ကောက်ရိုးမှိုစိုက်ပျိုးနည်း
ကောက်ရိုးမှိုစိုက်ပျိုးနည်းမှာ နေရာဒေသနှင့် ရလွယ်သော ပစ္စည်းအမျိုးအစားပေါ်မူတည်၍ နည်းမျိုးစုံရှိပါသည်။ ယခင်က ကောက်ရိုးကို အသုံးပြု၍ စိုက်ပျိုးကြသော်လည်း ယခုအခါစျေးသက်သာစွာဖြင့် အချိန်မရွေးရရှိနိုင်သော ဂျပ်စက္ကူကို အသုံးပြု၍ စိုက်ပျိုးမှုများပြားလာသဖြင့် ၎င်းနည်းကိုသာ ဖော်ပြထားပါသည်။
- မှိုစိုက်မည့်ဘောင်သည် အလျား ၉ ပေနှင့် အကျယ် ၃ ပေခန့် ရှိသင့်ပါသည်။ ၎င်းအရွယ်အစားရှိ ဘောင်တစ်ဘောင်ပေါ်တွင် ကြက်ချေးမြေဆွေး ၁ တင်းခန့် ဖြူး၍အပေါ်မှ နွားချေးမြေဆွေး ၅ တင်းခန့် ဖုံးအုပ်ရပါသည်။
- ဂျပ်စက္ကူ ၆ ပိဿာအား နာရီဝက်ခန့် ရေစိမ်ပြီးနောက် လက်တစ်ဖဝါးခန့် အပိုင်းအစလေးများဖြစ်အောင် စုတ်ဖြဲထားရပါသည်။ မှိုစိုက်မည့် ဘောင်ပေါ်အနားပတ်လည်မှ ၄ လက်မခန့်ချန်၍ ယင်းရေစိုဂျပ်စက္ကူစလေးများကို ဘောင်အတွင်းပိုင်းအားလုံးပေါ်တွင် ညီညာစွာ ဖြန့်ကျဲထားရပါမည်။
- ကောက်ရိုးမှိုမျိုးထုပ် (၆) ထုပ်အား ကောင်းစွာချေမွ၍ ရေစိုဂျပ်စက္ကူစများပေါ်တွင် ဘောင်တစ်ခုလုံးအပြည့် ဖြန့်ချပေးရပါမည်။ မှိုမျိုးများအပေါ်မှ နွားချေးဆွေး (၃) တင်း ထပ်မံဖုံးအုပ်ပေးရပါမည်။
- မှိုစိုက်ဘောင်ပေါ်သို့ ရေ၁၀ ဂါလံခန့် ပက်ဖျန်းပေးပြီး၊ ပလတ်စတစ်စဖြင့် လုံအောင်ဖုံးအုပ်ရပါမည်။
- ၅-ရက်ခန့်ကြာသောအခါ မှိုစိုက်ဘောင်မျက်နှာပြင်ပေါ်သို့ မီးခိုးရောင်မှိုမျှင်များထွက်ပေါ်လာသည်ကို တွေ့ရမည်။ ထိုအချိန်တွင် ဖုံးအုပ်ထားသော ပလတ်စတစ်စကိုဖယ်၍ ရေပန်းကရားနှင့် ဖြေးညှင်းစွာ ရေဖျန်းပေးရပါမည်။ ပြီးလျှင် ပလတ်စတစ်စကို ပြန်လည် ဖုံးအုပ်ထားရပါမည်။
- မှိုစိုက်ပြီး ၆ ရက်မြောက်နေ့မှစ၍ ဖုံးအုပ်ထားသော ပလတ်စတစ်စအား နေ့စဥ် ၅ မိနစ်မှ ၁၅ မိနစ်ခန့်ကြာသည်အထိ ဖွင့်ထားပေးရပါမည်။
- ၈-ရက်ခန့်ကြာသောအခါ မှိုစိုက်ထားသည့်ဘောင်ပေါ်၌ ပင်အပ်ခေါင်းအရွယ် မှိုကလေးများ စတင်ဖြစ်ပေါ်လာပါသည်။
- နောက်ထပ် ၁-၂ ရက်ခန့်အကြာတွင် စာဥကလေးများအရွယ်သို့ ရောက်လာပြီး၊ ၂-၃ ရက်အကြာတွင် ကြက်ဥအရွယ်ခန့်ရှိသော မှိုလုံးကလးများ ဖြစ်လာပါသည်။
- မှိုပွင့်အဖြစ်သို့မရောက်မီ မှိုလုံး၊ မှိုဥများကို သေချာစွာဂရုတစိုက် ခူးရပါမည်။ လိုအပ်ပါက ဓားသေးသုံး၍ ခူးဖြတ်နိုင်ပါသည်။
- မှိုများအားလုံး ကုန်အောင်သိမ်းယူပြီးပါက မှိုဘောင်အား ရေဖြင့်နှံ့စပ်အောင်လောင်း၍ ပလတ်စတစ်စဖြင့် ပြန်လည်ဖုံးအုပ်ထားရမည်။ရေလောင်းပြီး၂-၃ ရက်မှ စတင်၍ ဒုတိယအကြိမ် ခူးဆွတ်နိုင်ပါသည်။
- ၎င်းအပုံတစ်ပုံမှ ပထမအကြိမ်ခူးလျှင် မှို ၁၀ မှ ၁၅ ပိဿာခန့် ရရှိနိုင်ပါသည်။ ဒုတိယအကြိမ်ခူးလျှင် ၅ ပိဿာခန့် ထပ်မံရရှိနိုင်ပါသည်။

ကောက်ရိုးမှိုမျိုးထုတ်လုပ်ခြင်း
ကောက်ရိုးမှိုမျိုးကိုထုတ်လုပ်ရာ၌ စနစ်ကျမှုနှင့်သန့်စင်မှုသည် များစွာအရေးကြီးပါသည်။ ကောက်ရိုးမှိုပွင့်၏ ပါးဟက်မှ တစ်ရှုးသားကို သန့်စင်စွာရယူပြီး အာလူးကျောက်ကျောအဟာရပြင်တု (Potato sucrose agar) ပေါ်တွင် မွေးမြူရပါသည်။
တစ်ပတ်ခန့်အကြာတွင် ၎င်းအဟာရပြင်တုပေါ်တွင် ပေါက်ရောက်လာသော မှိုမျှင်အားပိုးသန့်ထားသော နှံစားပြောင်း သို့မဟုတ် စပါးခွံ ပွားစာပေါ်သို့ ပြောင်းရွှေ့ပွားများရပါသည်။
နှစ်ပတ်ခန့်ကြာသောအခါ မှိုမျှင်များပွားများလျက်ရှိသည့် ၎င်းပွားစာအား ပိုးသန့်ထားသော ကောက်ရိုးပွားစာပေါ်တွင် ထပ်မံပွားများရပါသည်။ နှစ်ပတ်မှ လေးပတ်ခန့်ကြာသောအခါတွင် ကောက်ရိုးပွားစာတွင် မှိုမျှင်များ ကောင်းမွန်စွာ ပွားများလာကာ စိုက်ပျိုးရန် အဆင်သင့် ဖြစ်လာပါသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ကောက်ရိုးမှိုစိုက်ပျိုးနည်း
Nan moe
1 year agoစင်စိုက်နည်းလေးကူညီပေးပါရှင့်
သူရအောင်
1 year agoကောက်ရိုးသီးသန်စိုက်လိုရလားဗျ
ဆီဟံသာ
2 years agoဆိုက်ချင်ပါတယ် မှိုမျိုးဘယ်မှာဝယ်ရမှန်းမသိဘူး ဝယ်လို့ရမဲ့နေရာ ညှန်ပြလို့ရမလား
ဦးစည်သူ
2 years agoမိုးတွင်းစိုက်လို့ရလား
ဦးစည်သူ
2 years agoဓာတ်ပုံနဲ့ ရှင်ပြရင်ကောင်းမယ်
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026