် ဥရောပ ဈေးကွက်တွင်ပါ ထင်ရှား လာသည့် ပဲ ဖြစ်သည်။ မတ်ပဲသည် စိုက်ပျိုးရန် လွယ်ကူသည်။ ရာသီဥတုကြောင့် ပျက်စီးမှု နည်းသည်။ သို့သော် မတ်ပဲသည် အထွက်နည်းသည်။ မတ်ပဲမှာ မြန်မာပြည်နှင့် အိန္ဒိယပြည်တို့၏ မျိုးရင်းသာ ဖြစ်သည်။ မတ်ပဲများ ဈေးကောင်း ရလာသည့် အချိန်မှသာ အလေးထား စိုက်ပျိုးသူများ အနေနှင့် မတ်ပဲနှင့်ဆိုင်သော လေ့လာမှုများ အားနည်းလျက် ရှိသေးသည်။
ခေတ်သစ် လူ့သမိုင်း တိုးတက်မှု ဖြစ်စဉ်ကို လေ့လာသော် လူမှု့ရေး သိပ္ပံ ပညာရှင်များက ထို တိုးတက်မှုများကို အထောက်အကူ ဖြစ်စေမည့် ပစ္စည်းများကို အလေးထား တင်ပြကြသည်။ မိုင်းများ တူးဖော်ရာတွင် မရှိမဖြစ် လိုအပ်သော ပေါက်ကွဲအား ကောင်းသည့် ဒိုင်းနမိုက် ကမ္ဘာ့အရပ်ရပ်သို့ လွယ်ကူ လျင်မြန်စွာ ကုန်သည်မှု ပြုနိုင်စေသော ပင်လယ်ကူး မီးသင်္ဘောများ၊ အဝတ်အထည် ထုတ်လုပ်မှုနှုန်းကို မြန်စေသော စက်ရက်ကန်းများ၊ စာအုပ် စာပေများဖြင့် လူတို့အား အကျိုးပြု စေသည့် ပုံနှိပ်စက်များ၊ ဆန်စက်များတွင် အသုံးပြုခဲ့သော ဘွိုင်လာအိုးများကို အသုံးပြုသော စက်ရုံများမှ လူ့အများသိ ဖြစ်သည်။ သို့သော် အရိုးရှင်းဆုံး ပစ္စည်း တစ်မျိုးကိုကား လူအများ သတိမမူမိကြတော့ပေ။ ထိုပစ္စည်းကား မျက်မှန် ဖြစ်သည်။ မျက်မှန်ကို အသုံးပြုခြင်းဖြင့် စာဖတ်အား ကောင်းလာပြီး လူ့သမိုင်းကို တိုးတက်စေခဲ့သည်။
စိုက်ပျိုးသူအများသည် ဓန အရင်းအနှီး၊ ပစ္စည်း အရင်းအနှီးနှင့် လုပ်အားပေါ် အားထား ကြသည်။ နည်းပညာ အရေးကြီးသည်ဟု ဆိုသော်လည်း ထိုနည်းပညာကို အလေးထား သုံးသပ်လေ့ မရှိပါ။ မျက်မမြင် ပုဏ္ဏား(၆) ယောက် ဆင်ကို စမ်းသပ်ပြီး ကိုယ်စီ ကိုယ်စီ အဓိပ္ပါယ် ခေါ်ကြသကဲ့သို့ ဖြစ်သည်။ ဆင်ကို အမှန်တကယ် စမ်းသပ်မိပါသော်လည်း ဆင်ကို အဓိပ္ပါယ်မှန်အောင် ဖော်မပြနိုင်သည်မှာ ဆင်၏ အဂါၤ တစ်ခုစီကိုသာ ကိုင်တွယ် စမ်းသပ်မိခြင်းနှင့် မျက်မမြင်ခြင်းကြောင့်သာ ဖြစ်သည်။ ယနေ့ စိုက်ပျိုးရေး၏ အသွင် သဏ္ဍာန်နှင့် အနှစ်သာရကို ပုံဖော်နိုင်ရန်မှာ မျက်စေ့ အလင်း၊ မျက်စေ့ အမြင်ရှိရန်နှင့် ပညာ အမြင်ရှိရန် လိုအပ်ပါသည်။ ယနေ့ မြန်မာ စိုက်ပျိုးရေး နယ်ပယ်တွင် စိုက်ပျိုးရေး၌ သာမက နယ်ပယ်အများတွင် ပညာ အမြင် မလုံလောက်ခြင်းကြောင့် ရှေ့သို့ ချီတက်ရန် အဟန့်အတား ဖြစ်နေရသည်။ စိုက်ပျိုးသူ အများသည် စိုက်ပျိုးရေး သိပ္ပံကို ကျောင်းစာ အဖြစ် သင်ရသူ နည်းပါးသည်။ ဤသည်မှာ မြန်မာပြည်၌သာ ကြုံတွေ့နေရသော အဖြစ် မဟုတ်ပါ။ ကမ္ဘာအရပ်ရပ် စိုက်ပျိုးရေး လုပ်ငန်းတွင် အတိုင်းအတာ အကြီး အငယ် အရွယ်အစား မျိုးရိုးဖြင့် လုပ်ကိုင်နေကြသူများတွင်လည်း စိုက်ပျိုးရေး ပညာကို ကျောင်းစာ အဖြစ် သင်ကြားခံခဲ့ရသူ အလွန် နည်းပါးသည်။ စိုက်ပျိုးရေး သိပ္ပံကို ကျောင်းစာနှင့် မသင်ရပဲ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်းရန် ဖြစ်ဖြစ်၊ စီးပွားရေး အရ လုပ်ရန် ဖြစ်ဖြစ်၊ ဆုံစည်းလာသောအခါ စိုက်ပျိုးရေး သိပ္ပံကို မလွဲမသွေ လေ့လာရန် လိုအပ်ပါသည်။
စိုက်ပျိုးရေး လုပ်ငန်းတစ်ခုကို ဖော်ဆောင် လုပ်ကိုင်ရာတွင် မိုးလင်းမှ မိုးချုပ်ထိ အလုပ်လုပ်နေရုံ၊ ထွန်ယက်နေရုံနှင့် မပြီးပါ။ စိုက်ပျိုးရေး လုပ်ငန်းကို အမှန်တကယ် အောင်မြင်အောင် လုပ်ဆောင် လိုပါက စိုက်ပျိုးရေးတွင် မြေ၊ ကြွက်သားများနှင့် လုပ်အားကို အရင်းပြုရ သကဲ့သို့ ပညာတည်းဟူသော ဦးနှောက်အား၊ စိတ်ဓာတ်တည်းဟူသော နှလုံးသား လိုအပ်ပါသည်။ အချုပ်ဆိုရသော် စိုက်ပျိုးရေး လုပ်ငန်းတစ်ခုကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်မှာ ကြွက်သား၊ ဦးနှောက်၊ နှလုံးသား သုံးမျိုးလုံး ဟန်ချက် ညီညီ လုပ်ဆောင်ရန် လိုအပ်သည်။ အကယ်၍ စိုက်ပျိုးရေးကို အမှန်တကယ် ချစ်သော စိတ်ဓာတ် မရှိခြင်း၊ စိုက်ပျိုးရေး အတွက် လုံလောက်သော ပညာကို မဆည်းပူး မလေ့လာပဲ ကြွက်သားများဖြင့်သာ အလုပ် လုပ်နေပါက စိုက်ပျိုးရေးဖြင့် လူသား ဖြစ်ရခြင်း၏ အရသာကိုပင် ခံစားနိုင်မည် မဟုတ်ပါ။
မြေရှိသည်။ လူ ရှိသည်။ လုပ်အား ရှိသည်။ မြေသြဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုများ ဝယ်သုံးနိုင်ရုံနှင့် မတ်ပဲ စိုက်ပျိုးရေးကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ပါ။ မတ်ပဲ စိုက်ပျိုးသူများ အနေနှင့် လှေနှင့် ခရီးသွားရာတွင် ဟိုကွေ့ရောက်လျှင် ဟိုတက်နှင့်လှော် ဒီကွေ့ရောက်လျှင် ဒီတက်နှင့်လှော် ဟူသော ပုံစံမျိုးဖြင့် ခရီး မဆက်သင့်ပါ။ မြေသြဇာများ၊ ပိုးသတ်ဆေးများကို အခြေခံ ကျကျ မလေ့လာပဲ ဟိုဟာကောင်းသည်ဆို လောင်း၊ ဒီဟာကောင်းသည်ဆို ဖျန်းနှင့် သွားပါက လိုရာ ခရီး မရောက်နိုင်ပါ။
ယနေ့ စိုက်ပျိုးရေး လောကတွင် စိုက်ပျိုးသူအများက အခြေခံပညာထက် သွင်းအားစု အဖြစ် အသုံးပြုသော ပစ္စည်းများအပေါ် အားထား နေခြင်းများ နောင်အနာဂတ် စိုက်ပျိုးရေးအတွက် အလွန် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေ တစ်ရပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤကမ္ဘာ အရပ်ရပ် လူသားနှင့် သက်ဆိုင်သော ကိစ္စအားလုံးတွင် ရေရှည်ခံ(sustainable) ဟူသော အကြောင်းကို အလေးထား ပြောဆို နေရချိန်တွင် စိုက်ပျိုးရေး နယ်ပယ်၌လဲ မျက်မှောက် ကာလသာ မက နောင် သားစဉ် မြေးဆက် ရေရှည်ခံ လုပ်ကိုင်နိုင်မည့် စိုက်ပျိုးရေး ပုံစံကို ဖော်ဆောင် လုပ်ကိုင်ရန် အထူး လိုအပ်သည်။ တစ်ရာသီ အထွက် သီးနှံ ရရှိရေး၊ တစ်ပွဲထိုး ပုံစံဖြင့် ပြုလုပ်နေခြင်းမှာ မျက်မှောက် ကာလ၌ပင် ပြဿနာ ကြီးမားပြီး မည်သို့ ဖြေရှင်းရမည်ကို မသိတော့သော အခက်အခဲများကို ဖြစ်ပေါ်စေလျက်ရှိသည်။
မတ်ပဲ စိုက်ခင်းများတွင် ကြုံတွေ့လာရသော အခက်အခဲများအတွက် မြေသြဇာနှင့် အာဟာရ စားသုံးခြင်းဆိုင်ရာ အဖြေရှာရန် ခက်ခဲသကဲ့သို့ ပိုးမွှား ရောဂါ အချို့အတွက်လဲ အဖြေရှာမရ ဖြစ်ရသည်။ ထိုသို့ အဖြေရှာမရသော ပြဿနာများကို ဆေးမြီးတိုများဖြင့် ကုစားကြသည်။ ဆားပက်ခြင်း၊ ဗားပလက် ဖျန်းခြင်း၊ ဓာတ်ခဲ ဖောက်ထည့်ခြင်း၊ အချိုမှုန့် ကျွေးခြင်း စသည့် စိတ်ကူး ပေါက်ရာ အားလုံးကို လုပ်ကြတော့သည်။ ဤလုပ်ရပ်များမှာ ထိုဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းနိုင်ရန် အကြောင်းမရှိပါ။
စိုက်ပျိုးသူ အချို့က ပြောကြသေးသည်။ လွန်ခဲ့သော နှစ် ၅၀ ကျော် ကာလက စိုက်ခင်းများတွင် ယခုကဲ့သို့ ရောဂါ ပိုးမွှားများ မရှိဟု ပြောကြသည်။ ရှေးကာလနှင့် မတူပဲ သီးနှံများကို နွေ၊ မိုး၊ ဆောင်း ဆက်တိုက် စိုက်ပျိုးခြင်း၊ ဓာတ်မြေသြဇာ ကဲ့သို့သော ဓာတု ပစ္စည်းများ၏ သဘာဝကို မလေ့လာပဲ ဟန်ချက်မညီအောင် အသုံးပြုခြင်း၊ မြေဆီလွှာ အတွင်း အချို့သော အာဟာရ ဒြပ်စင်များ လျော့နည်းရာမှ ကုန်ခန်းခြင်း မရှိမဖြစ် လိုအပ်သော ဒြပ်စင်(၁၇) မျိုးအနက် နှစ်မျိုး သုံးမျိုးကိုသာ နှစ်ရှည် လများ အသုံးပြုနေခြင်း၊ အနည်းလို ဒြပ်စင် တစ်မျိုးမျိုး၊ မြေဆီလွှာမှ ချို့တဲ့ခြင်းကို ယူရီးယား ကဲ့သို့သော အဓိက မြေသြဇာများနှင့်ပင် အစား မထိုးနိုင်သည်ကို စိုက်ပျိုးသူများ သဘော မပေါက်ကြပေ။
မြေသြဇာ သုံးမျိုးဖြစ်သော ဓာတ်မြေသြဇာ၊ သဘာဝ မြေသြဇာနှင့် ဇီဝ မြေသြဇာ ဟူ၍ ရှိရာ စိုက်ပျိုးသူများ အနေနှင့် တတ်နိုင်လျှင် ထို သုံးမျိုးလုံးကို ဆီလျော်စွာ အသုံးပြုရန် လိုအပ်သည်။ သို့သော် စိုက်ပျိုးသူများ အနေနှင့် မိမိတို့ မြေသြဇာအတွက် လျာထားသော ငွေအားလုံးကို ဓာတ်မြေသြဇာများ ဝယ်ယူရာ၌ အသုံးပြုခြင်းမှာ အမှားကြီး တစ်ရပ် ဖြစ်သည်ကို မသိကြပေ။ ထို့ထက် ဆိုးသည်က ဓာတ်မြေသြဇာများထဲမှ ဓာတ်မြေသြဇာ တစ်မျိုး၊ နှစ်မျိုးကိုသာ စဉ်ဆက် မပြတ် ကာလကြာရှည်စွာ အသုံးပြုသော မိုက်မဲမှုကို သတိမပြု မိကြပါ။ ဟင်းချက်သူများ အနေနှင့် အသား၊ ဆား၊ ဆီ၊ ကြက်သွန်၊ နနွင်း၊ မာဆလာတို့ကို အချိုးမှန်စွာ အသုံးပြုရန် လိုအပ်သည်။ အနည်းငယ်သာ အသုံးပြုရသော ဆားကို ချန်လှပ်၍ မရပါ။ ဟင်းတစ်မျိုးတွင် ပါဝင်သင့်၊ ပါဝင်ထိုက်သော ပစ္စည်းများ လိုအပ်သော ပမာဏ အတိုင်း ပါဝင်ရန် လိုအပ်သည်။ ဆားများ၍ ငံလွန်းခြင်း၊ ငရုတ်သီး များလွန်း၍ အစပ်လွန်ကဲခြင်း မဖြစ်သင့်ပါ။
မြေဆီလွှာသည် သဘာဝ အားဖြင့် အလွန် သဘောကောင်းသောသူနှင့် တူသည်။ သူ့အပေါ် မှားယွင်းမှု၊ စော်ကားမှုများကို သည်းခံ ခွင့်လွှတ်တတ်သည်။ သဘောကောင်းသူများ ဒေါသ ထွက်လာလျှင် ကြောက်ဖို့ အလွန်ကောင်းသည်။ ကောင်းသောမြေများကို စိုက်ပျိုးသော သူများက စိုက်ပျိုးရေး လုပ်ငန်းများ ပြုလုပ်လျက်နှင့် ပြုပြင် ထိန်းသိမ်းရမည့်အစား မြေဆီလွှာ ယိုယွင်း ပျက်စီးမှုများကို မဆင်မခြင် ပြုလုပ်သောအခါ မြေဆီလွှာ ယိုယွင်း ပျက်စီးပြီး တုန့်ပြန်မှုကို ခံရတော့သည်။
ယနေ့ မတ်ပဲ စိုက်ခင်းများ၌ သာမက အခြား သီးနှံ စိုက်ခင်းများတွင် အမျိုးမျိုးသော ပြဿနာများ ပေါ်ပေါက်လာရခြင်းမှာ စိုက်ပျိုးသူတို့၏ ပယောဂကြောင့် ဖြစ်ရသော ပြဿနာများသာ ဖြစ်သည်။ ထိုပြဿာနာများ၏ အခြေခံ အကြောင်းရင်းကို လေ့လာပြီး သဘာဝ ကျကျ မှန်ကန်စွာ ရင်ဆိုင် ဖြေရှင်းရန် လိုအပ်သည်။ နာတာရှည်ကို ဆေးမြီးတိုနဲ့ ကုသ သကဲ့သို့ မြေသြဇာ တမျိုးမျိုး၊ ပိုးသတ်ဆေး တမျိုးမျိုးနှင့် ထိရင်ထိ မထိရင်လွဲ ဟူသော ပုံစံဖြင့် ဖြေရှင်းပါက ထိုပြဿနာများ ပြေလည်စရာ အကြောင်း မရှိပါ။
ယနေ့ မြန်မာ့ မတ်ပဲ စိုက်ခင်းများတွင် အကွက်လိုက် ပျက်စီးမှု့များနှင့် မကောင်းသော လက္ခဏာများပါသည့် ပြန့်နှံ့မှုများ၊ မြေသြဇာ မတိုး၊ ဆေးမတိုးသည့် ကိစ္စများမှာ၊ ဤကဲ့သို့ ပုံစံဖြင့် ဆက်သွားနေပါက ထိုပြဿာနာများ မပပျောက်ပဲ မဝေးသော အနာဂတ်၌ပင် ထိုထက် ဆိုးသော အဖြစ်များ ဖြစ်ပေါ်လာနိုင်ပါသည်။
စိုက်ပျိုးသူအများသည် မတ်ပဲတွင် အသုံးပြုရသော မြေသြဇာများနှင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေး များကို လေ့လာရာတွင် အချို့သော စိုက်ပျိုးသူများက အလွန် ကျဉ်းမြောင်းစွာ တွေးခေါ် လုပ်ကိုင်တတ်ကြသည်။ မတ်ပဲ ဟူသော ခေါင်းစဉ် မပါသော စာမျိုးကို မဖတ်လိုကြ။ ထို့သို့ မတ်ပဲနှင့်ဆိုင်သော အချက်အလက်စုံကို မရနိုင်သော အခြေအနေမျိုးတွင် သီးနှံ ပေါင်းစုံအတွက် ရေးသားသော မြေသြဇာနှင့် အာဟာရ စားသုံးသော စာအုပ် စာတန်းများကို ဖတ်ရှု လေ့လာသင့်သည်။ ထိုစာအုပ်များမှ မတ်ပဲအတွက် အသုံးဝင်သော အချက်အလက်များ ရရှိနိုင်သည်။ အလားတူပဲ အခြား သီးနှံ ပေါင်းစုံအတွက် ရေးထားသော ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်ဟော်မုန်းများကို လေ့လာ ဖတ်ရှုသင့်သည်။ မတ်ပဲ ခေါင်းစဉ် မပါပဲ မဖတ်သော အလေ့ကို ဖျောက်ဖျက် သင့်ပြီ ဖြစ်သည်။
မတ်ပဲသည် သီးနှံပင်များတွင် ယေဘုယျ အားဖြင့် စိုက်ပျိုးရန် လွယ်ကူသော၊ အကြမ်းခံသော သီးနှံလဲ ဖြစ်သည်။ သို့သော် အထွက်နှုန်း နည်းခြင်းက အားနည်းချက် တစ်ရပ် ဖြစ်သည်။ အကယ်၍ မတ်ပဲကို အထွက်နှုန်း တိုးအောင် စိုက်ပျိုးနိုင်ပါက စိုက်ပျိုးသူ များအတွက် စီးပွားရေး အရ အကျိုးများ နိုင်ပါသည်။ အကယ်၍ မြန်မာ့ မတ်ပဲများကို ပို၍ ချမ်းသာသော နိုင်ငံများ ဆီသို့ တင်ပို့နိုင်ပါက ပို၍ အကျိုးများ နိုင်မည် ဖြစ်သည်။ ချမ်းသာသော နိုင်ငံများက ဈေးနှုန်းကို ပိုပေးကြသော်လည်း အရည်အသွေး စံ သတ်မှတ်မှုတွင်“မြင့်” မြဲ ဖြစ်သည်။ အကယ်၍ မြန်မာ့ မတ်ပဲ စိုက်ပျိုးသူများအနေနှင့် အရည်အသွေး မြင့်သော မတ်ပဲများကို ပို၍ ကောင်းသော အထွက်နှုန်းများ ရအောင် စိုက်ပျိုးနိုင်ပါက မတ်ပဲစိုက် တောင်သူများ သာမက နိုင်ငံတော် အတွက်ပါ အကျိုးများနိုင်ပါသည်။ ဤ ရည်မှန်းချက် အောင်မြင်ရန် အောက်ဖော်ပြပါ အချက်များကို အလေးထား လုပ်ဆောင် ရမည် ဖြစ်သည်။
(၁) မျိုး
မတ်ပဲသည် မြန်မာ့မြေတွင် သဘာဝ အတိုင်း ဖြစ်ပေါ်လာသော သဘာဝမျိုး ဖြစ်သည်။ ထို့ကြောင့် မတ်ပဲသည် ဗီဇ မတူသော၊ ဗီဇကွဲမျိုးများ ရောထွေးနေသည်။ ဤအချက်မှာ မျိုးကောင်း ရွေးချယ် ဖော်ထုတ်ခြင်း၊ မျိုးစပ်ခြင်း လုပ်ငန်းအတွက် အခွင့်ကောင်း တစ်ရပ် ဖြစ်သော်လည်း ထိုသို့ မျိုးရောနေခြင်းမှာ စားသုံးသူများကို ရောင်းချရာတွင် အခက်အခဲ ဖြစ်စေသကဲ့သို့ စိုက်ပျိုးသူ အတွက်လည်း အခက်အခဲ တစ်ရပ် ဖြစ်သည်။ မတ်ပဲစေ့ လက်တဆုပ်ကို ရေထဲသို့ ထည့်ပြီး စိမ်လိုက်သောအခါ များမကြာမှီ အရောင်မတူသော အစေ့မျိုးများစွာကို တွေ့ရမည် ဖြစ်သည်။ စိုက်ပျိုးသောအခါ ကိုင်းဖြာပုံ၊ ကြီးထွားပုံ၊ ပန်းပွင့်ပုံများလည်း မတူ ကွဲပြားကြမည် ဖြစ်သည်။ အချို့သော မတ်ပဲများသည် ၃၅ ရက်ခန့်နှင့် ပန်းပွင့်သော်လည်း၊ အချို့မှာ ရက် ၅၀ ထိ မပွင့်ကြသေးပေ။ သီးတောင့် အရေအတွက်ရော အစေ့ အရွယ်ပါ မတူကြပေ။ အကယ်၍ ကောင်းသော လက္ခဏာရှိသော မျိုးတူ မတ်ပဲမျိုးကိုသာ သီးသန့် အစေ့စုသိမ်းပြီး မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သန့်စင်သွားပါက ပို၍ အရည်အသွေးကောင်းသော၊ မျိုးသန့်သော၊ မျိုးကောင်း မျိုးသန့်ကို ရရှိနိုင်ပါသည်။ ဤကဲ့သို့ မျိုးသန့်စင်ခြင်းကို သာမန် စိုက်ပျိုးသူတိုင်း လုပ်ဆောင်နိုင်သော လုပ်ရပ် ဖြစ်သည်။ အကယ်၍ မတ်ပဲ စိုက်ခင်းအတွင်း မျက်စေ့နှင့် မြင်သာသော ပြောင်းလဲနေသည့် လက္ခဏာ ရှိသည့် အထွန်းမျိုး (Mutant) များကိုလည်း စိုက်ပျိုးသူက ရွေးချယ်ထားနိုင်သည်။
(၂) မြေဆီလွှာကို ပြုပြင်ခြင်း
မြေဆီလွှာ သိပ္ပံသည် စိုက်ပျိုးသူတိုင်း လေ့လာသင့်သော သိပ္ပံ ပညာရပ် တစ်မျိုး ဖြစ်သည်။ စိုက်ပျိုးမြေ အတွက် မြေဆီလွှာများကို ပြုပြင်ရာတွင် ရုပ်ပိုင်း၊ ဓာတုပိုင်း၊ ဇီဝပိုင်း (၃)မျိုးလုံး အတွက် စဉ်းစားရသည်။ အတိုဆုံး ရှင်းပြရလျှင် မြေဆီလွှာကို အသက်ရှင်နေသော သက်ရှိတစ်မျိုးအဖြစ် ကိုင်တွယ် အသုံးပြုရန် ဖြစ်သည်။ မြေဆီလွှာ ဟူသည် သက်မဲ့ ပစ္စည်း ဖြစ်နိုင်သကဲ့သို့ သက်ရှိ ပစ္စည်း တစ်မျိုးလဲ ဖြစ်နိုင်သည်။ အကယ်၍ အော်ဂဲနစ် ပစ္စည်းများ မြေဆီလွှာ အတွင်းရှိနေပါက ထို မြေဆီလွှာအတွင်း မှို၊ ဘက်တီးရီးယား၊ ရေညှိ၊ အင်းဆက်များ၊ တီကောင်များ အသက်ရှင်နိုင်သောကြောင့် ၎င်းကို မြေအရှင်ဟု ခေါ်နိုင်သည်။ သြဂဲနစ် ပစ္စည်းများ မရှိပဲ သက်ရှိများ မရှင်သန်နိုင်သော မြေမှာ မြေသေ ဖြစ်သည်။ မြေသေလို နေရာမျိုးတွင် စိုက်ပျိုးရေးကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်မည် မဟုတ်ပါ။ သြဂဲနစ် ပစ္စည်းဆိုသည်မှာ သက်ရှိများ ဖြစ်သော အပင်နှင့် တိရိစ္ဆာန်တို့၏ ရုပ်ကြွင်းနှင့် အညစ်အကြေးများ ဖြစ်သည်။
(၃) မြေသြဇာ သုံးမျိုး
ဓာတ်မြေသြဇာ၊ သဘာဝ မြေသြဇာနှင့် ဇီဝ မြေသြဇာများကို စိုက်ပျိုးသူများ အနေနှင့် လေ့လာထားရန် လိုအပ်သည်။ မြေသြဇာ အုပ်စု တစ်မျိုးမျိုး သို့မဟုတ် မြေသြဇာ တစ်မျိုးတည်းဖြင့် ခရီးသွားမည် ဆိုပါက အကန့်အသတ်များနှင့် ရင်ဆိုင် ရမည်သာ ဖြစ်သည်။ မြေသြဇာ တစ်မျိုးသည် တခြား မြေသြဇာ တစ်မျိုးကို အစားမထိုးနိုင်သည်ကို သဘောပေါက်ရန် လိုအပ်သည်။ မြေသြဇာအတွက် ကုန်ကျ စရိတ် သက်သာပြီး သီးနှံပင်များအားလည်း အကောင်းဆုံး အာဟာရ ပံ့ပိုးမှု ပြုနိုင်ရန် လိုအပ်သည်။ ထို့ကြောင့် စိုက်ပျိုးသူ အနေနှင့် မိမိ အသုံးပြုနိုင်သာ မြေသြဇာ တန်ဖိုး၏ ထက်ဝက် ကျော်ကျော်ကို မိမိ လက်ဖြင့် ပြုလုပ်ရန် လိုအပ်မည်။ စိုက်ပျိုးသူ အနေနှင့် ဓာတ်မြေသြဇာများ မပြုလုပ်နိုင်သော်လည်း မိမိ အနီးဝန်းကျင်မှာ သဘာဝ သယံဇာတများဖြင့် သဘာဝ မြေသြဇာနှင့် ဇီဝ မြေသြဇာများကို ပြုလုပ် သုံးစွဲနိုင်သည်။
(၄) ရေ
မတ်ပဲသည် ယေဘူယျအားဖြင့် သာမန် အခြား သီးနှံများနှင့် နှိုင်းစာလျှင် ရေငတ်ဒဏ် ပိုခံနိုင်သည်။ အကယ်၍ ရေကို သက်တမ်း တလျှောက်လုံး လုံလောက်စွာ ရရှိပါက အထွက်နှုန်း ပိုနိုင်သည်။ စိုက်ခင်းတွင် ရေမရနိုင်သော ရေနည်း ဖိစီးမှု (drought stress) ခံစားရသော အခြေအနေမျိုးတွင် ရေကို အသုံးမပြုပဲ ထိုဖိစီးမှုဒဏ်ကို ကျော်လွှားနိုင်သော နည်းများကို ဖော်ထုတ် အသုံးပြုရန် လိုအပ်သည်။ ရေနည်းသော စိုက်ခင်းတွင် ရေသွယ်ပေးခြင်းမှာ နည်းကောင်း တစ်ခု ဖြစ်သော်လည်း ထိုသို့ မပြုလုပ်နိုင်သော အခြေအနေမျိုးတွင် ရေနည်းသည့် ဒဏ်ကို ခံနိုင်ရည် ရှိစေသော နည်းများ သိပ္ပံ လောကတွင် ရှိနေသည်ကို စိုက်ပျိုးသူအများ မသိကြခြင်းမှာ ဝမ်းနည်းဖွယ် ဖြစ်သည်။
မြန်မာ့ ပညာရေး လောကတွင် ဒါသင်၊ ဒါကျက်၊ ဒါဖြေ စနစ်ကြောင့် ပညာရေး နိမ့်ကျကြောင်း ပြောဆိုနေကြသည်။ အလားတူပင် စိုက်ပျိုးရေး လောက၌ ထိုအဖြစ်မျိုး ရှိနေဆဲ ဖြစ်သည်။ စိုက်ပျိုးရေး၏ အခြေခံ ပညာနှင့် အသုံးချ နည်းပညာကို တွဲစပ် ရမည် ဖြစ်ပြီး ထိုအကြောင်းနှစ်ရပ်မှာ အပင် တစ်ပင်၏ မြေထဲမှ အမြစ်နှင့် မြေပေါ်ပိုင်း အဂါင်္များ ဆက်သွယ်မှု ရှိသကဲ့သို့ ဆက်နွယ်ရန် လိုအပ်သည်။ အခြေခံ သဘောတရား မရှိသော နည်းပညာမျိုးမှာ အသံသာ မြည်သော ဗျောက်အိုးသာ ဖြစ်ပါလိမ့်မည်။ မတ်ပဲကို မြန်မာ့ ရေမြေ၌ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်ရန်မှာ ယနေ့ ကမ္ဘာ့ စိုက်ပျိုးရေး ဇာတ်ခုံ ပေါ်သို့ သိပ္ပံ အခြေခံနှင့် နည်းပညာများကို ရှာဖွေ အသုံးပြုရရန်သာ လိုအပ်သည်။ တစ်ပွဲထိုးနည်း၊ ဆေးမြီးတိုနည်းများကို စွန့်လွှတ်ချိန် တန်ပြီ ဖြစ်သည်။
ဦးဖရက်သိန်းဖေ
Continue reading related topics, questions and articles.
Topic 1
မတ်ပဲစိုက်ပျိုးနည်း
Applicable farm inputs (Ad)
ဒေါ်မာမာစန်း
1 year agoမတ်ပဲတွေဝါရင်ကောဘာဆေးဖျန်းရမလဲ
စောထက်ဝေဖြိုး
2 years agoဒါကတော့ ပဲတီစိမ်းစိုက်တောင်သူတွေ ရွက်ဝါထိုးတယ်ဆိုပြီး ပြောလေ့ရှိတဲ့ အဝါရောင်မိုစေ့ရောဂါ ဖြစ်ပါတယ်။ ဒီလိုအရွက်ဝါတွေ ဖြစ်လာတဲ့ အဓိကအကြောင်းရင်းကတော့ မိတ်ဆွေတို့ ပဲခင်းထဲမှာ စုပ်စားပိုးတွေရှိနေပြီးတော့ အဝါရောင်မိုစေ့ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်ပိုးကို တစ်ပင်မှ တစ်ပင် ဖြန့်နေလို့ပါ။ ဒီလိုမျိုး ရွက်ဝါတာတွေ မဖြစ်စေဖို့ဆိုရင် ပထမဆုံးအနေနဲ့- ကာကွယ်နည်း 🔎အဝါရောင်မိုစေ့ရောဂါဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ရေဆင်း (၁၁)၊ ရေဆင်း (၁၄) ပဲတီစိမ်းမျိုးကို ရွေးချယ်စိုက်ပျိုးပါ။ 🌽ပဲမျိုးရင်းဝင်မဟုတ်တဲ့အပင်များ (နှံစားပြောင်း၊ လူး၊ ဆတ်၊ ပြောင်း)နဲ့ သီးလှည့်စိုက်ပါ။ 🌿စိုက်ခင်းအနီးမှ ပေါင်းပင်၊ အလေ့ကျပေါက်ပင်နဲ့ အခြားလက်ခံပင်များကို ဖယ်ရှားဖျက်ဆီးပါ။ နှိမ်နည်းနည်း 🔎ရောဂါရဲ့ရှေ့ပြေးဖြစ်တဲ့ ယင်ဖြူတွေ စိုက်ခင်းတွေထဲမှာ ကျရောက်မှု ရှိ/မရှိကို စောလျှင်စွာသိရှိဖို့အတွက် စိုက်ခင်းကို အပင်ငယ်စဉ်မှစပြီး တစ်ပတ် (၂)ကြိမ်ခန့် စစ်ဆေးပါ။ (ဒါမှမဟုတ်) - ၄" x ၁၀" အရွယ်အစားရှိ ကော်စေးပါအဝါရောင်ကဒ်ပြား (အဝါရောင်စေးကပ်ထောင်ချောက်)တွေကို ၁ဧကမှာ အနည်းဆုံး (၄-၅) ခုခန့်စိုက်ထားပြီး ယင်ဖြူရှိမရှိ စစ်ပါ။ ယင်ဖြူများရှိပါက နံနက်စောစောမှာ စိုက်ခင်းလေတင်ဖက်မှနေပြီး ကောက်ရိုးခြောက်၊ မြက်ခြောက်တို့ကို အသုံးပြုပြီး မီးခိုးမှိုင်းတိုက်ပါ။ *ယင်ဖြူကျရောက်မှုများပြားပါက တမာဆီ (သို့) တမာပိုးသတ်ဆေး (<a href="https://tinyurl.com/4y79de2a)">https://tinyurl.com/4y79de2a)</a> ဖျန်းပါ။ - ရောဂါကျအပင်ကို နှုတ်ယူဖျက်ဆီးပါ။ - ရိတ်သိမ်းပြီးတဲ့အခါ ရောဂါကျခဲ့သောအခင်းမှ ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။ မကြာခင် ပဲတီစိမ်း/မတ်ပဲတွေ ပြန်စိုက်ကြတော့မှာဆိုတော့ အပတ်စဉ်နည်းပညာနဲ့ ရာသီဥတု ခန့်မှန်းချက်တွေပို့ပေးနေတဲ့ ပဲတီစိမ်း/မတ်ပဲ ဗိုင်ဘာအဖွဲ့ <a href="https://vb.me/yetagon_grams">https://vb.me/yetagon_grams</a> ထဲ ဝင်ရောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ မိတ်ဆွေတို့ သီးနှံချိန်နဲ့ အကိုက်ညီဆုံးဖြစ်တဲ့ စာတိုလေးတွေကို ဗိုင်ဘာမှာ ပို့ပေးဖို့အတွက် ခုဒီစာဖတ်နေတဲ့ တောင်သူတွေအနေနဲ့ ပဲတီစိမ်း/မတ်ပဲတွေ ဘယ်တော့လောက် ပြန်စိုက်ဖြစ်ကြမလဲ? စိုက်နေတဲ့တောင်သူတွေရော ရှိနေပြီလားဆိုတာလေးကို အပန်းမကြီးရင် ကောမန့်မှာ ရေးပေးသွားပါဦးခင်ဗျာ။ #ရေတံခွန်
Kyaw Thu Naing
4 years agoကျွန်တော်တို့ဆီမှာ အခု11လပိုင်းဆိုကျဲပီ
မင်းအောင်
5 years agoဆောင်းပိုင်းစိုက်လို့ရပမလား
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဖရက်သိန်းဖေ
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....